"အမှားကြာ ၍ အမှန် မဖြစ်စေသင့်"
ဥစ္စသယန မဟာသယန
ဓမ္မရုံမှ ဥပုသ်သီတင်းဆောက်တည်ပြီးအပြန်တွင် မိမိ ချိတ်ထားသော ထီးပျောက်သဖြင့်အဘိုးအိုတစ်ယောက်
သည် ဤ သို့ညည်းတွားသည် ဟူ၏။
"လူတွေဟာ ဥပုသ်စောင့်ပြီး ဥစ္စသယန မဟာသယန သိက္ခာပုဒ်ကိုတောင် မထိန်းနိုင်ကြတော့ဘူး"ဥစ္စာသယန သိက္ခာပုဒ်ကိုအဓိပ္ပါယ်မသိသဖြင့်ပစ္စည်းဥစ္စာဖြစ်သော၊ထီးဖိနပ်တို့ဖြင့် မှားယွင်းကာ"ဂါမေအသိ"ဖြင့်ပြောခဲ့ခြင်း
သာဖြစ်လေသည်။

စာပေအရှိ အမှန်မှာကား-ဥစ္စာသယန=မြင့်သောနေရာ(အခြေတစ်ထောင့်ထွာထက်ရှည်သောအိပ်ယာခုတင်၊
ကုလားထိုင်ကြီးများ)-မဟာသယန=မြတ်သောနေရာ(စည်းစိမ်ခံစားတတ်သူတို့နေအိမ် ၌ရှိတတ်သည့် လက်
လေးသစ်မကအမွေးရှည်သောကောဇော၊သားမွှေါ်အခင်း၊ခြင်္သေ့သစ်ကျားအရုပ်များဖြင့်ခမ်းနားဆန်းကြယ်သောသားမွေးအခင်း၊ရွှေခြည်၊ငွေခြည်တို့ဖြင့်ချုပ်လုပ်အပ်သောပိုးအခင်း၊လဲမွေ့ရာ၊ဂွမ်းမွေ့ရာများ)စသည်တို့ကိုသုံး
ဆောင်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပေသည်။
ဝိစိကိစ္ဆာ နဲ့ ကုက္ကုစ္စကုလားထိုင်ကြီးများ)-မဟာသယန=မြတ်သောနေရာ(စည်းစိမ်ခံစားတတ်သူတို့နေအိမ် ၌ရှိတတ်သည့် လက်
လေးသစ်မကအမွေးရှည်သောကောဇော၊သားမွှေါ်အခင်း၊ခြင်္သေ့သစ်ကျားအရုပ်များဖြင့်ခမ်းနားဆန်းကြယ်သောသားမွေးအခင်း၊ရွှေခြည်၊ငွေခြည်တို့ဖြင့်ချုပ်လုပ်အပ်သောပိုးအခင်း၊လဲမွေ့ရာ၊ဂွမ်းမွေ့ရာများ)စသည်တို့ကိုသုံး
ဆောင်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပေသည်။
ထိုနည်းတူစွာ "၀ိစိကိစ္ဆာ"ကို အလုပ်များခြင်းအားရည်ညွှန်းသည်အထင်နှင့်"ဒီနေ့ တစ်နေ့လုံးဝိစိကိစ္ဆာတွေနဲ့
မအားရအောင် ရှုပ်နေတယ်"ဟူ၍လည်းကောင်း။"ကုက္ကုစ္စ"ကို တကုတ်ကုတ်နေသည် ဟု အမြင်ဖြင့် ထင်ရာ
လျှောက်ပြောနေခြင်းတို့သည်လည်းကောင်း၊"ဂါမေအသိ"တို့မှ ပေါက်ဖွားလာသော စကားတို့သာဖြစ်၏။
မအားရအောင် ရှုပ်နေတယ်"ဟူ၍လည်းကောင်း။"ကုက္ကုစ္စ"ကို တကုတ်ကုတ်နေသည် ဟု အမြင်ဖြင့် ထင်ရာ
လျှောက်ပြောနေခြင်းတို့သည်လည်းကောင်း၊"ဂါမေအသိ"တို့မှ ပေါက်ဖွားလာသော စကားတို့သာဖြစ်၏။
