Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 20 April 2013
မေ့လို့မရ ...အမြဲသတိရနေမယ်အစ်ကို အပိုင်း(၁)'
ငိုနေခဲ့တယ်...ထပ်ကာထပ်ကာ ငိုပြီးရင်းငိုနေမိတဲ့ သူမ မျက်ရည်တွေခမ်းသွားမလားထင်ရလောက်အောင်ကို
အဆက်မပြတ်ငိုကြွေးနေတာ ခုဆိုညနေထိရောက်နေပြီပေါ့။ သူမ ဘဝမှာမှတ်မှတ်ရရ ဒီလိုငိုကြွေးခဲ့ဖူးတာ ဒါပါနဲ့ဆို
၂ကြိမ်တိတိရှိခဲ့ပြီ။ သူမအဖေဆုံးတုန်းက တစ်ကြိမ်၊ ခုတစ်ကြိမ်ပေါ့။ ဘာစကားမှလဲမဆိုမိ၊ ဘာအစားမှလဲ မစားမိဘဲ
ဆက်တိုက်ငိုကြွေးနေခဲ့တဲ့ သူမကို ကြည့်ပြီး သူမရဲ့အမေနဲ့ အစ်မတို့ စိတ်ပူစပြုလာပြီ။ အရာရာဟာ အချိန်တန်ရင်
သူ့ဟာသူ အဆင်ပြေသွားမှာပါလို့ နှစ်သိမ့်ပေးနေပေမယ့်လည်း သူတို့စိတ်ထဲမှာတော့ ပြီးဆုံးသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ကို
လက်ခံပြီးသားဖြစ်နေပြီ။ ဒီပြသနာတွေရဲ့ အစကတော့ သူမဆွေမျိုးတစ်ယောက်က သယ်ဆောင်လာခဲ့တာကစခဲ့တယ်။
ဇာတ်လမ်းရဲ့ အစကတော့.....
ဒီနေ့ ရန်ကုန်က လှိုင်းတို့ အမျိုးတွေလာလည်ကြမယ်။ ပျော်လိုက်တာနော်။ အိမ်ကိုဧည့်သည်လာရင် ပျော်နေတတ်တဲ့
လှိုင်းတစ်ယောက် အရှေ့ထွက်လိုက် နောက်ဖေး ဝင်လိုက်နဲ့ မေမေတို့ဟင်းချက်တာကို ဝိုင်းရှုပ်နေခဲ့မိတယ်။ ဟော လာကြပြီ
ကလေးလေးတွေပါ ပါတော့ လှိုင်းတို့မပျင်းရဘူးဖြစ်နေတာပေါ့။ နေ့လည်ခင်းရောက်တော့ ဧည့်သည်လင်မယားနဲ့ မေမေနဲ့
တိုးတိုး တိုးတိုး စကားတွေပြောနေတာ တွေ့မိပေမယ့် လှိုင်းကလဲ စပ်စုတတ်သူမဟုတ်တော့ သွားပြီးနားမထောင်မိခဲ့ဘူးပေါ့။
ညကျတော့ မေမေက လှိုင်းကို ထူးထူးဆန်းဆန်း စကားပြောလာခဲ့တယ်။ လှိုင်းဘဝမှာ မေမေနဲ့ လှိုင်းနဲ့ပဲနေလာခဲ့တာကြာပြီ။
တစ်ခါမှ မေမေဒီလိုစကားမျိုးမပြောဖူးဘူး။ လှိုင်းအသက် ၂၉ နှစ်သာပြည့်တော့မယ်။ မေမေက လှိုင်းကို ကလေးတစ်ယောက်လိုပဲ
သဘောထားပြီး အမြဲစိတ်မချဖြစ်နေခဲ့တာလေ။ ခုကျတော့ မေမေက သမီး နေ့လည်က အစ်ကိုတွေလင်မယားက မေမေ့ကို
ပြောလာတယ်။ သူတို့ဆရာရဲ့ညီလူပျိုတစ်ယောက်ရှိတယ်။ အဲဒါသူတို့ဆရာက အိမ်ထောင်ချပေးချင်လို့တဲ့။ သမီးအစ်ကိုတွေကလဲ
ညီမဝမ်းကွဲရှိတယ်ပြောလိုက်တော့ သူတို့ကဓာတ်ပုံကြည့်ချင်တယ်တဲ့။ သမီးသဘောကရောဘယ်လိုရှိလဲ။ သမီးစဉ်းစားမယ်ဆိုရင်
သူတို့ဓာတ်ပုံလဲ ပို့ပေးမယ်ပြောတယ်။ မေမေကတော့ သမီးကိုဘယ်အရွယ်ပဲရောက်ရောက် ကလေးလို့ပဲမြင်နေတာ။ဒါပေမယ့်
မေမေ မရှိတော့တဲ့အချိန်ကျရင်သမီးကို တစ်ယောက်တည်း လောကကြီးအလယ်မှာ ထားခဲ့ဖို့ စိတ်မချဘူး။ သမီးစဉ်းစားပေါ့။
မေမေ ပြောတဲ့စကားတွေကလဲ ဟုတ်နေတော့ လှိုင်းလဲ ဓာတ်ပုံပို့ပေးဖို့သဘောတူခဲ့တယ်။
လှိုင်းဓာတ်ပုံပို့ပေးဖို့ နောက်ဆုံးရိုက်ထားတဲ့ ပုံတွေထဲကရှာပြီးကူးဖို့သွားတာ စတစ်ကဘာဖြစ်လို့မသိပဲ
