Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 16 May 2013

ကယ်ဆယ်ရေး အတွက် သောက်သုံးရေသန့်ဗူး များကို ကြိုတင် ထားရှိ



လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ ကြီးမှူးပြီး မုန်တိုင်း အန္တရာယ် ကျရောက်ခဲ့ပါက ကယ်ဆယ်ရေး 
အတွက် သောက်သုံးမယ့် ရေသန့်ဗူး တွေကို ကြိုတင် ထားရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရေသန့်ဗူးတွေ ကိုတော့ လွယ်ဟိန်း ကုမ္ပဏီမှ Alpine ရေသန့်ဗူး ၆ ဗူးပါကဒ် ၈၀၀ ကို လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လှူဒါန်း ထားတဲ့ ရေသန့်ဗူး တွေကို ကြိုတင်ပြင်ဆင်မှု အနေနဲ့ ထားရှိ ထားပြီး ရခိုင်ဒေသသို့ လေယာဉ်နဲ့ ပို့ဆောင် သွားဖို့ ရှိတာ ဖြစ်တယ် လို့လည်း သိရပါတယ်။
 
ရေသန့်တွေ အပြင် ၀န်ကြီး ဌာနမှ တာဝန်ရှိသူတွေ အနေနဲ့လည်း ဒယ်အိုး အကြီးများ၊ ရေကြိုချက် သောက်ဖို့ ရေနွေးအိုးကြီးများ စတာတွေကိုပါ သယ်ယူ ပို့ဆောင်ပေးဖို့ ပြင်ဆင်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို သယ်ယူ ပို့ဆောင်ဖို့ ပစ္စည်းကြီး တွေဖြစ်တဲ့ ဒယ်အိုး အကြီး၊ ဒန်အိုး စတာတွေကို ကုန်းလမ်းမှ ပို့ဆောင်ပြီး ရေသန့်နဲ့ အခြား အလှူရှင်တွေမှ ထပ်မံ လှူဒါန်းလာတဲ့ စားနပ်ရိက္ခာ တွေကိုတော့ လေကြောင်း လိုင်းမှတဆင့် ပို့ဆောင် သွားဖို့ ရှိတာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
 
 
 
 
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့