စာပေအရှိ အမှန်မှာကား-"၀ိစိကိစ္ဆာ"ဟူသည် ဘုရားအစရှိသော ကောင်းမှုကုသိုလ်တရားတို့ အပေါ်၌ယုံမှားသံ
သယရှိခြင်းကိုဆိုလို၍ "ကုက္ကုစ္စ" မှာကား မပြုခဲ့ရသည့် ကုသိုလ်တရား၊ပြုခဲ့မိသည့် အကုသိုလ်တရားတို့အပေါ်
နောင်တ တစ်ဖန် ပူပန်ခြင်းသာဖြစ်ပေသည်။
ပိဋကတ်(၃)ပုံထဲပါရုံနဲ့လဲမယုံနဲ့ဦးတဲ့သယရှိခြင်းကိုဆိုလို၍ "ကုက္ကုစ္စ" မှာကား မပြုခဲ့ရသည့် ကုသိုလ်တရား၊ပြုခဲ့မိသည့် အကုသိုလ်တရားတို့အပေါ်
နောင်တ တစ်ဖန် ပူပန်ခြင်းသာဖြစ်ပေသည်။
ဓမ္မသာကစ္ဆာသဘင်တစ်ခုတွင်ဆွေးနွေးဟောပြောသည့်ပုဂ္ဂိုလ်က-"ဘုရားရှင်ကကာလာမသုတ်မှာပြောခဲ့တယ်။
ငါ့ရဲ့ပိဋကတ်(၃)ပုံထဲပါရုံနဲ့လဲမယုံနဲ့ဦးတဲ့။ကဲ-ဘယ်လောက်ရှင်းလဲ။ပိဋကတ်တော်ကိုပဲအားကိုးချင်သူတွေ သတိ
ထားကြ" ဟု ဆို၏။
ငါ့ရဲ့ပိဋကတ်(၃)ပုံထဲပါရုံနဲ့လဲမယုံနဲ့ဦးတဲ့။ကဲ-ဘယ်လောက်ရှင်းလဲ။ပိဋကတ်တော်ကိုပဲအားကိုးချင်သူတွေ သတိ
ထားကြ" ဟု ဆို၏။
ကာလာမသုတ်တော် လာ "မာ ပိဋကသမ္ပဒါနေန ဂဏှိတ္ထ" စကားကို အသိမှားယွင်းကာ ဓမ္မန္တရာယ်ဖြစ်အောင်
"ဂါမေအသိ"ဖြင့် ပြောဆိုခြင်းဖြစ်ပေသည်။
"ဂါမေအသိ"ဖြင့် ပြောဆိုခြင်းဖြစ်ပေသည်။
စာပေရှိအမှန်မှာကား-"ပိဋကတ်သမ္ပဒါနေန=မိမိတို့ သင်ကြားလေ့ကျက် နာယူမှတ်သားအပ်ကုန်သော စာပေ၊
ပိဋကများနှင့် ကိုက်ညီကာမျှဖြင့်။ မာ ဂဏှိတ္ထ=မှန်ပြီဟူ၍ မထင်မှတ်ကြလင့် " ဟု "ဗုဒ္ဓ"မိန့်ဆိုခဲ့ခြင်းဖြစ်ပေ
သည်။ထို ပါဠိ ကိုနားလည်အောင်ဖွင့်ပြခြင်းကို အဋ္ဌကထာကဆောင်ရွက်သည်။အဋ္ဌကထာကိုတွန်းအားဖြည့်ပေး
နေသည်မှာ ဋီကာ ဖြစ်၏။

ဤအချက်သည် အလွန်အရေးကြီး၏။"ပိဋကသမ္ပနေန"သည် ပါဠိတော် စကားဖြစ်၏။ထို ပါဠိတော်ကို အဋ္ဌက
ထာ က"မာ ပိဋက သမ္ပဒါနေနာတိ အမှာကံ ပိဋကတန္တိယာ သဒ္ဓိံ သမေတီတိ မာ ဂဏှိတ္ထ"ဟု ဖွင့်ပြ၏။
ဤနေရာ၌ "အမှာကံ"ဟု အဋ္ဌကထာဆရာက သုံးပြထားရာ "အမှာကံ"ဟူသည်"ငါတို့ရဲ့"ဖြစ်၍"ကာလာမတို့ရဲ့"
ဟူ၍ ယူရ၏။အဘယ့်ကြောင့် ဆိုသော် နာကြားသည့် ပရိတ်သတ်မှာ ကာလာမရွာသားများဖြစ်ကြ၏။ဘုရားရှင်
ဘက်မှ ကြည့်သော် "သင်တို့ရဲ့"(ကာလာမ ရွာသားများအတွက်)ဟောကြားနေခြင်းဖြစ်၏။

