ကံတရားသည် အကျိုးပေးစဉ်အရ လေးမျိုးရှိသည်။ ၎င်းတို့မှာ ဂရုကကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ တို့ဖြစ်ကြသည်။
ဂရုက ကံ
ဂရုကကံ ဟူသည်မှာ ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးနှင့်ဆိုင်၍ စုတိ၏အခြားမဲ့ သေလွန်ပြီးသည့် နောက်၌ မလွဲမသွေ အကျိုးပေးနိုင်လောက်အောင် အင်အားကြီးသော ကံဖြစ်သည်။ ကုသိုလ်အရာတွင် အင်အားကြီးမားကြကုန်သော ဈာန်တရားများ(မဟဂ္ဂုတ်ကံ) နှင့် အကုသိုလ် အရာတွင် အပြစ်ကြီးမားကြကုန်သော အာနန္တ ရိယကံ (ဘ၀မခြား အကျိုးပေးသော ကံ)၊ နိယတမိစ္ဆာဒိဋ္ဌိကံ (ကိန်းသေပေါက်) ငရဲရောက်စေနိုင်သောကံများ ဖြစ်ကုန်၏။
ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံခေါ်ဆိုရသော ဈာန်တရားသည် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် ဟူ၍ ရူပကုသိုလ်ဈာန်ငါးပါး၊ အာကာသာနဉ္စာယတနဈာန်၊ ၀ိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေ၀သညာနာသညာယတနဈာန် ဟူ၍ အရူပကုသိုလ် ဈာန်လေးပါးအားဖြင့် စုစုပေါင်း ၉-ပါး ရှိသည်။ ထိုဈာန်တရားကိုရသော သူသည် ဈာန်လက်ရှိဖြင့် ဤဘ၀မှ စုတေကွယ်လွန်သောအခါ ဧကန်ပင် ဗြဟ္မာ့ပြည်၌ ဖြစ်ရမည်။ ကုသိုလ်အရာ၌ စွမ်းအင်ကြီးမားသော ကံတရားပင်ဖြစ်၍ ကုသိုလ်ဂရုကကံဟု ခေါ်သည်။
အကုသိုလ်အရာ၌ အာနန္တရိယကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိကံတို့သည် ဂရုကကံများ ဖြစ်ကြကုန်၏။ အာနန္တရိယ ကံဆိုသည်မှာ သေသည်မှ အခြားမဲ့ ဒုတိယဘ၀၌ ငရဲတွင် အကျိုးပေးလေ့ရှိသော ကံဖြစ်သည်။
ထိုအာနန္တရိယကံသည် မာတုဃာတက (အမိကို သတ်မူ) ပိတုဃာတက(အဘကိုသတ်မူ) အရဟန္တ ဃာတက(ရဟန္တာကို သတ်မူ) လောဟိတုပ္ပါဒက(ဘုရားရှင်၌ သွေးစိမ်းတည်အောင်ပြုမူ) သံဃဘေဒက (သံဃာချင်း ကွဲပြားအောင် သင်းခွဲမူ) ဟူ၍ ငါးမျိုးရှိသည်။ ငါးမျိုးရှိသဖြင့် ပဉ္စာနန္တရိယကံ ဟုလည်းခေါ်သည်။
အမိအဘမှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သေစေလိုသောစိတ်ဖြင့် သတ်လျှင် ကံကြီးထိုက်သည်။ မိဘက တိရစ္ဆာန်ဖြစ်လျှင်(သို့မဟုတ်) မိမိက တိရစ္ဆာန်ဖြစ်လျှင် အာနန္တရိယကံမထိုက်သော်လည်း ထိုကံလောက်နီးနီး အပြစ်ကြီးလှသည်။ ရဟန္တာသတ်မူ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုမူတို့သည်လည်း ကံကြီးများ ဖြစ်ကြသည်။
