Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 12 May 2013

♪♥ ♪ ငါ့မျက်လုံးကိုစေ့စေ့ကြည့်ပါ ♪♥ ♪

ငါ့ကို

မင်းမသိဘူးလို့ပြောရင်

ငါ့မျက်လုံးကိုစေ့စေ့ကြည့်စမ်းပါ


ရင်မခုန်တော့ဘူးလို့ငါယုံသွားလောက်မယ့်

ခပ်စိမ်းစိမ်းမျက်ဝန်းများနဲ့ပေါ့


နာကြည်းချက်တွေကိုလည်းဖုံးကွယ်မထားပါနဲ့

နာကျင်ခဲ့ရတဲ့မျက်ရည်တွေကိုလည်း

ငါမမြင်အောင် ဟန်ဆောင်ထားစမ်းပါကွယ်


တို့နှစ်ယောက်ဟာ

တစ်ချိန်တုန်းကမဆုံခဲ့ရတဲ့ အချစ်ရူး ရူး ခဲ့သူတွေပေါ့

ဒါကိုမင်းမသိဘူးလို့ပြောရင် ငါ့မျက်လုံးကိုစေ့စေ့ကြည့်စမ်းပါ

ငါ မယုံနိုင်အောင်ပြောင်းလဲသွားမယ့် ခပ်စိမ်းစိမ်းစကားလုံးများနဲ့ပေါ့


မေ့နေရင်တောင် မမေ့ဘူးဆိုတဲ့

အမုန်းတရားများနဲ့ အဝေးကိုလွင့်သွားမယ့်

ခြေလှမ်းများဟန်ဆောင်မှုနဲ့ငါ့အနားတိုးလာစမ်းပါ

တို့နှစ်ယောက်ဟာ နောင်ဘ၀အထိ သူစိမ်းတွေ ဖြစ်နေဦးမယ်ဆိုတာ

မယုံမရဲနဲ့ ယုံမှတ်သွားလောက်သည် အထိ
ငါ့ မျက်လုံးကို မင်း စေ့စေ့ကြည့်လိုက်စမ်းပါကွယ်...


♪♥ ♪ ပါရမီ ♪♥ ♪

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့