ထို့ကြောင့် "ပိဋက တွေနှင့်ကိုက်ညီရုံမျှဖြင့်" ဟု ဆိုခြင်းသည် မည်သူ့ပိဋကတွေနည်းဟုမေးလာလျှင် ကာလာမ
တို့၏ ပိဋက ကိုပြောခြင်းဖြစ်ပေ၏။ကာလာမ တို့သည် ခေသူမဟုတ်။သူတို့တွင် ပိဋက တွေရှိ၏။သို့ဆိုလျှင် ပိဋက ဆိုတာ ဘာလဲ ဟု ထပ်ဆင့်မေးခဲ့လျှင်၊ ဋီကာဆရာ က "အတ္တနော ဥဂ္ဂဟဂန္ထ သမ္ပတ္တိယညမာ ဂဏှိတ္တာ
တိ ၀ုတ္တံ ဟောတိ" ဟု ဖွင့်ပြထား၍ ပိဋက ဟူသည် မိမိတို့ သင်ယူထားသည့် "ဂန္ထ" ကို ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် "ဂန္ထ" သည် ကျမ်းဂန်၊စာအုပ်၊Book ပင် ဖြစ်၏။

ဤသည်ကိုထောက်ရှု၍ "မာ ပိဋက သမ္ပဒါနေန" ကိုပိဋကတ်သုံးပုံဟု ယူသော် အလွဲကြီးလွဲကြကုန်၏။
"ပိဋက"နှင့်"ပိဋကတ်"သည် မတူပါ။ရိုးရိုး"ကကြီး"ဖြင့်ရေးသည့် "ပိဋက"ဟူသည် ကျမ်းစာ၊ဂန္ထသာ။"ပိဋကတ်"
ဟူသည်ကား ဘုရားဟော"ပိဋကတ်သုံးပုံ"ဖြစ်၏။"ဒေ၀ဒတ္တ "မှ "ဒေ၀ဒတ်" ဖြစ်လာသလို "ပိဋကတ္တယ" မှ "ပိဋကတ်" ဖြစ်လာကြောင်းကို သိအပ်၏။

(စကားချပ်။ ။ပိဋိကတ္တယ။ပိဋက+တယ၊ပိဋက-ပိဋက၊တယ-သုံးခုပေါင်း။သုတ်၊၀ိနည်း၊အဘိဓမ္မာ တစ်မျိုးစီအသီးသီးကို ပိဋကတ်ဟုခေါ်သည်။အားလုံး၏အမည်ကို တစ်မျိုး ၌လည်းခေါ်နိုင်သောကြောင့် သုတ်၊၀ိနည်း၊အဘိဓမ္မာ တစ်ခုခုကိုလည်း ပိဋကတ်ဟု ဆိုနိုင်သည်။ပါဠိသက်ဝေါဟာရအဘိဓာန်)
ထို့ကြောင့် ကာလာမသုတ် ၌ (မနာ ပိဋကတ္တယ သမ္ပဒါနေန)ဟု ဘုရားရှင် မဟောခဲ့သလို၊(မာ တိပိဋက သမ္ပဒါနေန)ဟူ၍လည်း မဟောခဲ့။ရိုးရိုးရှင်းရှင်းလေးပင် "မာ ပိဋကသမ္ပဒါနေန"သာဟောခဲ့ပေ၏။
ထို့ကြောင့် ကာလာမသုတ် ၌ (မနာ ပိဋကတ္တယ သမ္ပဒါနေန)ဟု ဘုရားရှင် မဟောခဲ့သလို၊(မာ တိပိဋက သမ္ပဒါနေန)ဟူ၍လည်း မဟောခဲ့။ရိုးရိုးရှင်းရှင်းလေးပင် "မာ ပိဋကသမ္ပဒါနေန"သာဟောခဲ့ပေ၏။
သဘာဝယတ္တိအားဖြင့်လည်း ထိုအချိန်တွင် "ပိဋကတ်သုံးပုံ"ဟူ၍လည်းဖွဲ့စည်းပုံ မရှိသေး။ဘုရားရှင်သက်တော်
ထင်ရှားရှိစဉ်၌ "ပိဋကတ်"ဝေါဟာရထက် "ဓမ္မ၊၀ိနယ"သာ ထင်ရှား၏။ပိဋကတ်သုံးပုံအသုံးအနှုန်းဟူသည်ပထမ
သံဃာယနာတင် မှ ထင်ရှားပေါ်ထွန်းခဲ့ခြင်းဖြစ်ပေသည်။
