Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 18 April 2013
“ဗုဒ္ဓနေ့မြတ် အမှတ်တရ”
ဗုဒ္ဓနေ့မြတ် အမှတ်တရ
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ စွန့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့
ငါပါအသက်ဆုံးစေမည်
စိတ်မပျက်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
(ကိုယ်ကျင့်အဘိဓမ္မာနိဒါန်း၊ မဟာဂန္ဓာရုံဆရာတော်)
ကိံ မေ ဧကေန တိဏ္ဏေန ၊ ပုရိသေန ထာမဒဿိနာ။
သဗ္ဗညုတံ ပါပုဏိတွာ ၊ သန္တာရေဿံ သဒေဝကံ။ (ဓမ္မသင်္ဂဏီ အဋ္ဌကထာ နိဒါန်း)
တစ်ယောက်ထည်းတည်း လွတ်မြောက်မှုကို ရယူမယ်ဆိုလျင် ရယူနိုင်တဲ့ အနေအထားရှိပေမယ့် အစွမ်းအစ ရှိတဲ့ ငါ့လိုယောက်ျားကောင်း တစ်ယောက်အဖို့ ကိုယ်တစ်ဦးတည်း လွတ်မြောက်မှုကို ရရုံနဲ့ ကျေနပ်ခဲ့မယ်ဆို ရင်(ကိုယ်လွတ်ရုံးခဲ့မယ်ဆိုရင်) ဘယ်မှာ ယောက်ျားကောင်း တစ်ယောက် ပီသပါ့မလဲ၊ သမိုင်းပေးတာဝန်ကျေတဲ့ လူသားတစ်ဦးဖြစ်နိုင်ပါ့မလဲ၊ ဆင်းရဲနွံတွင်း နစ်နေတဲ့သူတွေကိုလည်း နွံတွင်းကနေ ထုတ်ဆောင်ကယ်တင်မှ တော်မှာပေါ့။ (ဗုဒ္ဓလောင်းလျာ သုမေဓာ)
ဗုဒ္ဓကိုကြည်ညိုစိတ်နဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင့်မေ့သတိရတိုင်း အများဆုံးပေါ်လာတတ်တာက ဗုဒ္ဓလောင်းလျာ သုမေဓာရှင်ရသေ့ ဘ၀ဖြစ်စဉ်က ဒီပင်္ကရာဘုရား ခြေတော်ရင်း ၀ပ်စင်းခတွားရင်း စဉ်းစားမိတဲ့ အထက်က စကားလေးပါ။ တစ်စုံတစ်ယောက်ကို ကြည်ညိုရမှု၊ တစ်ဦးတစ်ယောက်ကို ကိုးစားယုံကြည်ရမှုမှာ တစ်ဦးတစ် ယောက်ရဲ့ အရည်အသွေးက အနှစ်မပါတဲ့ ဟန်ပြသက်သက်လား၊ အပြော သက်သက်လား၊ အပြောတခြား အလုပ်တခြား လူစားမျိုးလားလို့ တွေးတောမိလေတိုင်း ဗုဒ္ဓလောင်းလျာရဲ့ လုပ်ရပ်များက ပြတ်သားခိုင်ကျည်တဲ့ မှတ်ကျောက်တင်စွမ်းရည်များအဖြစ် ကွင်းကွင်းကွက်ကွက် စိတ်မနောထဲ ပေါ်လာလေ့ရှိလို့မို့ နှစ်ထောင်းအားရ ကြည်ညိုမ၀ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ်ပါ။
တခါခါမှာ ဉာဏ်ကင်းတဲ့ မပြတ်မသား မှုန်ဝါးဝါး သဒ္ဓါအားကြောင့် ကိုယ်ပိုင်မဖြစ်စလောက်အရာလေးကို စွန့် လွှတ်ဖို့ တွန့်ဆုတ်နေတတ်တဲ့ အခါများမှာ ဗုဒ္ဓလောင်းလျာ သုမေဓာရဲ့ ဒီစိတ်ထားကို သတိရမိရင် ကိုယ့်မှာ ဖြစ် နေတဲ့ ရွံ့တွန့် စိတ်ထားလေး လွင့်ပါးသွားတတ်အောင် တွန်းအားပေးတတ်သလိုဖြစ်လို့မို့လည်းပဲ ဒီစကားလေး က ကိုယ့်အဖို့ အားဆေးကောင်းကောင်းဖြစ်တတ်လေ့ရှိပါတယ်။ ကောင်းမှုကောင်းရာ လုပ်ငန်းလေးတွေကို လုပ်ဆောင်နိုင်စေဖို့အတွက်လည်း အထောက်အပံ့ကောင်းကို အများဆုံးဖြစ်စေနိုင်ခဲ့ပါတယ်။
ဒီစကားလေးကပဲ သုမေဓာရှင်ရသေ့ရဲ့ စွန့်လွှတ်စိတ်ထားတစ်ခုကိုသာမက သူ့ဘ၀ရဲ့အကြောင်းကိုလည်း တွေးမိစေခဲ့ပါတယ်။ ဒီပင်္ကရာဘုရားခြေတော်ရင်းမှာ နိယတဗျာဒိတ်ပန်း ဆင်မြန်းခွင့်ရနေတဲ့ အလောင်းတော် သုမေဓာအဖို့ အဲဒီလို ဗျာဒိတ်ရတဲ့အနေရောက်အောင် တုနှိုင်းရန်ခက်ခဲမည့် ပါရမီတော်တွေကို တော်တော် ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပူးပြီးသား ဖြစ်လေမှာပါ။ နို့မဟုတ်လို့ သာမန်ပုဂ္ဂိုလ်တစ်ဦးသာဆိုလျင် သုမေဓာဟာ ဗျာဒိတ်ပန်းဆင်မြန်းခွင့်ရသူ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ "တစ်ယောက်ထည်းတည်း နိဗ္ဗာန်ဆုကို ယူခဲ့မယ်ဆို လျင် ရနိုင်တဲ့အနေ ရှိတဲ့ ယောက်ျားမြတ်" ဆိုတဲ့ အဆင့်ကိုရောက်နိုင်မယ် မဟုတ်ပါဘူး။