သံဃာအချင်းချင်း ကွဲပြားအောင်(နှစ်စုခွဲ၍ တပြိုင်နက် ကံပြုအောင်) အားထုတ်စီမံ၍ အထမြောက်လျှင် အားထုတ်သူသည် သံဃဘေဒက ကံထိုက်သည်။ ထိုကံသည် ရဟန်းသံဃာနှင့်သာ သက်ဆိုင်သည်။ သံဃာ အချင်းချင်းကွဲပြားအောင် အားထုတ်မူကို သံဃဘေဒကကံဟု ဆိုသည့်အတိုင်း ရပ်ရွာနယ်ပယ်တို့၌ သံဃာတော်အချင်းချင်းကွဲပြားအောင် ကြံဆောင် အားထုတ်သော လူသာမဏေတို့သည်လည်း အကုသိုလ်ကြီးမား လှသဖြင့် သတိပြုသင့်ကြ၏။
ဤပဉ္စာနန္တရိယကံ (၅)ပါးတွင် တပါးပါးကို ကျူးလွန်မိလျှင် သေသည်၏ အခြားမဲ့၌ အ၀ီစိငရဲသို့ ကျရောက်မည်။ ဤကံငါးပါးတွင် သံဃဘေဒကကံသည် အပြစ်ကြီးဆုံးဖြစ်သည်။ အ၀ီစိငရဲ၌ အားယကပ်ပတ်လုံး အ၀ီစိငရဲဘုံသက်နှင့် အညီအမျှ ခံရသော (ကပ္ပဋ္ဌိက) ကံကြီးဖြစ်သည်။ လောဟိတုပ္ပါဒကကံတွင် ဘုရားစေတီများကို ဖျက်ဆီးခြင်း ဗောဓိညောင်ပင်ဖျက်ဆီးခြင်း စသည်တို့သည်လည်း ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်သောကံကြီးနှင့် အလားတူအပြစ် ကြီးလှသည်။
သံဃဘေဒက လောဟိတုပ္ပါဒက အရဟန္တဃာတက မာတုဃာတက ပိတုဃာတကကံတို့သည် အစဉ်အတိုင်း အပြစ်ကြီးလေးကြ၏။ မာတုဃာတကကံ ပိတုဃာတကကံ နှစ်ပါးလုံးကို ပြုမိရာ မိဘနှစ်ဦးသီလရှိခြင်း၊ မရှိခြင်းတူလျှင် မာတုဃာတကကံက အကျိုးပေး၏။ အဘက အမိထက် သီလအကျင့် သာနေပါမူ ပိတုဃာတကကံက အကျိုးပေး၏။ နိယတမိစ္ဆာဒိဋ္ဌိခေါ် မိစ္ဆာအယူမှားကို ထာဝရစွဲမြဲနေသူသည်လည်း သေသည်နောက် ငရဲရောက်ရမည် ဧကန်ဖြစ်သည်။
အာသန္န ကံ
သေခါနီးကာလ၌ အောက်မေ့အပ် ပြုအပ်သော ကံသည် အာသန္နကံ မည်၏။ အချို့သော ကုသိုလ် အကုသိုလ်ကံ တို့ကို မသေမီ အချိန် အတော်ဝေးဝေးကာလက ပြုခဲ့ပြီးနောက် သတိမရဘဲ နေခဲ့ပြီး သေခါနီးမှ ထိုကံများကို ပြန်လည် သတိရလာတတ်၏။ ထိုကံသည် ခပ်စောစောက ပြုသောကံ ဖြစ်စေကာမူ သေခါနီး၌ သတိရ အောက်မေ့ဖြစ်ပေါ်လာသော ကံဖြစ်၍ အာသန္နကံမည်၏။ သေခါနီး ကာလ၌ ပြုကြသော တရားနာခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းစသော ကုသိုလ်ကံ၊ ရိုက်ပုတ်သတ်ဖြတ်ခြင်းစသော အကုသိုလ်ကံများသည်လည်း အာသန္နကံများ ဖြစ်ကြ၏။ သေခါနီးတွင် ပြုလုပ်သော ကုသိုလ် အကုသိုလ် ကံများအားလုံးသည် အာသန္နကံများ ဖြစ်ကြ၏။
