မနေ့က နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ အပါအဝင် အီးယူ၊ နော်ဝေ၊ ဆွစ်ဇာလန် နိုင်ငံတွေက သံအမတ်ကြီးတွေ ဘူးသီးတောင်မြို့မှာ ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်စလင် နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် မွတ်စလင်တွေဘက်က လွတ်လပ်စွာ သွားလာခွင့်ရရှိရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုစဉ် ဝန်ကြီး ဦးခင်ရီက အခုလို ဖြေကြားခဲ့တာပါ။
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေအတွက် နိုင်ငံသားအခွင့်အရေး ရရှိရေးကိစ္စကိုဆောင်ရွက်ဖို့ ဒေသတွင်းမှာ အစဉ်အဆက်အမှန် တကယ်နေထိုင်ခဲ့ခြင်းရှိမရှိ ဆိုတဲ့အချက်အလက်တွေကို မှတ်ပုံတင်စာရင်းရေးသွင်းဖို့ အဓိကကျသလို အဲဒီအချက်အလက်တွေကို မှတ်ပုံတင်စာရင်း အသွင်းမခံဘူးဆိုရင် ရှေ့ဆက်ဆောင်ရွက်ဖို့ အခက်အခဲရှိကြောင်းလည်း ဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရေရှည်အတွက် အတိတ်သမိုင်းနဲ့ အငြင်းပွားဖွယ်ရာကိစ္စရပ်တွေကို ဘေးဖယ်ထားပြီး အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
RFA Burmese

No comments:
Post a Comment