လုံးဝကူးလို့မရဘူးဖြစ်နေခဲ့တယ်။ အဲဒီအချိန်တွေထဲက အဆင်မပြေမှုရဲ့ နိမိတ်ကို လှိုင်းတစ်ယောက်မမြင်ခဲ့မိတာ
လှိုင်းအမှားလားတော့ မသိတော့ပါဘူးနော်။ လှိုင်းလဲရိုက်ပြီးသားရှိတဲ့ အရင်တုန်းကပုံပဲ ထည့်ပေးလိုက်တော့တယ်။
သူ့ဆီက ဓာတ်ပုံရောက်လာမဲ့နေ့မှာလဲ ရန်ကုန်ကကားနဲ့ လူကြုံထည့်ပေးတာလေ။ စောစောရောက်အောင်ဆိုပြီး
အစောဆုံးကားနဲ့ထည့်ပေးလိုက်ပေမယ့် တကယ်တမ်းတခြားကားတွေသာဝင်လာလို့ ကုန်သွားတယ် အဲဒီကားရောက်မလာခဲ့ဘူး။
အမျိုးလင်မယားကလဲ ဖုန်းဆက်ပြီးမေးတာအကြိမ်ကြိမ် လှိုင်းကိုဘယ်လိုလဲ အဆင်ပြေလားဆိုတာကိုပေါ့။ လှိုင်းလဲ ဓာတ်ပုံမှ
မမြင်ရသေးတော့မပြောတတ်သေးဘူးပေါ့။ သူတို့စုံစမ်းကြည့်တော့ အဲဒီကားကလမ်းမှာပျက်နေလို့ ဒီနေ့ဝင်ချင်မှဝင်လိမ့်မယ်တဲ့။
ဓာတ်ပုံလေးတစ်ပုံပို့တာတောင် ဒီလောက် အခက်အခဲကြုံခဲ့ရတာကို လှိုင်းကတော့အမှတ်တမဲ့ပဲဖြစ်နေခဲ့မိတယ်။ ဒီလိုနဲ့ ညမိုးချုပ်နေမှ အဲဒီကားဝင်လာခဲ့တယ်။ ကားသမားလာပေးတဲ့ စာအိတ်ကိုကိုင်ကြည့်ပြီး ဖွင့်ကြည့်ဖို့တော့
လှိုင်းရင်တွေနည်းနည်းခုန်နေခဲ့တယ်။ ဘယ်လိုရုပ်ရည်လဲဆိုတာလဲ သိချင်စိတ်ပြင်းပြနေမိတယ်။
စာအိတ်ကို ဖွင့်လိုက်တော့ ထွက်လာတဲ့ဓာတ်ပုံ တစ်ပုံနဲ့ စာရွက်လေးတစ်ရွက်။ လှိုင်းလဲ ဓာတ်ပုံကို
အရင်ကြည့်လိုက်မိတယ်။ ချောတော့မချောပေမယ့် တည်ကြည်ခံ့ညားတဲ့ရုပ်ရည်နဲ့ လှိုင်းတို့ထက်အသက်ပိုကြီးမှန်းသိတာနေတဲ့
အစ်ကိုကြီးတစ်ယောက်ရဲ့ပုံကို လှိုင်းတွေ့လိုက်ရတယ်။တွေ့တွေ့ချင်းရင်ခုန်မှုတော့ မဖြစ်ခဲ့ပေမယ့် တည်ကြည်တဲ့ရုပ်ကို
သဘောကျသွားမိတယ်ဆိုတာတော့ လှိုင်းဝန်ခံပါတယ်လေ။စာရွက်လေးမှာတော့ အဲဒီအစ်ကိုကြီးရဲ့ မွေးသက္ကရာဇ်
ရေးပေးထားတယ်လေ။ လှိုင်းထက် ၈နှစ်ကြီးတယ် သိလိုက်တော့ လှိုင်းပိုပြီး သဘောကျသွားမိတယ်။ ငယ်တည်းကလှိုင်းရဲ့
စိတ်ကူးထားတဲ့ ဖူးစာရှင်ဟာ လှိုင်းထက်လဲ အသက်ကြီးရမယ်၊ လူမျိုးတူဘာသာတူလဲဖြစ်ရမယ်၊ လှိုင်းကိုလဲမြတ်မြတ်နိုးနိုး
ချစ်ရမယ်ဆိုတဲ့ အချက်တွေထဲက ပထမ နှစ်ချက်နဲ့တော့ ကိုက်ညီနေလို့ လှိုင်းဝမ်းသာနေမိတယ်။ လှိုင်းဓာတ်ပုံကိုမြင်ရင်ရော
သူဘယ်လို ခံစားရမလဲလို့ လှို်င်းသိချင်နေခဲ့မိတယ်။
နောက်နေ့မှာပဲ လှို်င်းအမျိုးလင်မယား ဖုန်းဆက်လာခဲ့တယ်။ ဓာတ်ပုံကြည့်ပြီးဘယ်လိုသဘောရလဲလို့လဲ
လှိုင်းရဲ့သဘောထားကိုလဲ မေးခဲ့တယ်။လှိုင်းလဲ မဆိုးပါဘူး လို့ပဲပြန်ပြောလိုက်တယ်။ ဟိုဘက်က ဓာတ်ပုံကြည့်ပြီး
လူချင်းတွေ့ကြည့်ချင်တယ်တဲ့။ သူလဲလှိုင်းပုံကို သဘောကျတယ်ဆိုတော့ လှိုင်းတို့တွေ့ကြည့်ဖို့ချိန်းလိုက်တယ်။
လှိုင်းမေမေ ဆေးခန်းသွားပြရမှာနဲ့လဲ ကြုံနေတော့ လှို်င်းတို့ ရွှေတိဂုံဘုရားမှာ တွေ့ဖို့ချိန်းလိုက်ကြတယ်။ မေမေကတော့
အစတည်းကကြိုပြောထားခဲ့တယ်။ လှိုင်းတွေ့ကြည့်ပြီး သဘောမကျရင်လဲ ဘာမှမဆက်လို့ရတယ်တဲ့။ အရင်ဆုံးတွေ့ကြည့်
