Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 1 April 2013

ချစ်သောသူရယ်



နင်နဲ့ပတ်သတ်လာရင်
ရင့်ကျက်ပြီလို့ထင်ထားတဲ့
သံယောဇဉ်အမာရွတ်တွေက

မကြာခဏဆုံးမပေမယ့်လည်း
ကလေးဆိုးလေးတစ်ယောက်လိုအမှားတွေပဲအကြိမ်ကြိမ်
မိုက်မဲစွာကျူးလွန်နေတက်တယ်လေ
မရေတွက်နိုင်အောင်
ရှည်လျားလွန်းတဲ့ညတာတွေမှာ
ခြင်ထောင်အမိုးဖြူဖြူဟာ.ငါ့အတွက်တော့
လူကြိုက်နည်းတဲ့မြန်မာရုပ်ရှင်တစ်ခုလို
ငြီးငွေ့စရာကောင်းလွန်းနေတာ...နင့်သိပါ့မလား...
ဘဝနဲ့ဦးဏှောက်က
အပြင်းအထန်ကန့်ကွက်နေတာတောင်
မနာခံတက်တဲ့ရင်ဘက်တစ်စုံက
အနူးအညွတ်လက်ခံနေတာ
အဖြူရောင်ချစ်ခြင်းသက်သက်ဆိုတာနင်သိပါ့မလား.....
မတွေဆုံချင့်တော့ဘူးလို့
ခါးသီးစွာဆုံးဖြတ်မိတိုင်း...
တစ်စစ်စစ်နာကျင်တဲ့နှလုံးသားက
ထွက်သက်ဝင်သက်တွေကို ရပ်တန့်သွားစေလောက်အောင်
ပြင်းထန်တယ်ဆိုတာ နင်သိပါ့မလား....
You can do as you like..ဆိုတဲ့စကား
ရင်ထဲမှာဖန်နေအောင်ခါးတာ
နင်မှမသိပဲ...
ဘာကိုတွေးတွေး၊ဘယ်နေရာကိုကြည့်ကြည့်
ဟာလာဟင်လင်းနဲ့မျှော်လင့်ချက်တွေပျောက်ဆုံး
ပျော်ရွင်မှုတွေဆိတ်သုန်းခဲ့ရတဲ့အဓိကတရားခံဟာနင်ပါလို့
အဖြစ်အပျက်တွေကသက်သေခံနေတာတောင်
ချစ်တက်လွန်းတဲ့နှလုံးသားကလက်မခံပါလား.....ချစ်သောသူရယ်
ဒီလိုနဲ့ပဲ...........ငါတော့........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့