သူများတွေမသိရလေအောင် hidden folder လေးတစ်ခုဖန်တီးပြီး ဖွက်ထားလို့ရတယ်ဆိုတာကို သိရဲ့လား သိပြီးပြီဆိုရင်တော့
ကျော်သွားလိုက်ပေါ့..ဒီနည်းလေးကမဆိုးဘူးလို့ပြောလို့ရပါတယ် သူက transparent folder လေးတစ်ခုပေါ့ ပြီးတော့ အဲ့ဒီ
ဖိုဒါလေးကို ဖန်တီးပြီးရင်လည်း ၀င်းဒိုး Gadget တစ်ခုခုနဲ့ အပေါ်ကနေအုပ်ထားပြီးဖွက်ထားလိုက်ရင် တော်ရုံလူရှာမတွေ့နိုင်တော့ပါ
ဘူး ဒါကြောင့် လျှို့ဝှက်ချက်တွေများတဲ့သူလို့ကိုယ့်ကိုကိုယ် ယူဆရင်ဒီလိုလေးသာလုပ်ပြီး ဖွက်ထားပါလို့အကြံပြုချင်ပါတယ်။
အရင်ဆုံး ပုံမှန် ဖိုဒါအသစ်တည်ဆောက်သလိုပဲ တစ်ခုလောက်ဖန်တီးလိုက်ပါ..
Desktop နေရာလွတ်လေးမှာ Right Click>new>folder အောက်ကပုံလေးအတိုင်းရမှာပေါ့..
လေးတွေရှိနေပါတယ် ကျွန်တော်ပုံလေးနဲပြထားတာမြှားလေးတွေနဲ့လုပ်ပြထားပါတယ်အဲ့နေရာတစ်ခုခုကိုရွေးပေးပါ
new folder ဆိုတဲ့စာကြောင်းလေးကိုပါ အားလုံးကိုဖျောက်နိုင်မှ hidden ပီသနိုင်မယ်ဆိုတော့ဖျောက်ရအောင်..
Start Button ကိုနှိပ်ပါ ပြီးရင် character map လို့ရိုက်ပြီးရှာပါ တွေ့ပြီဆိုရင် အဲ့ကောင်လေးကိုဖွင့်လိုက်ပါ။
ကိုတွေ့အောင်ရှာပါ ပြီးရင်အဲ့နေရာကိုတစ်ချက်နှိပ် ပြီးရင် select ပြီးရင် ကော်ပီ ပြီးရင်တော့ပြန်ပိတ်လိုက်ရပါပြီ....
ကော်ပီလုပ်ပြီးပြီဆိုရင် ခုနက new folder လေးဆီကို ပြန်သွားပြီး ဖိုဒါလေးပေါ် Right click>rename ကိုရွေးပါ
ပြီးရင် အဲ့ဒီ new folder ဆိုတဲ့ စာသားတွေကို delete လုပ်ပြီး Right click>paste ချပေးလိုက်ရုံပါပဲ..
ပြီးသွားပြီဆိုရင်ပြန်ကြည့်လိုက်ပါ..ဒက်စတော့ပေါ်မှာ ပုန်းနေတဲ့ ဖိုဒါတစ်ခု တည်ဆောက်ပြီးသွားတာကိုတွေ့ရပါမယ်
ပုန်းနေတယ်ဆိုမှတော့တွေ့အောင်တော့ရှာပေါ့နော် မြှားလေးကိုဟိုရွေ့ဒီရွေ့လိုက်လုပ်ကြည့် ဖိုဒါရှိတဲ့နေရာမှာ
ဟိုက်လိုက် လေးပေါ်နေမယ်..
ဒါကတော့လွယ်ပါတယ်သူငယ်ချင်းတို့ကွန်ပူတာလေးပေါ်မှာ အလှဆင်ထားတဲ့ Gadget လေးတွေရှိတယ်ဟုတ်
ပြက္ခဒိန်တို့ နာရီတို့ ဘာတို့ပေါ့.. အဲ့ကောင်လေးတွေကို drag ဆွဲပြီး ခုနကဖန်တီးထားတဲ့ ဖျောက်ထားတဲ့ဖိုဒါလေး
ပေါ်တင်ထားပေးလိုက်ရုံပါပဲ ကဲဒါဆိုရင်တော့ လုံးဝကို ကိုယ်တိုင်ပဲသိတဲ့ အရေးကြီးတဲ့အရာတွေကိုဝှက်ထားမယ့်
ဖိုဒါလေးတစ်ခုတည်ဆောက်ပြီးစီးသွားပါပြီ...
No comments:
Post a Comment