Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 4 April 2012

ဘာမှမသိခြင်းက စိတ်ချမ်းသာသည်။

ဘာမှမသိခြင်းက စိတ်ချမ်းသာသည်။

Ignorance is Bliss ဟူသော အဆိုကို မြန်မာဘာသာ အမျိုးမျိုးဖြင့် ပြန်ဆိုကြပါသည်။ ဒေါက်တာ ဗဟန်၏ အင်္ဂလိပ်
မြန်မာအဘိဓန်တွင် Ignorance ကို နကန်းတစ်လုံးမှ မသိခြင်း၊ အသိပညာကင်းမဲ့ခြင်း၊ မောဟ၊အကြောင်း တစ်စုံ
တစ်ရာ မသိမြင်ခြင်း ဟုဖွင့်ဆိုထားပြီး၊ Bliss ဟူသော စကားလုံးကိုမှု သုခချမ်းသာ၊ပီတိသောမနဖြစ် ခြင်းဟု
ဖွင့်ဆိုထားပါတယ်။


အဲဒီတော့ နှစ်ခုပေါင်းတော့ Ignorance is Bliss ဆိုသည်မှာ ဘာမှမသိခြင်းက စိတ်ချမ်းသာသည် လို့ အဓိပ္ပာယ်
ဖွင့်ဆိုရင် ကျွန်တော်မှားမလားမသိဘူး သို့ ပေမယ့် ဒီအကြောင်းလေးကို အခြေခံထားတဲ့ ပုံပြင်တစ်ခုလောက်ကို
ရေးပြခြင်တာကြောင့်ပါ။


ပုံပြင်ရဲ့ ခေါင်းစဉ်က Never Forget a Kindness ဖြစ်ပါတယ်။

ပုံပြင်ရဲ့ အစက ဟာချီဆိုတဲ့ ခွေးလေးတစ်ကောင်ကစတာပါ။ ဟာချီသည် ချစ်စရာကောင်းသော ခွေးလေးတစ်ကောင်ပါ။
သူမွေးဖွားလာပြီး မကြာခင်လူတစ်ဦးက ယူသွားပြီး ခလေးငယ်တစ်ဦးပမာ မွေးကျွေးထားပါတယ်။ထိုသို့ ကောင်းမွန်စွာ
ကျွေးမွေးမှု့ ကြောင့် ဟာချီသည် ပိုပြီးကျမ်းမာသန်စွမ်း လှပလာခဲ့တယ်။ဟာချီသည် သူ့ သခင်အလုပ်သွားဖို့  မနက်
အချိန်အိမ်ကထွက်တိုင်း မီးရထားဘူတာရုံအထိ လိုက်ပို့ ပြီး ညနေ သူ့ သခင်အလုပ်ပြန်ချိန်တွင်လည်း ရထားဘူတာရုံ
ကို အမြဲသွား၍ကြိုတယ်။ဒီလိုနဲ့  မကြာခင်မှာပဲ သူ့ သခင်ဟာ ဆုံးပါးသွားခဲ့တယ်။ထိုသို့ ကွယ်လွန်တာကို ဟာချီမသိ၊
မသိလိုက်ပါ၊

သို့ နှင့်….

ဟာချီသူ့ သခင် သွားနေကျ ဘူတာရုံကိုသွား၍ရှာတယ်။ ညနေတိုင်း သွား၍ကြိုတယ်၊လမ်းမှာကားတစ်စီး တစ်လေရပ်
တိုင်း ကားပေါ်မှ ဆင်းလာသူတွေ ထဲမှာ သူ့ သခင်များ ပါနေမလားလို့ ရှာနေတက်တယ်။ ထိုသို့ ဖြင့် ရက်တွေလတွေ
နှစ်တွေ ကုန်လွန်လာတယ်။ ၁-နှစ်၊၂-နှစ်၊၃-နှစ်၊၁၀နှစ် ပင်ကြာငြောင်းခဲ့ပြီ၊သို့ ရာတွင် သူ့ သခင်သွားတက် ပြန်တက်
သည့် ရထားဘူတာရုံရှေ့သို့  အမြဲသွား၍ ကြိုဆိုနေတက်သည် ဟာချီကို မြင်နေရသည်။


အဲဒီတော့ သူငယ်ချင်းတို့ ရေ ကျွန်တော်အမြင် ပြောရရင် ဟာချီဟာ သူ့ သခင်သေသွားတာကို မသိတဲ့အတွက် ပုံမှန်
အတိုင်း ကြိုရင်းပို့ ရင်းနဲ့  နှစ် (၂၀) လောက်ကြမှ သေသွားတယ်လို့  အဆုံးသတ်ထားတာကို ကြည့်ခြင်းအားဖြင့် တစ်ချို့ 
တစ်ချို့ သောကိစ္စတွေ ဟာ မသိတာကောင်းတယ်လို့ ဆိုခြင်တယ်။


မသိစေခြင်လို့ ပေးမသိတဲ့ ကိစ္စတွေကို ဘာလို့ လိုက်မေးနေ အုံးမှာလည်းဗျာ။ဒီပုံပြင်ထဲကလို ငါ့ကိုစိတ်ဆင်ရဲမှာ
စိုးလို့ ပါလားဆိုတဲ့ အတွေးလေးများ တွေးထားရင်ကောင်းမလာလို့ စဉ်းစားရင်းးးးးးးးး

တစ်ချို့သောကိစ္စဟာ ဘာမှမသိခြင်းက စိတ်ချမ်းသာသည် လို့ ပဲရေးလိုက်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့