Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 12 April 2012

ပိတောက်သစ္စာ

ပန်းတွေ ပွင့်ပြီ....မောင်
ပိတောက်တွေ....ပေါ့...မောင်
ခူးကြ ချိုးကြ နဲ့.ဆူဆူညံညံ ပါပဲ
ကြွေကျ သွားလို့မြေပေါ်မှာ ကျသွားတဲ့
ပိတောက်ဖူးလေးတွေ အပွင့်လေးတွေ...
မေ....သနားမိတယ်။
လူတွေက အပင်ပေါ်က ပန်းကိုဘဲ
တန်ဖိုးထားကြတာ...
သူတို့ ကြောင့်မြေပေါ်ရောက်သွားတဲ့
ပန်းပွင့်လေးတွေကိုတော့

နင်းသွားကြတယ်လေ။..
ပန်းလေးတွေက စိတ်မဆိုးပါဘူး
သူတို့ ရဲ့အလှကို ..လူတွေ. အတွက်ဆိုပြီး
အစွမ်းကုန်..ထုတ်ပြနေကြတယ်။
ချစ်သူတွေအတွက်....
ချစ်ခြင်းသက်သေ အဖြစ်လည်း
ပိတောက်က ပါရသေးတယ်။
နှစ်သစ်ဦးမှာ မင်္ဂလာ ပန်းအဖြစ်လည်း
ပိတောက်က ပါရသေးတယ်။
မေ တို့ ..
ပိတောက်ကို သစ္စာ မဲ့တဲ့ပန်းလို့
မခေါ်ကြစို့လားဟင်........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့