အမေရိကန် နိုင်ငံမှ ကားထုတ်လုပ်တဲ့ ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Ford Motor ကုမ္ပဏီနဲ့ မြန်မာနိုင်ငံရဲ့Capital Automotive ကုမ္ပဏီ တို့ဟာ ပူးပေါင်းပြီး
ရန်ကုန်မြို့မှာ ကားအရောင်း ပြခန်း တစ်ခု တည်ဆောက် သွားမှာ ဖြစ်တယ်လို့ ဧပြီလ ၃၀ ရက်နေ့က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ Ford ကားကုမ္ပဏီရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ကားအရောင်းပြခန်းကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အင်းစိန် လမ်းမပေါ်မှာ တည်ဆောက် နေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး 35 facility ကားပြခန်း ၀န်ဆောင်မှုနဲ့ Spare-Part များထောက်ပံ့ပေး နိုင်တဲ့ အရောင်းပြခန်း တစ်ခုဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အဆင့်မြင့် အဆောက်အဦးမှာ One ford ကားများ၊ ထရပ်ကားများနဲ့ SUV များကို ယခုနှစ်ကုန်မှာ ပြသ ရောင်းချ သွားမှာဖြစ်ပြီး အသစ် ရောက်လာမယ့် မော်တော်ကားများ အတွက်လည်း အာမခံများနဲ့ ကမ္ဘာ့အဆင့် ၀န်ဆောင်မှုများကို ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမှု အပါအ၀င် မွမ်းမံ သင်တန်း များကိုလည်း အဆိုပါ Ford motor ကုမ္ပဏီမှ စတင်နေပြီဖြစ်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်များထဲမှ တစ်ခုဖြစ်တဲ့ Ford Conversation and Environmental Grant ပတ်ဝန်းကျင် ထိန်းသိမ်းပြုပြင်ရေး အစီအစဉ် ကိုလည်း ယခု နှစ်ကုန်ပိုင်းမှာ စတင် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:
Post a Comment