Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 16 April 2013

ပိတောက်သစ္စာ (ယနေ့ ကဗျာကဏ္ဍ)


ပိတောက်သစ္စာ
နွေပိတောက်
ရေမကြောက်ပါဘူး
ဖူးငုံတွေ အသင့်ပြင်လို့
ဝင့်တော့မယ့်ဟန်ချီ
ခါတော်မီ ပက်ဖျန်း
ဆန်းလှတဲ့ ရွှေအဆင်းကို
အတင်းဆို ပြစ်တင်ကြည့်
သစ္စာမရှိ… တဲ့။

ဒါပဲမဟုတ်
အမြတ်ထုတ်တာ
ရိုးသားတဲ့ ပန်းလေး
ခံရသေးရှင့်။

မြင့်မြတ်တဲ့ လူသား
မာယာများနဲ့
မိုးတုဖန်လျက်
ပွင့်ခိုင်းရက်သည်
မောင့်ချစ်ပန်းကို ခိုးမယ်ကြံ။

တကယ်တန်း ပွင့်လန်း
ဒီပိတောက်ပန်းက
မိုးချစ်သူ နမ်းမှ ပွင့်တယ်
ပရိယာယ်မရှိ
သစ္စာရှိ။        ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့