အာစိဏ္ဏ ကံ
အမြဲမပြတ်လေ့ကျက်ထုံပွားထားသော ကံသည် အာစိဏ္ဏကံမည်၏။ အကုသိုလ်အရာ၌ သူ့အသက်သတ်၍ သူ့ဥစ္စာခိုး၍ အစဉ်အမြဲအသက်မွေးမူ၊ ကုသိုလ်အရာ၌ အမြဲထာဝရ ဒါနမူ၊ သီလစောင့်မူ၊ ကမ္မဋ္ဌာန်းစီးဖြန်းမူ၊ စာပေအရေးအသား ဟောပြောမူ စသည်ဖြင့် အမြဲမပြတ် လေ့ကျင့်ပွားများ စေအပ်သော ကံများသည် အာစိဏ္ဏကံမည်၏။ အကုသိုလ်မူ တစ်ခုခုပြုပြီးနောက် အမြဲသတိရနေမူ၊ နောင်တတဖန် ပူပန်မူ၊ စိတ်နှလုံးမသာယာမူတို့ ထပ်ခါထပ်ခါ တိုးပွားနေလျှင်လည်းအာစိဏ္ဏကံ မည်၏။ အကုသိုလ်မူ တစ်ခုခုပြုပြီးနောက် အမြဲသတိရနေမူ၊ နောင်တတဖန် ပူပန်မူ၊ စိတ်နှလုံးမသာယာမူတို့ ထပ်ခါထပ်ခါ တိုးပွားနေလျှင်လည်း အာစိဏ္ဏကံ ဖြစ်၏။ ထို့အတူ ကုသိုလ်တစ်ခုခုကို ပြုလုပ်ပြီးနောက် အမြဲသတိရ ၀မ်းသာနေမူသည်လည်း အာစိဏ္ဏကံမည်၏။
အာစိဏ္ဏကံသည် ပင်ကိုသဘောအားဖြင့် အာသန္နကံထက် အားရှိသော်လည်း သေသည့်နောက်ဘ၀၌ ပဋိသန္ဓေကျိုးပေးရာဝယ် မရဏာသန္နဇောဝီထိနှင့် နီးကပ်နေသောကြောင့် အာသန္နကံသာလျှင် သာလွန်၍ အရေးပါ အရာရောက်၏။ နွားကျောင်းသားတစ်ဦးသည် ခြံတွင်းသို့ နွားများကို ညနေတွင် သွင်းသည်။ အင်အားချိနဲ့သည့် နွားအိုကြီးတစ်ကောင်မှာ နောက်ကျ၍ ခြံတံခါးဝနား၌ အိပ်ရ၏။ နံနက်စောစော နွားခြံကို ဖွင့်သည်အခါ နွားပျိုများမှာ အားခွန်ဗလကောင်းကြသော်လည်း ခြံအတွင်းဘက်ရောက်နေ၍ ရှေးဦးစွာ မထွက်နိုင်ဘဲ ခြံတံခါးဝနှင့် နီးသော နွားအိုကြီးကသာ ရှေးဦးစွာထွက်ရ၏။ ထိုအတူ အာစိဏ္ဏကံမှာ အားကောင်းသော်လည်း အာသန္နကံက သေခါနီး ကာလမှာဖြစ်သော စုတေစိတ်နှင့် နီးကပ်နေသည့်အတွက် ရှေးဦးစွာ အကျိုးပေးခြင်းဖြစ်သည်။ မရဏာသန္နဇော၌ ကံ ကမ္မနိမိတ် ဂတ်နိမိတ် သုံးမျိုးတွင် တစ်ခုခုသည် ပဋိသန္နေကျိုးပေးမည့်ကံ၏ အစွမ်းသတ္တိကြောင့် ထင်လာမြဲဖြစ်သည်။ ထိုထင်လာသောကံသည် ပဋိသန္နေကျိုးပေးရတော့သည်။ ဤကဲ့သို့ မရဏာသန္နဇော၌ အာရုံနိမိတ် တစ်မျိုးမျိုးထင်စေဖို့ ကိစ္စကိုလည်း ထိုဇောနှင့် နီးကပ်သော အာသန္နကံကသာ ဆောင်ရွက်ပေးနိုင်သည်။
