Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 22 April 2013

မွေးစားချစ်သူ


လရိပ်လည်း..ညို...မိုးလည်းစို
နှလုံးအို အိမ်အ၀.....ရောက်လာသူ..

အ၀ ..လေးမှာဘဲနေချင်နေလို့ရပါတယ်...
ခဏလေးပါဘဲ ....ထိုင်ချင်ထိုင်လို့ရပါတယ်....

နေစဉ်ခဏ....ရွှင်ပြပြနဲ့
မပျင်းရအောင်..ထားပါ့ မယ်...

စိတ်ကလိုအင်  ရယူချင်တာ
ရအောင်ရှာလို့ ပေးပါ.မယ်..

မောပန်းတိတ်ဆိတ်..တရေးအိပ်လည်း
နှလုံးအိမ်ထဲ...သိပ်ပါ.မယ်...

ပျင်းလို့ ငြိုငြင်..အိမ်ပြန်ချင်လည်း
မတားပါဘဲပို့ ပါ့ မယ်...

အသည်းကိုယူသွား
နှလုံးသားကိုနင်းချေ
အပျင်းပြေမကစားခဲ့ ရင်...ပေါ့
တလေးတစားအရေးထားလို့
မွေးစားချစ်သူ..လုပ်ပေတော့ ။

လရိပ်လည်း..ညို...မိုးလည်းစို
နှလုံးအို အိမ်အ၀.....ရောက်လာသူ..
    
ဆက်လက်ကြိုးစားပါဦးမယ်

1 comment:

#ရလနခ said...

ကြိုက်လို့  Credit နဲ့ 
FB မှာ Share လိုက်တယ်နော် :)

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့