ဒီအဆင့်ကို ရောက် လာအောင် ပါရမီတော်တွေဖြည့်ဆည်းပူးလာသူ တစ်ဦးအနေနဲ့ ဖြည့်ဆည်းစဉ်က ခိုင်မာတဲ့ပန်းတိုင်တစ်ခု အသေ အချာရှိခဲ့မှာပါပဲ။ ဒီပန်းတိုင်ဆိုတာကလည်း သံသရာဝဋ်ဒုက္ခကနေ ထွက်မြောက်နိုင်ရေးပဲ ဖြစ်မှာပါပဲ။ ဒါက အမြတ်ဆုံးသော နိဗ္ဗာန် သာဖြစ်လေ မှာပါ။ ကိုယ့်အတွက် အမြတ်ဆုံးပန်းတိုင်ကိုရောက်ဖို့ ကြိုးစားအား ထုတ်လာပြီး ပန်းတိုင်ကိုရောက်ဖို့ လက်တစ်ကမ်း အရောက်မှာမှ ကိုယ့်အတွက် ကိုယ့်အရေးကိုစွန့်လွှတ်ပြီး အများသတ္တ၀ါအတွက် ငဲ့ကွက်စဉ်းစားတော်မူခဲ့တဲ့ သုမေဓာရသေ့ရဲ့ မြင့်မြတ်စိတ်ထားနဲ့ စွန့်လွှတ်အားက လေး စားအားကျလို့ မဆုံးနိုင်စရာ၊ အတုယူစရာ မြင့်မြတ်တဲ့ စံပြုဖွယ်တစ်ခုပါ။
ဒီနေရာမှာ ထေရဒါဒ သင်္ဂါယနာ ပိဋကကျမ်းများမှာ မပါဝင်ပေမယ့် ဆရာစဉ်ဆက်ပြောရိုးစဉ်လာမှတ်သားထား ခဲ့ကြတဲ့ စကားဟာလည်း ကြည်ညိုတတ်သူတွေအဖို့ အားမာန်တိုးစေဖွယ်ပါ။ ဗုဒ္ဓအဖြစ်ရောက်တော်မူဖို့ စိတ် ထဲမှာတင် အဓိဋ္ဌာန်နဲ့ ပါရမီတော်တွေ ဖြည့်ကျင့်ခဲ့တာက ခုနစ်အသင်္ချေ။ နှုတ်တော်ကပါ ထုတ်ဖော်ရင်း ပါရမီ တော်တွေ ဖြည့်ကျင့်နေခဲ့တာက ကိုးအသင်္ချေ။ ကိုယ်နှုတ်နှလုံး သုံးပါးအစုံနဲ့ ဖြည့် ကျင့် တော်မူခဲ့တာက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတဲ့။ တကယ်တော့ ဒီတဆင့်စကားက ကြားနာရသူတွေအဖို့ ကြည်ညိုပွားစရာ ဖြစ်စေရုံမက သုမေဓာဆိုတဲ့ ယောက်ျားမြတ်တစ်ဦးဖြစ်လာဖို့ တင်ကြိုကာ ဖြည့်ဆည်းပူးထားတဲ့ ပါရမီတော် တွေကပင်လျင် အံ့မခန်းနှိုင်စရာပါလားရယ်လို့ လှစ်ဟပြသနေသလိုပါပဲ။
နိဗ္ဗာန်ဆိုတဲ့ အမြတ်ပန်းကို လှန်းဆွတ်လို့ယူမယ်ဆိုလျင် လက်တကမ်းမှာပဲရှိတဲ့အနေ ရောက်နေပါလျက် ကိုယ်လွတ်ရုန်း မထွက်ပဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရှည်ကြာ ဆင်းရဲဒုက္ခတွေကို အများနဲ့အတူ မျှဝေခံစားကာ နေတော်မူတဲ့ မြတ်ဗုဒ္ဓလောင်းလျာရဲ့ မဟာ ကရုဏာကြီးမြတ်တော်မူ မှုကိုလည်း ကြက်သီးထမျှ ကြည်နူးအားရ ဖြစ်ခဲ့ရတာလည်း အကြိမ်ရာထောင်မကပါဘူး။
တကယ်တော့ သူ့တစ်ကိုယ်တည်းလွတ်မြောက်မှုအတွက်ဆိုလျင် ရနိုင်တဲ့အခြ အနေကောင်းတွေ ပြည့်ပြည့် စုံစုံရှိပါလျက်ကယ်နဲ့ အများ တကာတွေအတွက် ငဲ့ကွက်ကာ ရနိုင်တဲ့အမြတ်ဆုံးအရာကို စွန့်လွှတ်ခြင်းမှာ အမြတ်ဆုံးအရာကို စွန့်လွှတ်ရုံသက်သက်မျှသာမက အခြားသော ဆင်းရဲဒုက္ခ အမျိုးမျိုးကိုပါ လက်ခံရယူလိုက် သလိုဖြစ်မယ်ဆိုတာ အလောင်းတော် သုမေဓာလို ဉာဏ်ပညာပြည့်ဝသူတစ်ဦးအနေနဲ့ ကောင်းကောင်း သဘောပေါက်လေမှာ မလွဲပါဘူး။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတွင်းမှာ စီးပွားဥစ္စာတွေကိုလည်း စွန့်လွှတ်ရမယ်၊ ချစ်သမီးသား ဇနီးမယား တွေကိုလည်း စွန့်လွှတ် ရမယ်၊ ခြေလက်နားနှာခေါင်း အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ပေးစွန့်ရမယ်၊ အဆုံးစွန် အားဖြင့် လိုအပ်လာသူရှိပါက ကိုယ့်အသက်ကိုပင်လျင် မညှာမငဲ့ ပေးစွန့်ရမယ်၊ ဒီပေးစွန့်ရမှုကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဆင်းရဲဒုက္ခတွေနဲ့လည်း ရင်ဆိုင်ရမယ်။ ဘာတွေကို ဘယ်လိုပင် စွန့်လွှတ်ကာ ပေးဆပ်ပစေ၊ မလိုတမာသူတွေရဲ့ ဆိုးသွမ်းယုတ်မာတဲ့ မမှန်စကားနဲ့ ကဲ့ရဲ့တင်းဆို ညင်ညိုမှုကို ခံရနိုင်ပေလိမ့်မယ်ဆိုတာ ကိုလည်း ကြိုတင်ပြီး သိမြင်ခဲ့လေမှာလည်း မလွဲပါဘူး။
ဗုဒ္ဓသမိုင်းကြောင်းပြန်ကြည့်လျင်ဖြင့် အလောင်းအလျာဘ၀များမှာ ပေးဆပ်ခဲ့ရတဲ့ စွန့်လွှတ်မှုတွေ၊ ကိုယ်စိတ် ဆင်းရဲဒဏ်အပြည့်နဲ့ အများကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ စိတ်ကူးထဲမှာ တောင် စဉ်းစားပုံဖော်လို့ မရနိုင်လောက်အောင်ပင် ခမ်းနားကြီးကျယ်ခဲ့တာကို တွေ့နိုင်ပါတယ်။
ဒါဟာ မမြင် နိုင်တဲ့ အတိတ်ဘ၀တွေမို့ ငြင်းဆန်လိုတယ်ဆို ထားလိုက်ပါဦး။ နောက်ဆုံးဘ၀ အလောင်းတော် သိဒ္ဓတ္ထမင်းသား အခြေအနေ မှာကိုပဲ ပိုင်ဆိုင်တဲ့ထီးနန်း၊ ချစ်လှတဲ့ဇနီးမယားနဲ့ မွေးဖွားစ သားရတနာ ရာဟုလာ။ နောက်ပြီး လည်း မောင်းမမိဿံ ခြွေရံသင်းပင်း။ စွန့်ခြင်းကြီးများစွာကို စွန့်လွှတ်တော်မူခြင်းဟာ အံ့မခန်းပါ။ စွန့်လွှတ်မှုဆို တာ ဖြည့် ဆည်းပူးတော်မူခဲ့တဲ့ ပါရမီလုပ်ငန်းစဉ်များထဲက အနိမ့်ဆုံးဒါနဆိုတဲ့ ပေးကမ်းမှုတစ်ခုရဲ့ သင်္ကေတ မျှသာပါ။ ဒီ ထက်ပိုပြီး ခက်ခဲနက်ရှိုင်းတဲ့ လုပ်ငန်းစဉ်တွေကို အလောင်းလျာ ဖြည့်ကျင့်ဆည်းပူးတော် မူခဲ့ခြင်း တွေ ကိုဖြင့် ရေတွက်ပြ ၊ ပြောပြလို့ ဘယ်လိုမှ စွမ်းနိုင်မယ် မဟုတ်ပါဘူး။ ဘုရားတစ်ပါးရဲ့ ဂုဏ်ကျေးဇူးတရားကို ဘုရားမှတစ်ပါး ဘယ်သူက ကုန်စင်အောင် ပြောပြနိုင်ပါ့လဲ။
အများကောင်းကျိုးဆောင်ဖို့ ကိုယ့်ရဲ့အချိန်အနည်းငယ်လေးမျှ၊ ပိုင်ဆိုင်မှုအနည်းငယ်လေးမျှကိုပင် ခွဲဝေသုံးစွဲ ပေးဖို့ ၀န်လေးတတ်တဲ့ သာမန်သူလိုကိုယ်လိုသူတွေရဲ့ စိတ်ဓာတ်နဲ့တော့ အကွာခြားကြီးလည်း ကွာခြားတော်မူ လှပါတယ်။ အထူးသဖြင့်တော့ သနားခြင်း မဟာကရုဏာ အပေါ်မှာ သတ္တ၀ါတွေကို ကယ်တင်ကာ ဘယ်လို ထုတ်ဆောင်လျင် အသင့်တော်ဆုံးနည်းလမ်းဖြစ်လေမလဲရယ်လို့ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဉာဏ်တော် စွမ်းအား၊ ဉာဏ်အားလျော်စွာ မှန်ကန်စွာအသုံးချနိုင်တော်စွမ်းအားကိုဖြင့် လေးစားအားရ ဖြစ်လို့ပင် မဆုံးနိုင်ပါဘူး။
မှားနေမှန်းသိပါလျက် ဘယ်လိုပြင်ဆင်နိုင်ရမှန်းမသိနိုင်အောင် အမှောင်လမ်းကြားမှာ စမ်းတ၀ါးဝါး သွား ရင်း ကြီးပြင်းနေရတဲ့ သူတစ်ဦးမို့လည်း အမှန်လမ်း ပြနိုင်စွမ်းနိုင်တဲ့ ဗုဒ္ဓအလောင်းတော်များရဲ့ ဉာဏစွမ်းအား တော်နဲ့ အဆုံးဘ၀ မြတ်ဗုဒ္ဓရဲ့ သဗ္ဗညုတ စွမ်းတော်စကို အခါခါမျှော်တ ကြည်ညိုလို့ မ၀နိုင်အောင် ဖြစ်မိရပါတယ်။
