Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 14 May 2013

၁၀ ကြိမ်မြောက် လိဂ်ဖလားရရှိခဲ့သည့် ဘက်ခမ်း ၁၀ ကြိမ်မြောက် လိဂ်ဖလားရရှိခဲ့သည့် ဘက်ခမ်း



အင်္ဂလန်အကျော်အမော် ဘောလုံးသမားဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း ဟာ ကစားသမားဘ၀တစ်လျှောက် ၁၀ ကြိမ်မြောက်အဖြစ် 
အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ကြောင်းသိရှိရပါတယ်။ ဒေးဗစ်ဘက်ခမ်း ဟာ ပြင်သစ်လီဂူးဝမ်းအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ် အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဘက်ခမ်း အနေနဲ့ မတူညီတဲ့ နိုင်ငံ ၄ နိုင်ငံကနေ အမှတ်ပေးချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးအင်္ဂလန်နိုင်ငံသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုတစ်ပတ်မှာ ကစားခဲ့တဲ့ အိုလံပစ်လိုင်ယွန် အသင်းနဲ့ ပွဲစဉ်မှာ ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲ ပြီးဆုံးဖို့ ၂ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးချန်ပီယံဆုအတွက် သေချာစေခဲ့တာဖြစ်ပါတယ်။
 
ပီအက်စ်ဂျီ အသင်းအနေနဲ့ ဒုတိယနေရာက လိုင်ယွန်အသင်းထက် ၇ မှတ် သာလွန်နေတာလည်းဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း အနေနဲ့ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ အယ်လ်အေဂလက်ဇီ၊ ပီအက်စ်ဂျီအသင်းတွေထဲမှာ ကစားခဲ့ပြီး အဆိုပါအသင်းတွေနဲ့အတူ အမှတ်ပေးချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာ အသက် ၃၈ နှစ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဘက်ခမ်း ကတော့ ဘောလုံး ကစားသမားဘ၀ကနေ အနားယူဖို့ မစဉ်းစားသေးဘဲ ဆက်လက်ကစားဖို့ ရှိနေပါတယ်။ ပီအက်စ်ဂျီ အသင်းကလည်း ဘက်ခမ်း နဲ့ လက်ရှိစာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်ဖို့အတွက် ဆန္ဒရှိနေပါတယ်။ ယခုနှစ်စကမှ အမေရိကန်မေဂျာလိဂ်ကလပ် အယ်အေဂလက်ဇီအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘက်ခမ်း ဟာ ပီအက်စ်ဂျီအသင်းအတွက် ၉ ပွဲပါဝင်ကစားပေးထားပြီး ပါဝင် ကစားခွင့်ရတဲ့အချိန်မှာ အသင်းဖော်တွေဂိုးရရှိဖို့အတွက်  ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့