သူ့ရင်ထဲမှာ ဘာတွေများ ပုန်းကွယ်နေလဲ... ဘာတွေများ လျှို့ဝှက်ထားလဲ..
သူသိအောင် ပြောပြချင်ပေမယ့် မိန်းကလေးဘ၀မို့ ပညတ်ချက်တွေကြားမှာ အသက်ရှင်နေထိုင်ရတဲ့
သူမ ဘ၀ကို သူ စာနာပေးနိုင်ပါ့မလား။ သူကရော သူမအပေါ် တူညီတဲ့ မေတ္တာတွေ ။
ဒါမှမဟုတ် သူမ အပေါ်မှာ သူငယ်ချင်း တစ်ယောက်လို သံယောဇဉ် အဖြူရောင်သက်သက်ပဲလား။
ဒါဆိုရင် သူမ အချစ်က တကယ်ကို ဆိုင်သူမသိတဲ့ အချစ်ပဲလား။ ဒီလို အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ
သူမကို ထိုးနှက်နေကြတာ သူသိနိုင်ကောင်းပါရဲ့လေ...
ဟုတ်တယ်....သူမ နဲ့ သူက ငယ်သူငယ်ချင်းမဟုတ်ဘူး ကျောင်းနေဖက်လဲ မဟုတ်ဘူး ၊တမြို့တည်း တွေလည်းမဟုတ်ဘူး...သူမ သူ့ကိုတွေ့ခဲ့တာက
ရွှေမြို့တော်ဆိုတဲ့ အေးချမ်းတဲ့ ၀က်ဆိုဒ်လေးမှာ တွေ့ခဲ့တာ သူက အမြဲဖော်ရွှေပြီး..အမြဲတည်တည်တံ့တံ့ နေတတ်တဲ့သူ...စကားပြောနည်းပြီး စိတ်ထားဖြူစင်
မြင့်မြတ်တဲ့သူ...
သူမ သူ့မျက်ဝန်းညို့ကို အကဲခတ်ရင်း သူ့စိတ်ကို ဖတ်နိုင်ဖို့ ကြိုးစားမိတယ်။ သူဟာ ခံစားချက်တွေ ဘယ်တော့မှ ထုတ်မပြောတတ်တဲ့
လူတစ်ယောက်ဆိုတာ သူမသိတယ်လေ။ သိပ်နားလည်ရခက်တဲ့ သူ့ကို သူမ တွယ်တာနေမိပြီဆိုတာ သိလိုက်ရတဲ့နောက် သူမလေ...
ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မဆုံးနိုင်ဘူး။ မအောင်မြင်နိုင်မှန်း သိပေမယ့်လည်း ကိုယ့်ကိုယ်ကို တားနေမိတယ်။ ဒီလူ့အကြောင်း ထပ်မတွေးနဲ့ ... ဒီလို လူတစ်ယောက်အတွက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာလားပေါ့။ တစ်ကယ်တမ်းတော့ သူဟာ သူမစိတ်အစဉ်ကို မိုးလင်း မိုးချုပ် ပိုင်ဆိုင်ထားသူပါ။
သူမအတွေးယဉ်ကြောမှာ စက္ကန့်မလပ် စိုးမိုး နေရာ ယူထားသူပါ။
ကိုယ်က စပြီး အရမ်းချစ်ပါတယ်လို့ပြောဖို့ မဖြစ်နိုင်တဲ့မိန်းကလေးရဲ့ ဘ၀မှာ ရင်ထဲက ခံစားချက်တွေကို ကဗျာတွေ အဖြစ်ဖန်တီးတယ်..အချစ်စာစုလေးတွေရေးတယ်..ဒါတွေကို
သူ သိပါလေစ....မနက်မိုးလင်းလို့မျက်လုံးတစုံဖွင့်မိပြီဆိုတာနဲ့ စိတ်က သူ့ကိုတွေ့ချင်နေတာ ..သူနဲ့စကားဘယ်လိုစပြောရင်ကောင်းမလဲ အကြံထုတ်နေမိတာ..
မိန်းကလေးဘ၀ဆိုတော့လဲ အိနြေ္ဒာရေ သိက္ခာတွေလည်း ထိန်းရသေးတယ် ဘာဘဲဖြစ်ဖြစ် သူနဲ့တွေ့မှာကိုဖြစ်မှာ သူအသံလေးနားထောင်ရမှ
တနေ့တာ အတွက် အဓိပါယ်ရှိတာ ...သူစကားတွေကြားမှာ သာယာနေမိတာက သူမ အတွက် အလေ့အကျင့်တခုလိုဖြစ်နေပြီ....မချစ်ဖူးလို့ ရူးတာလား..အချစ်ဦး
မို့ ရူးခဲ့တာလား...ကို့ကိုယ်ကို တောင် နားမလည်နိုင်တော့ပါဘူး.....။
မြို့တော်ထဲကို ၀င်လိုက်ရင် အရင်ဆုံးရောက်မိတာ သူအိမ်လေးပါ...ဘယ်မိန်းကလေးတွေကများ သူ့ကို လက်ဆောင်တွေပေးထားလဲ..