ရှေးရှေးဘ၀တို့၌ ပြုလုပ်ခဲ့သော ကံကို လည်းကောင်း၊ ယခုဘ၀၌ ပြုလုပ်သော ကံများတွင်လည်း ဂရုကကံ အာသန္နကံ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ထိုကံသုံးမျိုးမှ လွတ်သော ကံများကိုလည်းကောင်း ကဋတ္တာကံဟု ခေါ်သည်။ ထိုကံမှာ ယခုဘ၀ပြုလုပ်မူ ကံများနှင့် အတိတ်ဘ၀များက ပြုလုပ်ခဲ့သော ကံများဖြစ်၍ မည်သူမျှ ကဋတ္တာကံနှင့် မကင်းကြပေ။ ဂရုကကံစသည်မရှိလျှင် ကဋတ္တာကံကပင် ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။
ကဋတ္တာ ကံ
ရှေးရှေးဘ၀တို့၌ ပြုလုပ်ခဲ့သော ကံကို လည်းကောင်း၊ ယခုဘ၀၌ ပြုလုပ်သောကံများတွင်လည်း ဂရုကကံ အာသန္နကံ အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ထိုကံသုံးမျိုးမှ လွတ်သော ကံများကိုလည်းကောင်း ကဋတ္တာကံဟု ခေါ်သည်။ ထိုကံမှာ ယခုဘ၀ပြုလုပ်မူ ကံများနှင့် အတိတ်ဘ၀များက ပြုလုပ်ခဲ့သော ကံများဖြစ်၍ မည်သူမျှ ကဋတ္တာကံနှင့် မကင်းကြပေ။ ဂရုကကံစသည် မရှီလျှင် ကဋတ္တာကံကပင် ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 6 April 2012
အကျိုးပေးစဉ်(ပါကဒါန)အရ ကံလေးမျိုး
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
April
(547)
- လူသား ဟုတ်မဟုတ် အငြင်းပွားစေသည့် အလှနတ်သမီး
- အဖြူရောင် အချစ်ကဗျာ စစ်စစ်
- Window 7 ရဲ့ Password ကို Clean လုပ်တဲ့ Software
- ဒူဘိုင်းမှ အံ့မခန်း အားကစားမြို့တော်
- နှင်းခိုတဲ့ငှက်...
- ပန်းအလှူအစွမ်း အံ့မခန်း(ရုပ်ချောချင်ရင် ပန်းလှူပါ)
- ရင်ထဲကပန်း
- WiFi Hack နည်း မြန်မာလို စာအုပ်
- စိတ်ချမ်းသာစေမဲ့ စကားများ
- ♥ပြန်ခဲ့ပါတော့ချစ်တဲ့သူရယ်♥
- အမေ့မျက်ရည်များ
- အသည်းကွဲသူ
- အချစ်ဇာတ်လမ်းလေးတပုဒ်
- ဘ၀တန်ဖိုး
- အချစ်နဲ့ပတ်သက်လာရင်
- အသဲကွဲဇာတ်လမ်း(၁)
- “သမုဒယတွေသာ နှောင်ကြိုးလိုမငင်ခဲ့ရင်…”
- ရရှိထားသောချစ်စရာပုံလေးတွေပါ အားလုံးနဲ.မျှဝေချင်လို.
- ချစ်သူသိစေ
- မန်မာပြက္ခဒိန် MM Calendar for Android
- ..........သင့်ကို တကယ်အလေးအနက်ထားသူ နဲ့ အလေးအနက်မထ...
- .....နှလုံးသားခုန်တိုင်း ပြုံးပြေ နမယ်....