ထင်ရှားရှိစဉ်၌ "ပိဋကတ်"ဝေါဟာရထက် "ဓမ္မ၊၀ိနယ"သာ ထင်ရှား၏။ပိဋကတ်သုံးပုံအသုံးအနှုန်းဟူသည်ပထမ
သံဃာယနာတင် မှ ထင်ရှားပေါ်ထွန်းခဲ့ခြင်းဖြစ်ပေသည်။
ဗုဒ္ဓဘာသာဟူသည် သရဏဂုံတည်ခြင်းမှအစပြုခဲ့သည်အားလျော်စွာ"ဓမ္မံသရဏံဂစ္ဆာမိ"လုပ်ပြီးမှ"ပိဋကတ်သုံး
ပုံမှာ ပါရုံနဲ့ မယုံနဲ့ဦး" လုပ်နေလျင် ထိုသူအတွက် စကားတစ်ခွန်းပြောရန်သာကျန်တော့၏။
"ပိဋကတ်သုံးပုံ မယုံလျှင် ဗုဒ္ဓဘာသာကထွက်" ဟူ၍သာ..။
ကံနှင့်အလုပ်ပုံမှာ ပါရုံနဲ့ မယုံနဲ့ဦး" လုပ်နေလျင် ထိုသူအတွက် စကားတစ်ခွန်းပြောရန်သာကျန်တော့၏။
"ပိဋကတ်သုံးပုံ မယုံလျှင် ဗုဒ္ဓဘာသာကထွက်" ဟူ၍သာ..။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ၏တပည့်ကို သြ၀ါဒခြွေ၏။"ကံ ဆိုတာအလုပ် ကိုခေါ်တယ်။ဒါကြောင့် အလုပ်ကောင်းမှ ကံကောင်းမယ်။ဒီနေ့ အလုပ်မကောင်းဘူး ဆိုရင် တို့စက်ရုံတွေ၊အလုပ်ရုံတွေ ပိတ်ထားရတော့
မယ်။အဲဒီအခါ မင်းတို့ ဘယ်မှာလာပြီး ကံကောင်းနိုင်တော့မလဲ" ဟူ၏။
မယ်။အဲဒီအခါ မင်းတို့ ဘယ်မှာလာပြီး ကံကောင်းနိုင်တော့မလဲ" ဟူ၏။
ကံ နှင့်အလုပ်ကို ရောထွေးရှုပ်ပွေလျက် "ဂါမေအသိ" ဖြင့်ပြောဆိုခြင်းသာဖြစ်ပေသည်။စာပေအရှိအမှန်မှာကား
"ကံ" ဟူသည်(ကမ္မ) ပြုလုပ်ခြင်း(Action)ဟု ဆိုပါသော်လည်း အမှန်တကယ်မှာကား ထို ပြုလုပ်မှု(Action)ကို
ဆိုလိုရင်းမဟုတ်။ထို ပြုလုပ်ရာ၌ ပါဝင်နေသော "စေတနာ"ကိုဆိုလိုခြင်းဖြစ်ပေသည်။
"ကံ" ဟူသည်(ကမ္မ) ပြုလုပ်ခြင်း(Action)ဟု ဆိုပါသော်လည်း အမှန်တကယ်မှာကား ထို ပြုလုပ်မှု(Action)ကို
ဆိုလိုရင်းမဟုတ်။ထို ပြုလုပ်ရာ၌ ပါဝင်နေသော "စေတနာ"ကိုဆိုလိုခြင်းဖြစ်ပေသည်။
ထို့ကြောင့် "စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ "ဟု မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ဤ ၌ ထပ်မံ
အဆစ်ကိုင်၍ မေးရန်ရှိသည်ကား "စေတနာ"သည် စိတ် တိုင်းနှင့်ယှဉ်သည့် "သဗ္ဗစိတ္တ သာဓာရဏစေတသိက်"
ဖြစ်သဖြင့် "အကုန်လုံးကံဖြစ်နေသလား" ဟုမေးစရာရှိ၏။မဟုတ်ပါချေ။
အဆစ်ကိုင်၍ မေးရန်ရှိသည်ကား "စေတနာ"သည် စိတ် တိုင်းနှင့်ယှဉ်သည့် "သဗ္ဗစိတ္တ သာဓာရဏစေတသိက်"
