မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ အေးဇရပ်ရက်ကွက်အတွင်း ရပ်ကွက်သူ ရပ်ကွက်သားများမှ အလှုငွေထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ ပြုပြင်ထားသော ထောင့်ငါးရာပေအရှည်ရှိ လမ်းဖွင့်ပွဲတွင် ပါတီတခုမှ ဝင်ရောက်နာမည်ကောင်းယူ၊ ဆိုင်းဘုတ်တပ်သွားသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။ယင်းလမ်းဖောက်လုပ်ရန်အတွက် သုံးဆယ့်ငါးသိန်းမျှ ကုန်ကျပြီး ရပ်ကွက်သူ ရပ်ကွက်သားများထဲမှ မိမိတက်နိုင်သလောက် ထည့်ဝင်ကာ ရှစ်လပိုင်းမှ စတင်ပြုပြင် ဖောက်လုပ်ခဲ့သော လမ်းသစ်ကြီးအား ၂၄.၉.၂၀၁၃နေ့လည်၁၂နာရီတွင် လမ်းသစ်ဖွင့်ပွဲကျင်းပခဲ့ပြီး တစညပါတီမှ ပါတီဆိုင်းဘုတ်တပ်ကာ
စည်းရုံးရေး အသွင်ဆန်ဆန် လုပ်ဆောင်သွားသဖြင့် မိမိတို့အလှုရှင်များ အနေဖြင့် လက်သင့် မခံနိုင်ကြောင်း၊ နောင်တွင်လည်း အလားတူဖြစ်ရပ်မျိုး မဖြစ်စေလိုကြောင်း ပြောသည်။
“အလှုရှင်တွေကိုလည်း လမ်းသစ်ဖွင့်ပွဲမှာ မဖိတ်ဘူး။ပါတီဆိုင်းဘုတ်တပ်မှာကိုလည်း ဘယ်သူ့မှအကြောင်းမကြားပဲ အုပ်ချုပ်ရေးမှုးက သူ့သဘောနဲ့သူလုပ်သွားတယ်။အလှုခံတုန်းကလည်း ပါတီကိစ္စလို့ပြောပြီး အလှုခံတာမဟုတ်ပါဘူး။ရပ်ကွက်အတွက်ဆိုလို့ ဝိုင်းဝန်းလှုကြတာကို အားလုံးပြီးပြီဆိုမှ ပါတီဆိုင်းဘုတ်တပ်ပြီး စည်းရုံးရေးဆင်းတာကတော့ မဖြစ်သင့်ဘူး”ဟု အလှုရှင်တစ်ဦးမှ ပြောသည်။
ယင်းရပ်ကွက်ရာအိမ်မှုးမှာ တဆညပါတီဝင်ဖြစ်ပြီး လမ်းပြင်ရန်အတွက် ဘိလပ်မြေအိတ်ငါးဆယ်(ကာလတန်ဖိုး-တသိန်းခွဲ)ထည့်ဝင်လှုဒါန်းခဲ့ကြောင်းသိရသည်။
No comments:
Post a Comment