ကဆုန်လပြည့်နေ့ (မေလ) ရောက်လေတိုင်း ဗုဒ္ဓအဆုံးအမတရားတွေထွန်းကားတဲ့ နေရာတိုင်းမှာ ဗုဒ္ဓနေ့ပွဲ တော်ကို ကျင်းပကြတယ်။ အလောင်းအလျာဘ၀ကစလို့ ပြုမူခဲ့တဲ့ဗုဒ္ဓရဲ့ အမူအလေ့တွေကို အားကျအတုယူလို့ အတူပြုနိုင်မယ့် ခွန်အားတွေကိုလည်း ကူးယူကာ ပွားစည်ကြစေမယ်ပေါ့။ ရေတွက်နှိုင်းဆလို့ မရနိုင်တဲ့ အသင်္ချေအနန္တ ဂုဏ်တွေထဲက ဂုဏ်တော်တစ်ခုတလေမျှ တို့တွေရဲ့နှစ်လုံးသားမှာ ထင်ဟပ်လာမယ်ဆိုလျင် ကိုပဲ ဘယ်လောက် ဂုဏ်ယူဖွယ် လူသားတစ်ဦးဖြစ်လာနိုင်လေမလဲ။ ကောင်းဂုဏ်ဆိုတာ အတုယူ အားကျကာ ထုံပွားရတာမျိုးပဲ မဟုတ်လားလေ။
ဗုဒ္ဓနေ့ မဟာပဌာန်းပူဇော်ပွဲတဲ့။ ဗုဒ္ဓဂုဏ်တော်တွေကို မှန်းမျှော်ကာ ပူဇော်မှုတစ်ခု ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ ၀ိဟာရမှာ ပြုလုပ်ကြမယ်။ အသင်္ချေအနန္တ ဂုဏ်ပေါင်းခတဲ့ မဟာလူသားမြတ်ဗုဒ္ဓကို အနန္တနယ နည်းစုံလှတဲ့ မြတ်ဓမ္မနဲ့ အမှတ်တရ ပူဇော်ကြမယ်။ ရေချမ်းဆီမီး ပန်းသစ်သီး တို့ဖြင့်လည်း ၀မ်းသာအားရ ပူဇော်ကြမယ်။
ဗုဒ္ဓ ဘုရားရှင် လောကသားများအတွက် တရားဓမ္မစက်ကို ဖြန့်ကျက်နိုင်စေဖို့ သဗ္ဗညုတရွှေဉာဏ်တော်ကိုရကာ ဘုရားအဖြစ်ရောက်တော်မူခဲ့တာ ဒီနှစ်ဆို နှစ်ပေါင်း ၂၆ဝဝ တိတိ ပြည့်မြောက်ခဲ့ပြီ။ ဗုဒ္ဓညွှန်ပြတော်မူခဲ့တဲ့လမ်း အတိုင်း လျှောက်လှန်းခဲ့ကြလို့ (ဝိမုတ္တိသုခ) လွတ်မြောက်ရေးချမ်းသာ ပန်းတိုင်ဆီ ဆိုက်ရောက်ခဲ့ကြတဲ့ ဝေနေ ယျတွေလည်း အသင်္ချေမက အပမာဏ မက။ အနန္တရယ်မှ အနန္တာ။
တကယ်တော့ ဂုဏ်တော်တွေ အသင်္ချေအနန္တနဲ့ ပြည့်ဝတော်မူတဲ့ ဗုဒ္ဓကို ခုလို ပူဇော်ခြင်းက တကယ့်ကိုမှ မဖြစ် စလောက် အတိုင်းအတာလေး မျှသာပါ။ သို့ပေမယ့် ဒို့တွေအားလုံးရဲ့ နှလုံးသားမှာ ကိန်းတည်နေတဲ့ ဗုဒ္ဓကို ယုံကြည်မှုသဒ္ဓါတရားကတော့ ဗုဒ္ဓဂုဏ်တော်တွေအလား ရေတွက် ပိုင်းခြား လို့ ရနိုင်မယ် မထင်ပါဘူး။ အနှိုင်းမဲ့ ဂုဏ်သခင် ဘုရားရှင်ကို အနှိုင်းမဲ့ ကြည်ညိုသဒ္ဓါစွမ်းအားတွေနဲ့ ပူဇော်ကြတဲ့ပွဲမှာ သင်လည်းပါ၊ ငါလည်းပါ၊ ညီညာစွာ ကုသိုလ်ဒါနတွေ ပူးပေါင်းပါဝင်ခြင်းဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒို့တွေရဲ့ ဒီလုပ်ရပ်ကပဲ သံသရာရေအယဉ်ကြောမှာ မျောပါလှုပ်ရှားရင်း ရုန်းကန်ကူးခတ်နေတဲ့ ဒို့တွေကိုလည်း နိဗ္ဗာန်ဆိုတဲ့ ကြည်းကုန်းပေါ် ရောက်အောင် ထုတ်ဆောင်ကယ်တင်တဲ့ အားအစွမ်းတွေကို ပေးနိုင်လိမ့်မယ်။ ဒီ အားအစွမ်းတွေကိုပေးတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာသနာကြီး (တစ်နည်းအားဖြင့်) ဓမ္မအလှတရားတွေ အရှည် ပြန့်ပွားတည်တန့်နိုင်စေဖို့အတွက် အားကူလုပ်ဆောင်ပေးသလိုလည်းပဲ ဧကန်အမှန် ဖြစ်လိမ့်မယ်။ ဒါဟာ ၀မ်းမြောက်ဂုဏ်ယူစရာ ကောင်းမြတ်မွန်ရည်တဲ့ မင်္ဂလာတစ်ပါးပင်ဖြစ်ပါတယ်။ ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာတစ်ဝှမ်း ပြန့်ပါစေ
ကမ္ဘာတစ်ဝှမ်း သာသနာလွှမ်း သာယာငြိမ်းချမ်းကြပါစေ။
မေတ္တာများဖြင့်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
April
(585)
- Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထို...
- Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း
