Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 9 April 2012

စိတ်ဆိုး စိတ်ကောက်တတ်တဲ့ မိန်းကလေးပိုင်ရှင်များအတွက်..

စိတ်လုံးဝမဆိုးတတ်တဲ့မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့အရသာမရှိဘူး
….သင်နောက်ကျတဲ့အခါ…သူမ စိတ်ကောက်တယ်…အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ
….သင် ဆေးလိပ်သောက်တဲ့အခါ…သင့်ကို စိတ်ဆိုးတယ်…အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့
ပါ…သင်အရက်သောက်တဲ့အခါ …စိတ်ဆိုးတယ်…အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ
စိတ်ပူလို့ပါ…ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ…သူမ မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုး
တဲ့အထိ လက်တွဲသွားချင်တယ်လေ…

သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ… သူမ စိတ်ကောက်တယ်…အကြောင်းက သင့်ကို ဂရုစိုက်
လို့ပါ…မုန့်ကိုပဲ ဝေစားမယ်…သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ….သူမရဲ့ မွေးနေ့ကို သင်မေ့တဲ့အခါ…သူမ
 စိတ်ဆိုးမယ်…အကြောင်းက သင်ဟာ သူမရဲ့ မျှော်လင့်ချက်ပါ… သူမရဲ့ မွေးနေ့ကို သင့်ကို အမှတ်ရစေချင်တဲ့သဘောပါ
….

မိန်းကလေးတွေဟာ တရားဟောတဲ့သူလဲဖြစ်တယ်…သူတို့ စိတ်ဆိုးတဲ့အခါ သဘောတရားအမျိုးမျိုးကို နားလည်ခွင့်ရ
ရှိကြတယ်…မိန်းကလေးတွေဟာ တိတ်ဆိတ်တဲ့သူလဲ ဖြစ်နေတတ်ပြန်တယ်… ဒီအခါ.. သူတို့သဘောထားကို နားလည်
ဖို့ ခက်ခဲပြန်တယ်….မိန်းကလေးတွေဟာ သူတို့ရဲ့ ဘေးမှာရှိတဲ့ ယောက်ျားလေးဆီက တောင်းဆိုတယ်…မျှော်လင့်ချက်
တွေ ရယူချင်တဲ့သဘောက… သူတို့ဟာ မကြာခဏ ဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ပဲ…

ဒါကြောင့် မိန်းကလေးတွေက ယောက်ျားလေးတွေကို အလွယ်တကူ စိတ်ဆိုး စိတ်ကောက်တာဖြစ်တယ်….
တကယ်လို့ သင့်ဘေးမှာ စိတ်ကောက်တတ်တဲ့ ကောင်မလေး ရှိရင်…သင် ကံကောင်းပြီလို့မှတ်ပါတော့….
သင့်မှာ စိတ်ဆိုးတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်တော့ သူမကို တန်ဖိုးထားပါတော့…အကြောင်းက
စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ…. :)တကယ်လို့…တစ်နေ့ကျရင်…သူမ သင့်အပေါ်
စိတ်မဆိုးတော့ရင် ဘာဖြစ်လာမလဲ ….သင်က ထင်ချင်ထင်မယ် နားအေးသက်သာသွားမှာပေါ့… အခုမှ အေးဆေး
နေရတော့မယ် လို့ထင်နိုင်ပါတယ်…

တကယ်တော့သင်တစ်ယောက်တည်း အမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ခြားမှု နဲ့ အထီးကျန်စွာ
နာကျင်ခြင်းကို တစ်ဦးတည်းခံစားရမှာဖြစ်တယ်…သင့်ကို ပူပန်စိုးရိမ်မှုနဲ့ ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက်
ကိုယ့်ဘာသာ လမ်းဆက်လျှောက်ရမှာဖြစ်တယ်…မှားယွင်းခြင်းတွေကြုံလဲ သတိပေး တားမြစ်တဲ့ သူဆိုတာ မရှိနိုင်
တော့တဲ့အတွက်…မှားပြီးရင်း ထပ်မှားဖွယ်ရာ ဖြစ်လာနိုင်တယ်….အဆုံးမှာ မိမိကိုယ်ကို ယုံကြည်ခြင်းပျက်သုဉ်း
လာပြီး…အိပ်မရတဲ့ ညတွေကို ဖြတ်သန်းရတော့မှာဖြစ်တယ်….

ဒါကြောင့် မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်…သူတို့ရဲ့ သဘောထားကို မြင်အောင်ကြည့်ပေးပါ..
ကိုယ့်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်တော့မှ
မလုပ်ပါဘူး…သူ့မှာ အကြောင်းရင်းရှိပါတယ်…သူ့ရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်….
ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ချစ်ခရီးလမ်းဟာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့….


ကျေးဇူးတင်ပါတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့