သူကရော ဘယ်သူတွေကို သွားပေးထားလဲ ကြည့်ရတာ အမောပေါ့...သူမ ဆီကို သူ လက်ဆောင်တွေ လာပေးတဲ့နေ့တွေဆိုရင် သူမအတွက် အပျော်ဆုံးနေ့
တွေပါ ... သူက ရိုးရိုးသားသားပဲဖြစ်မှာပါ လို့ တွေးမိလိုက်တိုင်းလဲ သိမ်ငယ်ခဲ့ရတာတွေ များပါပြီ...ဒီလိုနဲ့ဘဲ သူမရဲ့ဘ၀က နေကိုမျှော်ကိုးပြီးရှင်သန်ခဲ့နေရတဲ့
နေလောင်ပန်း နေကြာပန်းလိုပါဘဲ............။
အခုဆိုရင် သူမငိုနေတာ (၂)ရက်ရှိပြီ..မျက်ရည်တွေခမ်းခြောက်ကုန်လို့လားမသိဘူး မျက်ရည်တွေကို မကျနိုင်တော့ဘူး....ဒီလိုတွေ ငိုကြွေူးနေတာကို
သူကိုမသိစေချင်ဘူး...ဘာ့ကြောင့် ငိုနေတာလဲ လို့ မေးခဲ့ရင် သူဖြေနိုင်မှာမဟုတ်ဘူးလေ ...သူမ ငိုနေတာ သူ့ကို အရမ်းချစ်လို့ ဝေးရမှာကြောက်လို့ပါလို့
မသိစိတ်ကပြောချင်နေမိတယ်.....နှလုံးသားရဲ့ တောင်းဆိုမှု့ကို မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒာရေ သိက္ခာဆိုတဲ့ အသိတရားတွေရဲ့ကြားမှာ သူမ နှုတ်ဆီတ်နေမိတယ်...
တကယ်ဆိုရင် ဒီလိုပြောမထွက်ခဲ့တာ သူအထင်သေးခံရမှာကြောက်လို့မဟုတ်ဘူး သူ တန်ဖိုးမထားမှာကြောက်လို့မဟုတ်ဘူး...... သူက မချစ်နိုင်ဘူးလို့ပြော
လာမယ့်စကားကို အလိုလို ကြောက်ရွံမိနေလို့..နားထောင်နိုင်တဲ့ ခွန်အားမရှိလို့ပါ....အခု အိမ်က အခြားသူတစ်ယောက်နဲ့လက်ထပ်ပေးစားတော့မယ် တဲ့ ...
သူမ အဲဒီအခြားတစ်ယောက်ကို လက်မထပ်နိုင်ဖူးလို့ ငြင်းခဲ့ပေမယ့် မေမေက နင့်မှာ ချစ်သူရည်စားရှိလို့လားတဲ့ ရှိရင်လည်း ခေါ်လာခဲ့ပါတဲ့
...သူမ ဘယ်လိုပြောရမလဲ ..သူမ ချစ်နေတဲ့သူက သူ့ကို ချစ်နေတာတောင် မသိဘူး....သူမဘာလုပ်ရမလဲ ..?သူမဘ၀က ချစ်သူနဲ့ ကွေ့ကွင်းရခြင်း..
မချစ်မနှစ်သက် သူ နဲ့ ပေါင်းဖက်ရခြင်းဆိုတာတွေ တပြိုင်တည်းခံစားရတော့မှာ....အဲဒီလို ဘ၀ကြီးမှာ သူမ အသက်မရှင်ချင်တော့ဘူး......။
ချစ်ရတဲ့သူရယ် အမြန်ဖွင့်ပြောလိုက်ပါတော့....သူမရင်မှာ အရမ်းကို ပူပြင်းတောက် လောင်နေပြီ....။
မိန်းကလေးတစ်ယောက်ရဲ့ တဖက်သတ် အချစ်က တကယ်ကိုဆိုးပါတယ်...ကိုယ်ချစ်တာကို ချစ်တယ်လို့ ပြောပိုင်ခွင့်မရှိတဲ့ မိန်းကလေး တစ်ယောက်ရဲ့ခံစားချက်
ကို ဘယ်သူတွေများနားလည်ပေးနိုင်မလဲ...အရမ်းအေးဆေးတဲ့ သူမ မှာ တိုင်ပင်စရာ သူငယ်ချင်းက လည်းမရှိတော့ သူမအတွက် အမြဲတမ်း မျက်ရည် နဲ့
အဖော်ပြုခဲ့ရတယ်....ယောက်ျားလေးတွေ အသည်းကွဲရင် အရက်၊ဘီယာသောက်ပြီး စိတ်ထွက်ပေါက်ရှာနိုင်ပေမယ့် ...မိန်းကလေးတွေ ခံစားချက်တွေ
မွန်းကြပ်လာရင် အသက်နဲ့ စတေးတတ်ကြတယ်.....သူနဲ့ ပတ်သတ်လာရင် သူမ ဘာကိုမှ မကြောက်ဖူး..သေရာမှာ မကြောက်သလို ...
အဖန်ငါးရာငါကမ္ဘာဆိုတာကိုလည်း မကြောက်ဖူး..သူမ ကြောက်တာက ခုလိုတွေ့ဆုံရတဲ့ တခဏလေးမှာ သူနဲ့အဝေးဆုံးကိုထွက်ခွါသွားရမှာဘဲ....
သူရယ်...ဟောဒီကမ္ဘာကြိး မှာ ဘယ်လိုအရာမျိုးနဲ့မှာ နှိုင်းယှဉ်မရအောင် သိပ်ချစ်ပါတယ်......
ကြယ်လေးတပွင့်ကြွေသွားတယ်....သူမရဲ့ တဖက်သတ် အချစ်တွေကို သူကြားသိနိုင်ပါစေ....ကြယ်ကြွေရင် ဆုတောင်းပြည့်တယ်ကြားဖူးလို့ပါ..
သူမရဲ့ ဆုတောင်းခြင်းအတွက် ကြယ် တွေ အမြဲကြွေပါစေ...............။
အမတစ်ယောက်လို ခင်ရတဲ့ သူတစ်ယောက်ရဲ့ တကယ့်အဖြစ်ပျက်လေးကို အငှားခံစားချက်နဲ့ရေးထားတာပါ....
အမရေ....ကျနော် ရေးခဲ့တယ်နော်........
No comments:
Post a Comment