အချိန်ရာသီစက်ဝန်းထဲမှာ
ပေါ်ပေါက်လာတဲ့ သံယောဇဉ်ကြောင့်
လွမ်းတတ်လာပြီ....
တရက် မတွေ့ ရခြင်းက
နှစ်ပေါင်းများစွာကြာနေသလို
မတွေ့ တော့မှလွမ်းတတ်လာပြီ..
ကို .....နေကောင်းလား..?
ဘာတွေလုပ်နေလဲ...?
ဘယ်သူတွေနဲ့ ရှိနေလဲ..?
သတိကော ရရဲ့လား ?
ဒီလို..မေးခွန်းအတွေးတွေနဲ့ 
စိတ်ပူတတ်လာပြီ....
မြင်နေကြ အွန်လိုင်းပေါ်က
အစိမ်းရောင်မီးလေး
မတွေ့ တော့မှ...
မြင်ချင်လာပြီ...
ကို့ ....ရဲ့ ဂရုစိုက်သံလေး
မကြားရမှ နားထောင်ချင်မိပြီ...
အစစအရာရာအဆင်ပြေပြီး
မြန်မြန်ပြန်လာနိုင်ဖို့ 
ဆုတောင်းနေမိ..
ဝေးသွားတဲ့ အခါ
လွမ်းနေမိတဲ့ အကြောင်း..
ချစ်တဲ့ ..." ကို " တစ်ယောက် သိပါစေ...
No comments:
Post a Comment