ဖြစ်သဖြင့် "အကုန်လုံးကံဖြစ်နေသလား" ဟုမေးစရာရှိ၏။မဟုတ်ပါချေ။
ကုသိုလ်၊အကုသိုလ်စိတ်တို့ ၌ ယှဉ်နေသည့် စေတနာကိုသာလျှင် "ကံ"ဟု ခေါ်ဆိုရပေသည်။(၀ိပါတ်၊ကြိယာ
တို့ ၌ ရှိနေသည့် စေတနာကား "ကံ" မဟုတ် ဟူလို)
ရဟန်းဘ၀ ဆိုတာ နေရ၊ထိုင်ရကျဉ်းကျပ်တယ်တို့ ၌ ရှိနေသည့် စေတနာကား "ကံ" မဟုတ် ဟူလို)
ရဟန်းခံ၊ရှင်ပြု အလှူတစ်ခုတွင်သက်ကြီးရွယ်အိုဆရာကြီးတစ်ဦးက လူငယ်များကို နီတိသဘောနှော၍ပြော၏။
"ရဟန်းဘ၀ ဆိုတာ အင်မတန်မှ နေရ၊ထိုင်ရကျဉ်းကျပ်လှတယ်။ဒါကြောင့် လောကနီတိ မှာ (ရဟန်းကောင်း
မည်သည် ကြုံလှီနေမှ) လို့ ဆိုထားတယ်။ တို့လူ့ဘောင်တွေလို မလွတ်လပ်ဘူး။လွတ်လွတ်လပ်လပ်နေချင်
ရင် လူ့ဘောင်ဟာ အကောင်းဆုံး၊ရဟန်းတော့ ယောင်လို့ မ၀တ်လိုက်နဲ့" ဟူ၏။

ရဟန်းဘ၀ နှင့်လူ့ဘ၀ ကို ထင်ယောင်ထင်မှားဖြစ်အောင် မိမိ၏ "ဂါမေအသိ" အတ္တနောမတိဖြင့်သာပြောဆို
နေခြင်းသာဖြစ်ပေသည်။
နေခြင်းသာဖြစ်ပေသည်။
စာပေအရှိအမှန်မှာကား-"ဃရာဝါသော သမ္ဗဓော" ဃရာဝါသော=အိမ်ရာတည်ထောင်လူ့ဘောင်နေခြင်းသည်
သမ္ဗဓော=ကျဉ်းမြောင်းလှချတကား ဟူ၍သာ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည်။အဘယ်သို့ကျဉ်းမြောင်းသနည်း ဟူမူ-
လင်နှင့်မယား၊သားနှင့်သမီး၊ညီနှင့်အကို၊မောင်နှင့်နှမ၊ အစရှိသည်တို့သည် လူ့ဘောင်လောကတွင် ၀ဋ်ဆင်းရဲ
၌ ခိုင်မြဲစွာချည်နှောင်ထားသည့်(သံဃောဇဉ်)တို့ဖြင့် တစ်ဦးကိုတစ်ဦး အမြဲပူပန်နေကြရ၏။စိုးရိမ်ကြောင့်ကြနေ
ကြရကုန်၏။

ရဟန်းဘ၀မှာကား"အဗ္ဘောကာသော ပဗ္ဗဇ္ဇာ" လွင်တီးခေါင်နှင့်တူ၏။အရှေ့၊အနောက်၊တောင်၊မြောက်၊ဘာမျှ
ကာရံမထား။ကျယ်ချင်တိုင်းကျယ်။သွားချင်တိုင်းသွား။လာချင်တိုင်းလာ။အပိတ်အပင် အတားအဆီးမရှိ။
"သပတ္တ ဘာရောဝ ဍေတိ" ငှက်များ၏၀န်စည်စလယ် ဟူသည် မိမိ၏အတောင်သာလျှင်ဖြစ်ဘိသကဲ့သို့သပိတ်
(၁)လုံး၊သင်္ကန်း(၃)ထည် ရှိလျှင် ရဟန်းဘ၀သည်ပြီး၏။ သံဃောဇဉ် အနှောင်အဖွဲ့ မရှိ။ထို့ကြောင့်ရဟန်းဘဝ
တွင် လွတ်လပ်ပါ၏။
မေတ္တာစစ်တို့မည်သည် ဖြောင့်ဖြူးရာလည်းမရှိစမြဲမို့ကာရံမထား။ကျယ်ချင်တိုင်းကျယ်။သွားချင်တိုင်းသွား။လာချင်တိုင်းလာ။အပိတ်အပင် အတားအဆီးမရှိ။