- သိသင့်သောဗဟုသုတ
- Photoshop အခြေခံသင်ခန်းစာ(၂)
- (((((( လေလွှင့်ငှက် )))))))
- ...ငါ... ....အမုန်းဆုံး... ...အိပ်မက်...
- :):):) မျှော်လင့်ခြင်း (သို့) သိပါစေ :):):)
- မိန်းမ မာယာ ၅ ဖြာ
- စိုးရိမ်စိတ်
- မိန်းမ နဲ့ ယောင်္ကျား ဘယ်သူ ပိုလှပတင့်တယ်လည်း?
- ***ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်***
- ♥ဥပေက္ခာရပ်ဝန်းထဲပိတ်မိနေတဲ့ကျွန်မအသည်း♥
- စောစောအိပ်လို့  စောစော ထလို့  စောစော လမ်းလျှောက်ြ...
- တည်မြဲတဲ့အရာတစ်ခု......။
- ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ရန် မသွ...
- ဟာသထဲက ဟာသ
- ဆင်လောက်မှ မလိမ္မာသေးဘဲကိုး
- ဝသုနြေ္ဒရီ ရှိရဲ့လား
- နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများနှင...
- ကျွန်မသိခဲ့သော အချစ်ဆိုသည်မှာ......
- အသဲကွဲဇာတ်လမ်း
- ၁၅၀၀ တစ်ထောင့်ငါးရာ ကိန်းဂဏန်းထက်ကြီးသွားသော ၅၂၈ င...
- ''မင်းဟာလည်း..ယောက်ျားကောင်းတစ်ယောက်ပဲပေါ့"
- အံ့သြဖွယ်ရာ မြတ်စွာဘုရား ဖွားမြင်တော်မူရာအခါ၌ ရှေ့...
- ***..မြတ်စွာဘုရားရှင်၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ...
- အလွမ်းနဲ့ မိတ်ဖွဲ့ရင်း စောင့်မျှော်နေမယ်
- နမ်းခွင့်......။
- ” ချစ်ခြင်းများစွာဖြင့် မ သို့ ”
- ကဗျာမြစ်ထဲက ပန်းဝိညာဉ်စီးချင်း
- အိမ်အပြန်လမ်း
- စိတ်ကူးပေါက်ရာ............ခံစားချက်
- ချစ်နေဆဲပါ
- ကမ္ဘာကြီး အချစ်လိုတယ်..။
- အိုင်တီခေတ် အင်တာနက်စကားပုံများ..
- *****.လေလှိုင်းသူငယ်ချင်း*****
- ဗုဒ္ဓဘာသာ အပိုင်း(၂)
- ဗုဒ္ဓဘာသာ အပိုင်း (၁)
- မြန်မာကဗျာ မိတ်ဆက် အပိုင်း (၁)
- လွမ်းပင်အောက်ကစောင့်နေမယ်..........ချစ်သူ
- ငါ့ကိုအရင်ထွက်သွားခွင့်ပြုပါ
- ကွန်ပျူတာတွေအတွက် (Making Winamp Player Skin) တဲ့ဗ...
-းးးးးးးးးးးးးးးးးးးးးးးးးး ခွဲမသွားနဲ့နော်းးးးးးး...
- ခွင့်မလွှတ်နဲ့......♥ကောင်မလေး♥
- ချစ်သူ
- ရယ်စရာမောစရာလေးတွေပါ
- အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ
- လူ့ဘဝကြီး၏ အကြီးမားဆုံးသော အသိတရား (၁၄) ချက်
- Smile! .... ပြုံးပါ။
- မျက်စိနဲ့ချစ်တဲ့ အချစ်
- ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
- - “ ကံအကောင်းဆုံး မိန်းမမြတ် ”
- wallpaper လှလှလေးတွေ....
- လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။
- အချစ်ဆုံးမုန်းသူသို့ 
- “ နှုတ်စကား ရဲ့ အာနိသင် ”
- သဘာဝကိုလက်ခံရင်
- (မေမေရဲ့မေတ္တာ)
- ယနေ့ ထိမေ့မရဘူးချစ်သူရယ်
- .......ချစ်သူ........
- ချစ်သူဆီသို့
- ♥ဥပေက္ခာရပ်ဝန်းထဲပိတ်မိနေတဲ့ကျွန်မအသည်း♥
- ♥♥♥ . နှလုံးသားရဲ့စကားသံ . ♥♥♥
- သံတရာဘ၀အပြောင်းအလဲဆိုတာတကယ်ရှိတယ်
- အားလုံးကိုပျော်စေချင်သူ
- ရူးသွပ်နေသောမိန်းကလေး
- မျက်ရည်စက်များရဲ့ အတ္ထုပ္ပတ္တိ
- နှလုံးသား သတ်ပုံမှားသူ
- မြတ်စွာဘုရား၏ နေ့ထူးနေ့မြတ် ခုနစ်နေ့
- ပုဂံဘုရားပုဂံအလှ
- ကမ္ဘာကျော်များ ပြောသောစကား
- ~~~~ စုစည်းမိသော ဂျီတော့ စာသားလေးးများ ~~~~~~
- ထူးခြားတဲ့ပုံရိပ်လေးများ
- သင်တကယ်ချစ်တတ်ပြီလား
- ယုံကြည်ပါ...........
- ဘာကြောင့်ချစ်တာလည်း
- နှလုံးသားမှာ ပွင့်တဲ့ ကျောက်ပန်းခက်လေး...
- ဟာသလေးများ အပိုင်း - (၃)
- ♥ကျွန်မရင်ခုန်သံတွေခေါင်းညိတ်နေတယ်♥
- ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်
- မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်
- "ကွပ်မျတ်ခံခဲ့ရသော ငါ့နှလုံးသား"
- ညစ်နေရင် ဒါလေးဖတ်ကြည့် နော်(ဟာသလေးတွေပါ)
- သရဏဂုံ သုံးပါး၏ အရေးပါပုံအကြောင်း
- ဟာသလေးတွေပါ
- ကိလေသာ ၁၀ ပါး အမိုက်အမဲအညစ်တရား
- နှလုံးသားကို ဗဟိုပြု၊ အိုခုလေးအမည်ဆွဲ ဘယ်မလဲလို့မေ...
- ခါးသက်ခြင်းတွေ ချိုစေသတည်း.......
- အချစ် .စစ်
- “မိုး”အတွက်နှင့်.........
- .....ကံတရားလား....(သေမင်းတမာန်)
- ကိုယ့်ချစ်ဦး
- ရင်ခုန်သံ မညာကြေးနော်
- မိန်းခလေးအကြောင်းပါ
- အ၇ုံးပေးပါတယ်ချစ်သူ
- Gmail ထဲကနေဘာသာစုံစကားမေးမြန်းချင်ကြရင်
- ! ချစ်သူရှိသောသူများတွင် မရှိအပ်သည့် ဆယ့်တစ်ချက် !
- Avira Antivirus 2012 software free download
- ပညာသိက္ခာ ၃-မျိုး
- ရေတံခွန်အောက်က ချစ်စရာ ဟိုတယ်.... ဘယ်သူလိုက်မလဲဟေ့...
- အချစ်ထောင်ချောက်
- ထူးထူးဆန်းဆန်းလေးများ
- ကြာပန်းကြီးတွေနော်....မတွေ့ဖူးရင်ကြည့်ထား..
- ခွင့်လွှတ်ခြင်းဆိုတာ...
- တထောင်တန်ရိုက်နှက်မှု
- နောင်တ...ကင်းသူဖြစ်စေချင်
- ချစ်ရသူ၏ အမှာစာ......
- မြတ်စွာဘုရားရှင်၏ ဥဒါန်းစကားတော်
- ရယ်ကြည့်ရအောင်.............................
-
▼
April
(547)
No comments:
Post a Comment