ဖို့ပြောခဲ့တယ်။ ဒီလိုနဲ့လှိုင်းတို့ ဆုံဖို့ဖြစ်လာခဲ့တယ်။
အဲဒီနေ့ကပေါ့ လှိုင်းလဲ ဘယ်လိုခံစားမှုလဲဆိုတာ ပြောပြရခက်တဲ့ ခံစားချက်လေးတစ်ခုနဲ့ မေမေတို့နဲ့အတူ
ရွှေတိဂုံဘုရားကိုတက်ခဲ့တယ်။ လှိုင်းအမျိုးလင်မယားကလည်း ဘုရားမှာကြိုရောက်နေခဲ့တယ်။ သူတို့သမီးလေးမွေးနေ့
ဘုရားတက်ဖို့ရှိတာနဲ့ လှိုင်းတို့လဲ အပြင်မှာတစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးကြတော့ သူတို့ကြားကပါမှပိုအဆင်ပြေမယ်
ဆိုပြီး စောင့်ပေးနေခဲ့တယ်။ လမ်းတွေကလဲပိတ်လွန်းတော့ လှိုင်းတို့အဲဒီနေ့ကစောထွက်ခဲ့ကြတော့ ဘုရားကိုသူ့ထက်အရင်
လှိုင်းတို့ရောက်နေခဲ့ကြတယ်။ အမျိုးတွေနဲ့ စကားပြောပြီး ခဏနေရော အမျိုးလင်မယားက လက်လှမ်းပြလိုက်တဲ့
လူနှစ်ယောက်ကိုတွေ့လိုက်တယ်။ လှိုင်းရင်တစ်ချက်တော့ဒိတ်ခနဲ ဖြစ်သွားခဲ့တယ်။ သူလာပြီဆိုတာသိပြီး ရဲရဲတင်းတင်းလဲ
လှည့်မကြည့်ရဲဘဲ လှို်င်းနည်းနည်းတော့ ရှက်နေခဲ့မိတယ်။ လှိုင်းဘဝရဲ့ ပထမဆုံးအကြိမ် ဒီလိုမျိုးတွေ့ဆုံမှုမျိုးဆိုတော့..
သူနဲ့သူ့ညီလို့ပြောတဲ့ လူနှစ်ယောက် လှိုင်းတို့ရှိတဲ့စနေထောင့်က ခေါင်းလောင်းကြီးဆီကို ရောက်လာခဲ့တယ်။
လှိုင်းတင်ရှက်နေတယ်မှတ်တာ သူလည်းရောက်စတည်းက လှိုင်းကိုတစ်ချက်လောက်ဝေ့ကြည့်ပြီး သိပ်လဲ
မကြည့်ရဲဘဲ လှိုင်းအမျိုးလင်မယားနဲ့ မတွေ့တာကြာတဲ့သူတွေလို စကားတွေပြောနေခဲ့တယ်။ တစ်ချက်တစ်ချက်
ခိုးကြည့်နေခဲ့တာကိုတော့ လှိုင်းမြင်ဖြစ်အောင်မြင်လိုက်သေးတယ်လေ။ စိတ်ထဲကလဲ လှိုင်းတွေးနေမိတယ်။ ဒီလူကြီးက
ဘယ်လိုလဲပေါ့။ စကားမပြောကြည့်ပဲ သူ့စိတ်ကိုဘယ်လိုသိနိုင်မှာလဲပေါ့။ သူကလဲလှိုင်းကို စကားသွားပြောကြမယ်စမခေါ်
လှိုင်းကလဲဘာဆက်လုပ်ရမှန်းမသိ အဲဒီအချိန်ကတော့ စိတ်ထဲမှာ အတော်လေးကသိကအောက်တော့ ဖြစ်နေမိတာပေါ့။
လှိုင်းအမျိုးရဲ့ ကလေးလေးတွေက ခေါင်းလောင်းထိုးချင်လို့လှိုင်းကိုခေါ်နေတော့ လှိုင်းလဲသူ့ကိုအမြင်ကတ်ကတ်ရှိတာနဲ့
သူတို့နားကထလာပြီး ကလေးတွေနဲ့လိုက်သွားမိတယ်။ ခဏနေတော့ ကလေးလေးတွေ အမေကလှို်င်းဆီိထလာပြီး
ဟိုမှာစကားပြောမယ်တဲ့။ ကလေးတွေနဲ့ဆိုတော့ ပြောလို့အဆင်မပြေမှာစိုးလို့ အေးအေးဆေးဆေး နှစ်ယောက်တည်းသွား
ပြောဆိုပြီး လှိုင်းကို လွှတ်ခဲ့တယ်လေ။ မလှမ်းမကမ်းကနေ သူကလဲလှိုင်းကိုရပ်စောင့်နေခဲ့တယ်။ လှိုင်းလဲ သူ့နားလည်းရောက်ရော
ပြုံးပြပြီးလှိုင်းကို စိတ်ရှည်တဲ့အသံနဲ့ ဘယ်မှာစကားသွားပြောကြမလဲ ညီမလေးလို့မေးလာခဲ့တယ်။ လှိုင်းလဲဘယ်လိုပြောတတ်
မလဲ။ သူ့ကိုပြောလိုက်တယ်ဆိုရင်ပဲ သူကဦးဆောင်ပြီး ဘုရားတန်ဆောင်းလေးတစ်ခုကို ခေါ်သွားခဲ့တယ်။
ညီမလေး သဘောကဘယ်လိုလဲ လို့သူစမေးလာတော့ လှိုင်းနည်းနည်းတော့စိတ်တိုသွားမိတယ်။ ဘယ့်နှယ့်