"သပတ္တ ဘာရောဝ ဍေတိ" ငှက်များ၏၀န်စည်စလယ် ဟူသည် မိမိ၏အတောင်သာလျှင်ဖြစ်ဘိသကဲ့သို့သပိတ်
(၁)လုံး၊သင်္ကန်း(၃)ထည် ရှိလျှင် ရဟန်းဘ၀သည်ပြီး၏။ သံဃောဇဉ် အနှောင်အဖွဲ့ မရှိ။ထို့ကြောင့်ရဟန်းဘဝ
တွင် လွတ်လပ်ပါ၏။
သီချင်းတစ်ပုဒ်၏တေးစာသားတစ်ခုတွင်" မေတ္တာစစ်တို့မည်သည် ဖြောင့်ဖြူးရာလည်းမရှိစမြဲမို့"ဟု နိယာမဆန်
ဆန်ရေးသားထားသည်ကိုတွေ့ရသောအခါ စဉ်းစားစရာဖြစ်လာပေသည်။"မေတ္တာစစ်လျှင်မဖြောင့်ဖြူးဘူး"ဟု
ဆိုပါက "မေတ္တာမစစ်လျှင်တော့ဖြောင့်ဖြူးမည်လော"ဟု သို့လော၊သို့လော တွေးတောစရာဖြစ်အောင်ရေးထား
သော "ဂါမေအသိ"အရေးအသားမျိုးဖြစ်၏။

စာပေအရှိအမှန်မှာကား-ဆရာတော်အရှင်ဇနကာဘိဝံသ၏"သဂြိုလ်ဘာသာဋီကာ"တွင် မခွဲနိုင်၊မခွာရက်အောင်
သံဃောဇဉ်ဖြစ်သောတဏှာပေမသည်"မေတ္တာတု"ဖြစ်သည်။ချစ်သူရည်းစားအချစ်ဟူသည်တဏှာပေမလောဘအဖြစ်များ၍ကိလေသာ(၁၀)ပါးတွင်လည်းအကျုံးဝင်သောကြောင့်"ပူပန်ညစ်ကျူ၊နှိပ်စက်မှု၊၁၀ခုကိလေသာ"ဆိုသည့်အတိုင်းစိတ်၏ပူပန်ကြောင်း၊ညစ်ညူးကြောင်းတရားဖြစ်၍ဖြောင်ဖြူးခြင်း၊အဆင်ပြေခြင်းရှိချင်မှရှိနိုင်ပေ
မည်။

မေတ္တာစစ် မေတ္တာမှန်ဖြစ်သော "အဒေါသစေတသိက်"ကား၊ ပွားများသူကို"
၁။ချမ်းသာစွာအိပ်ရ၏
၂။ချမ်းသာစွာနိုးရ၏။
၃။အိပ်မက်ဆိုးမမြင်မက်
၎။လူတို့ချစ်၏။
၅။နတ်တို့ချစ်၏။
၆။နတ်တို့စောင့်ရှောက်၏။
၇။မီး၊အဆိပ်၊လက်နက်တို့ မကပ်ရောက်နိုင်
၈။စိတ်ကြည်၏
၉။မျက်နှာကြည်လင်၏
၁၀။ မတွေဝေပဲ သေရ၏။
၁၁။ ဗြဟ္မာ့ပြည်သို့လားရ၏" ဟု အကျိုးအာနိသင် (၁၁)မျိုးရနိုင်သည်။

"ရန်ကိုအောင်စေလိုသော် မေတ္တာ" ဆိုသည့်အတိုင်း မဖြောင်ဖြူးသော၊အခက်အခဲမရှိသော လမ်းခရီးကိုမေတ္တာ
ပန်းခင်း၍ လျှောက်လှမ်းခြင်းဖြင့် ချောမွေ့ပြေပြစ်သွားနိုင်မည်ဖြစ်ရာ"မေတ္တာစစ်တို့မည်သည်ဖြောင့်ဖြူးခြင်း"
အမြဲရှိနေမည်ဖြစ်ပါသည်။
"ဂါမေအသိ" ဟူသည်ပန်းခင်း၍ လျှောက်လှမ်းခြင်းဖြင့် ချောမွေ့ပြေပြစ်သွားနိုင်မည်ဖြစ်ရာ"မေတ္တာစစ်တို့မည်သည်ဖြောင့်ဖြူးခြင်း"
အမြဲရှိနေမည်ဖြစ်ပါသည်။
