အလွမ်းတို့ဆွတ်ပျံ့သင်းတဲ့
အနမ်းတို့တမ်းတချင်စရာ
အခုလိုညတစ်ညမှာ........
ငါ့ချစ်သူမင်းတစ်ယောက်တော့
နှစ်ခြိုက်စွာ အိမ်မတ်ကမ္ဘာမှာပျော်မြူးနေရောပေါ့
အိပ်ပါချစ်သူရယ်.........
မင်းကိုသတိရတဲ့စိတ်နဲ့
အဆိပ်တက်ခဲ့တဲ့ ညတွေတိုင်း
ငါ့အိပ်စက်ချိန်တွေ ဘယ်လောက်ကုန်ကုန်
နောင်တမရခဲ့ပါဘူး......
ကောင်းကင်နဲ့မြေကြီးတို့လို
မြင်နေလျှက်နဲ့ မဝေးရအောင်
မင်းနဲ့ငါ့ကြား ညီမျှခြင်းအတွက်
ငါ့အချစ်နဲ့ လိုက်လျောမူ့တွေ
ဘယ်လောက်ပဲပေးဆပ်ခဲ့ပေမဲ့
ထိရှအက်ကွဲလွယ်တဲ့ နှလုံးသားကို
ရက်ရက်စက်စက် ဒဏ်ရာတွေနဲ့
ကံကြမ္မာကဝေးနေစေခဲ့တယ်လေ။
နွေအကြောင်းကို ....
ကော့နေအောင်လိပ်နေတဲ့ သစ်ရွက်ကလေးတွေသိကြသလို
မင်းအကြောင်းကိုလည်း.....
အဆုံးအစမဲ့ မြတ်နိုးခြင်းတွေနဲ့
ငါ့နှလုံးသားကသိပါတယ်.....
မင်းမလိုချင်တဲ့ ဒဏ်ရာများစွာကိုဆန့်ကျင်ရင်း
သန်းခေါင်ယံညရဲ့အောက်မှာ
ငါတစ်ယောက်တည်း လမ်းလျှောက်လို့
ခေါက်ချိုးထားခဲ့တဲ့
ဒိုင်ယာယီ စာမျက်နှာလေးတွေပေါ်က
လွမ်းဆွတ်ခြင်း စာသားတချို့တ၀တ်အတွက်
သတိတရ ကြေကွဲညတွေထဲက
ဒီညမှာလည်း.............
မျက်ရည်တွေနဲ့ပဲမိုးလင်း ၊မျက်ရည်ဝဲမိတဲ့
ကြေကွဲ နေ့စွဲလေးတွေထဲမှာ
အဖော်မဲ့လူအဖြစ်
စစ်မှန်တဲ့ မေတ္တာတရားကိုယ်စား
အကျည်းတန်နေဆဲ ဘ၀နဲ့
"အထီးကျန်" နေဆဲပါ ချစ်သူရယ်............
အနမ်းတို့တမ်းတချင်စရာ
အခုလိုညတစ်ညမှာ........
ငါ့ချစ်သူမင်းတစ်ယောက်တော့
နှစ်ခြိုက်စွာ အိမ်မတ်ကမ္ဘာမှာပျော်မြူးနေရောပေါ့
အိပ်ပါချစ်သူရယ်.........
မင်းကိုသတိရတဲ့စိတ်နဲ့
အဆိပ်တက်ခဲ့တဲ့ ညတွေတိုင်း
ငါ့အိပ်စက်ချိန်တွေ ဘယ်လောက်ကုန်ကုန်
နောင်တမရခဲ့ပါဘူး......
ကောင်းကင်နဲ့မြေကြီးတို့လို
မြင်နေလျှက်နဲ့ မဝေးရအောင်
မင်းနဲ့ငါ့ကြား ညီမျှခြင်းအတွက်
ငါ့အချစ်နဲ့ လိုက်လျောမူ့တွေ
ဘယ်လောက်ပဲပေးဆပ်ခဲ့ပေမဲ့
ထိရှအက်ကွဲလွယ်တဲ့ နှလုံးသားကို
ရက်ရက်စက်စက် ဒဏ်ရာတွေနဲ့
ကံကြမ္မာကဝေးနေစေခဲ့တယ်လေ။
နွေအကြောင်းကို ....
ကော့နေအောင်လိပ်နေတဲ့ သစ်ရွက်ကလေးတွေသိကြသလို
မင်းအကြောင်းကိုလည်း.....
အဆုံးအစမဲ့ မြတ်နိုးခြင်းတွေနဲ့
ငါ့နှလုံးသားကသိပါတယ်.....
မင်းမလိုချင်တဲ့ ဒဏ်ရာများစွာကိုဆန့်ကျင်ရင်း
သန်းခေါင်ယံညရဲ့အောက်မှာ
ငါတစ်ယောက်တည်း လမ်းလျှောက်လို့
ခေါက်ချိုးထားခဲ့တဲ့
ဒိုင်ယာယီ စာမျက်နှာလေးတွေပေါ်က
လွမ်းဆွတ်ခြင်း စာသားတချို့တ၀တ်အတွက်
သတိတရ ကြေကွဲညတွေထဲက
ဒီညမှာလည်း.............
မျက်ရည်တွေနဲ့ပဲမိုးလင်း ၊မျက်ရည်ဝဲမိတဲ့
ကြေကွဲ နေ့စွဲလေးတွေထဲမှာ
အဖော်မဲ့လူအဖြစ်
စစ်မှန်တဲ့ မေတ္တာတရားကိုယ်စား
အကျည်းတန်နေဆဲ ဘ၀နဲ့
"အထီးကျန်" နေဆဲပါ ချစ်သူရယ်............
No comments:
Post a Comment