- Huawei U8825D Android Version 4.04 Root လုပ်နည်း
- Sony Xperia Miro
- iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)
- ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန...
- iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံြး...
- နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆို...
- Samsung Galaxy S III Mini မိတ်ဆက်ပြသ
- Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်
- ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မ...
- မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းန...
- မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များ...
- Huawei U8818 Version 2.3.6 Root လုပ်နည်း
- Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း
- Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Pas...
- မိုဘိုင်းဖုန်း Driver များစုစည်းမှု
- External Hard Disk ကို Mac မှာရော Windows PC တွေမှ...
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
- ၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့်...
- ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ
- အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ
- စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်
- မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ
- ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ...
- မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်...
- ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့...
- ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်...
- နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ...
- ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ...
- အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားေ...
- မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်
- မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သ...
- သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်
- ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွ...
- ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရေ...
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ...
- မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်...
- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျ...
- တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိ...
- အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ...
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူး...
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟေ...
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာန...
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ်...
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် ...
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာေ...
- သမ္မတ စာကြောင့် မီဒီယာများကို ဧရာဝတီတိုင်း လွှတ်တော်...
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ...
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ...
- မိုးအဝင် နောက် ကျမယ်
- ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်
- Facebook နိုင်ငံသား
- အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ
- ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှ...
- NLD ပါတီ လူငယ်ညီလာခံကျင်းပရန် စီစဉ်
- ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ
- ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်
- ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်...
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူ...
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို...
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလ...
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ေ...
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်...
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ...
- Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ
- Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated ...
- ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုဖြင့် ၀ယ်ယူ...
- Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူမျာ...
- တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်ဝင်ရောက်လာ
- ရွှေမိုဘိုင်းမှ ၎င်း၏ Website Application တစ်ခုဖြန့်ချ...
- iOS 6 Jailbreak ရရှိပြီးသော်လည်း အခက်အခဲအနည်းငယ်ရှိ
- သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ဧပြီလ...
- CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည...
- Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား
- LG Optimus L7 P700
- My Trip Tracker
- CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ
- ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား စေ...
- မြန်မာစာ အပြည့်အ၀အသုံးပြုနိုင်မည့် JAS မိုဘိုင်းဖု...
- Battery Doctor ဆိုတဲ့ Android Application လေးကိုမြ...
- ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထ...
- ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
- ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ ...
- ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀
-
▼
April
(585)
No comments:
Post a Comment