"ဂါမေအသိ" ဟူသည်-(ဂါမ)ဟူသော ရပ်ထဲရွာထဲတွင် သူပြော၊ငါပြော၊တို့ဖြင့် ရွာသူတို့အစဉ်အဆက်လက်ခံယုံ
ကြည်နေကြသည့်အကြောင်းအရာများကိုသာ ဟုတ်မှန်သည်အထင်ဖြင့် သညာမှားဖြင့်သိသည့် အသိကိုဆိုလို
သည်။ထို အသိများသည် စည်းစနစ်မရှိ။နည်းစနစ်လည်းမသိ။
စာပေအရှိ အမှန်မှာ
"စာပေအရှိ အမှန်"မှာမူကား ဘုရား အစရှီသော ပညာရှိအဆူဆူတို့၏ စကားတော်၊ထို စကားတော်တို့ကိုလည်း
မူရင်းမပျက်စေရန် ပညာရှိ သူတော်ကောင်းအပေါင်းတို့က အကြိမ်ကြိမ် တိုက်ဆိုင်စစ်ဆေး အတည်ပြုထား
သည့် မှတ်တမ်း မှတ်ရာများကို ခေါ်သည်။
မူရင်းမပျက်စေရန် ပညာရှိ သူတော်ကောင်းအပေါင်းတို့က အကြိမ်ကြိမ် တိုက်ဆိုင်စစ်ဆေး အတည်ပြုထား
သည့် မှတ်တမ်း မှတ်ရာများကို ခေါ်သည်။
ထို့ကြောင့် ဂါမေအသိနှင့် စာပေအရှိတို့သည် ကွာချင်တိုင်းကွာခြားနေတော့သည်။"အမှားကြာ အမှန်ဖြစ်"မဖြစ်
စေရန် အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ ဂါမေအသိမှ ပယ်ခွာ၍ စာပေအရှိ ကိုသာ ကျင့်သုံးလိုက်နာပါရေးအလို့ငှာ ပတ္ထနာပြုလိုက်ရပေတော့သည်။
စေရန် အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ ဂါမေအသိမှ ပယ်ခွာ၍ စာပေအရှိ ကိုသာ ကျင့်သုံးလိုက်နာပါရေးအလို့ငှာ ပတ္ထနာပြုလိုက်ရပေတော့သည်။
ဤ သို့ ထေရ၀ါဒအစစ်အမှန်တို့ဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ရေးသားထားသောစာပေများကျေးဇူးကြောင့် အသိမှား၊အမှတ်မှား၊မည့်ဘေးမှကင်းဝေးပြီး အသိမှန်၊အမြင်မှန် ၊အယူမှန်ကြစေရန် ရှာဖွေတင်ပြလိုက်ပါသည်။
(၂၀၀၇ခုနှစ်၊ဇူလိုင်လ ထုတ် "တဏှာအရှုပ်ဘယ်လိုရှင်းမလဲ ဓမ္မစာစုများ" မှ "ဒေါက်တာဘမြင့်" ၏"မေတ္တာစစ်"ဆောင်းပါးနှင့်၂၀၁၀ခုနှစ်၊သြဂုတ်လထုတ်"အနန္တဂုဏ်ရည်တရားများ"စာအုပ်မှ"ဦးဆန်းလင်း
(ဆည်မြောင်း)"၏"ဂါမေအသိနှင့်စာပေအရှိ"ဆောင်းပါးတို့ကိုမှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
(ဆည်မြောင်း)"၏"ဂါမေအသိနှင့်စာပေအရှိ"ဆောင်းပါးတို့ကိုမှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
No comments:
Post a Comment