မိန်းကလေးသဘောထားကို အရင်လာမေးနေတယ်ပေါ့။ လှိုင်းလဲစိတ်ပေါက်ပေါက်နဲ့ စိတ်ထဲရှိတဲ့အတိုင်းပြောခဲ့တယ်။
အစ်ကို့ သဘောထားကိုအရင်ပြောလေ။ မိန်းကလေးကိုအရင်လာမေးနေရလားပြောတော့။ ရယ်နေခဲ့တဲ့ သူ့မျက်နှာကို
လှိုင်းလဲအမှတ်တမဲ့နဲ့တော့ ငေးကြည့်မိသွားတယ်။ သူရယ်လိုက်ရင် ပါးချိုင်းလေးထင်းနေတာက သူရဲ့မျက်နှာကို
ပိုပြီး သဘောကောင်းတယ်ဆိုတဲ့ ရုပ်ကိုပံ့ပိုးပေးနေသလိုပဲ လှိုင်းတော့ထင်မိတယ်။ သူကပြောခဲ့တယ်။ သူ့သဘောထားက
လှိုင်းကိုဓာတ်ပုံမြင်တည်းက စိတ်ဝင်စားလို့သာတွေ့ဖို့ ချိန်းခိုင်းတာလို့ပြောလာတယ်။ လှိုင်းနဲ့သူနဲ့ ဘာမှမဟုတ်ပဲ
အတူတူရယ်နေခဲ့မိတယ်။ သူလဲသူ့အိမ်အကြောင်းတွေလှိုင်းကိုပြောပြခဲ့တယ်။ လှိုင်းကလဲ လှိုင်းကအငယ်ဆုံးမို့
အရမ်းဆိုးကြောင်း၊ အချက်အပြုတ်လဲဘာမှ မလုပ်တတ်ကြောင်း သူ့ကိုပြောပြလိုက်တော့ သူက လှိုင်းစကားကိုရယ်နေခဲ့တယ်။
လှိုင်းကိုလဲပြောခဲ့တယ် အချက်အပြုတ်ကနောက်ကျ တဖြည်းဖြည်းသင်ရင်တတ်မှာပဲတဲ့။ ဆိုးတာလဲဆိုးလို့ရတဲ့သူမို့
ဆိုးနေတာမဟုတ်လားဆိုပြီးမေးခဲ့တယ်။ လှိုင်းလဲ ရယ်ချင်စိတ်နဲ့အင်း လို့ပဲဖြေလိုက်တယ်။ နည်းနည်းကြာတော့ လှိုင်းတို့လဲ
ပြောစရာစကားမရှိတော့ သူကပဲစပြီး ဒါဆိုအဆင်ပြေတယ်မဟုတ်လား ညီမလေးလို့မေးလာတယ်။သူစကားပြောရင်
အဆင်ပြေတယ်မဟုတ်လား၊ အဆင်ပြေရင်ပြီးတာပဲ ဆိုတဲ့စကားတွေသုံးတတ်မှန်းနောက်မှလှိုင်းသိခဲ့ရတယ်လေ။
သူစမေးတော့ လှိုင်းတောင်စဉ်းစားမိတယ် ဘာကိုများအဆင်ပြေလားလို့မေးတာလဲလို့။ မေးပြီးသူနဲ့တူတူလှိုင်းတို့ မေမေတို့
ဆီပြန်လျောက်လာခဲ့ကြတယ်။ ခဏနေတော့ သူတို့ပြန်သွားကြတယ်။ လှိုင်းတို့ပြန်လာတဲ့လမ်းမှာ လှိုင်းကို ကြားကစပ်ပေးတဲ့
လှို်င်းအမျိုးတွေက မေးကြတာပေါ့ ။ဘာတွေများပြောကြလဲ ။ဖုန်းနံပါတ်ရောပေးလိုက်လားးဆိုတော့ လှိုင်းလဲ ဖုန်းနံပါတ်က
သူမှမတောင်းတာ မပေးခဲ့ပါဘူးပြောတော့ လှိုင်းကိုဝိုင်းရယ်နေခဲ့ကြတယ်လေ။
( ဆက်ရန် ...)
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
April
(585)
- Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထို...
- Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း
- Huawei U8825D Android Version 4.04 Root လုပ်နည်း
- Sony Xperia Miro
- iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)
- ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန...
- iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံြး...
- နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆို...
- Samsung Galaxy S III Mini မိတ်ဆက်ပြသ
- Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်
- ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မ...
- မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းန...
- မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များ...
- Huawei U8818 Version 2.3.6 Root လုပ်နည်း
- Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း
- Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Pas...
- မိုဘိုင်းဖုန်း Driver များစုစည်းမှု
- External Hard Disk ကို Mac မှာရော Windows PC တွေမှ...
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
- ၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့်...
- ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ
- အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ
- စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်
- မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ
- ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ...
- မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်...
- ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့...
- ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်...
- နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ...
- ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ...
- အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားေ...
- မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်
- မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သ...
- သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်
- ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွ...
- ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရေ...
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ...
- မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်...
- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျ...
- တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိ...
- အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ...
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူး...
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟေ...
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာန...
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ်...
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် ...
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာေ...
- သမ္မတ စာကြောင့် မီဒီယာများကို ဧရာဝတီတိုင်း လွှတ်တော်...
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ...
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ...
- မိုးအဝင် နောက် ကျမယ်
- ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်
- Facebook နိုင်ငံသား
- အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ
- ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှ...
- NLD ပါတီ လူငယ်ညီလာခံကျင်းပရန် စီစဉ်
- ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ
- ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်
- ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်...
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူ...
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို...
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလ...
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ေ...
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်...
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ...
- Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ
- Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated ...
- ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုဖြင့် ၀ယ်ယူ...
- Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူမျာ...
- တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်ဝင်ရောက်လာ
- ရွှေမိုဘိုင်းမှ ၎င်း၏ Website Application တစ်ခုဖြန့်ချ...
- iOS 6 Jailbreak ရရှိပြီးသော်လည်း အခက်အခဲအနည်းငယ်ရှိ
- သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ဧပြီလ...
- CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည...
- Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား
- LG Optimus L7 P700
- My Trip Tracker
- CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ
- ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား စေ...
- မြန်မာစာ အပြည့်အ၀အသုံးပြုနိုင်မည့် JAS မိုဘိုင်းဖု...
- Battery Doctor ဆိုတဲ့ Android Application လေးကိုမြ...
- ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထ...
- ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
- ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ ...
- ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀
-
▼
April
(585)
No comments:
Post a Comment