ကောင်မလေးရေ လွမ်းတဲ့အခါ
ပြန်လာဖို့လေး မှာထားပေးတယ်
ညည်းလေးမမေ့ ပါနဲ့နှော် ... လို့ဆို
လေပွေလိုမြူး ဒီလဦးမှာ
တူးတူးခါးခါး မင်းမုန်းထားခဲ့
ညည်းထွက်သွားတာ အတော်ကြာ ... ပြီနှော်
ကလေးလေးရေ အတွေးတွေတိမ်း
ခပ်စိမ်းစိမ်းမို့ ကို့ရို့ကားယား
သစ္စာထားကို ညည်းမခါး ... ဘူးပေါ့
ထားလိုက်ပါကွယ် အပြစ်မတင်
ချစ်ခင်နေဆဲ ကလေးလည်းပျော်
မျော်တော်မူနေ ညည်းပျော်စေ ... ဖို့ကွယ်
လွမ်းသလောက်ငြိုး ကမ္မည်းထိုးစို့
ရိုးရိုးမပြော တိုးလည်းချစ်စေ
ဝေမနေနဲ့ လာနေပေး .. ကလေး ...
(လွမ်းနေကြတဲ့ သူတွေအတွက်)
No comments:
Post a Comment