Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 10 April 2012

ဘဝသံသရာ ခရီးသွား

ယာခရိုး၌ ငွေချိုးကကူ
ပန်းကလေးတို့ ပျံ့မွှေးကြူကြူ
မြ မြက်ခင်းမှာ နှင်းစက်တွေဖြူ
မိတ်ဆွေတို့ သွားစို့ခရီးတူ....။
တွေ့ဆုံလာကြ  ဘဝတိုတို
ဘယ်သူဆီက ဘာမှမလို
ချစ်ခြင်းကိုမြင့် ပေးခွင့်ရကြုံ
မိတ်ဆွေတို့ ဆိုစို့တေးချိုချို.....။
ကြင်နာကြတုန်း ပြုံးလိုပျော်ရွှင်
ဆိုခဲ့သည့်တေး အေးမြကြည်လင်
ဟိုတောင်ရိုးက မိုးစက်တွေစင်
မိတ်ဆွေတို့ ခွဲဖို့အချိန်ပင်....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့