ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကချစ်တဲ့သူ
------------------------------------------------------------
ဒီနှစ်ခုထဲက မဖြစ်မနေ တခုကိုေ၇ွးပါဆိုရင် လူအများစုအတွက် အတော်ကို ခက်ခဲ့မယ့်
ရွေးချယ်မှု့တခု လို့ထင်ပါတယ်...။
ဘ၀မှာ လူတိုင်းဟာ ကိုယ်ချစ်ခင်စုံမက်တဲ့ သူနဲ့ ဝေးကွာရမှာ ကြောက်သလို
မချစ်မနှစ်သက်သော သူနဲ့ ဘ၀ဖော်အဖြစ် ပေါင်းသင်းပြီး မနေချင်ကြပါဘူး...။
ဘ၀ဆိုတဲ့အရာကလဲ ဖြစ်ချင်တာတွေ ဖြစ်မလာခဲ့ပေမယ့် မဖြစ်ချင်တာတွေ
ဖြစ်လာတတ်ကြပါတယ်...။
အချိန်တန်အရွယ် ရောက်လာတာနဲ့ အမျှ အချစ်ဆိုတဲ့အရာကလဲ
အလိုလိုဖြစ်ပေါ်လာခဲ့ကြတယ်လေ... တချို့တလေကြတော့ တိတ်တိတ်လေးနဲ့တဖက်သတ်
အချစ် ၊ တချို့တလေကြတော့လဲ တယောက်ကိုတယောက်အရမ်းချစ် ကြတဲ့
နှစ်ကိုယ်တူကြည်ဖြူ အချစ်ဆိုပြီး အမျိုးမျိုးရှိကြတာပေါ့...
ဘယ်လောက်ပဲ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ်ပြောပြော.. ကိုယ့်ဘက်
ကချို့ယွင်းချက် ၊သူ့ဘက်ကချို့ယွင်းချက် ၊ မိဘတွေရဲ့ မလိုလားမှု့ ၊ ကံကြမ္မာကို
မလွန်ဆန်နိုင်မှု့ စတဲ့ခေါင်းစဉ်တွေပေါ် မူတည်ပြီး အချစ်နဲ့ လက်ထပ်ခြင်းက
ထပ်တူမကျနိုင်ဖူးလေ...။အဲဒီလိုမမြင်နိုင်တဲ့ အကြောင်းအမျိုးမျိုးတွေကြောင့်
လက်ထပ်ခြင်းဆိုတဲ့ ဘ၀နှစ်ခုကိုပေါင်းစပ်ရမယ့် ခေါင်းစဉ်အောက်မှာ ကိုယ့်ကိုချစ်တဲ့သူနဲ့
ကိုယ်ကချစ်တဲ့သူ နှစ်ခုထဲက တခု ကိုရွေးပါဆိုရင် ကျနော် တို့တွေ
ဘယ်လိုဆုံးဖြစ်ကြမလဲ...။
ကျနော် ပုံပြင်လေး တပုဒ်ပြောကြည့်မယ်ဗျာ..။
ဟိုးအရင်တုန်း ချမ်းသာတဲ့ဇနီးမောင်နှံ နှစ်ယောက် မှာ သားနှစ်ယောက် ထွန်းကား
ကြသတဲ့...။အဲဒီသားနှစ်ယောက်ကို ငယ်ငယ်လေးကတည်းက မိဘက
သေချာကြပ်မက်သွန်သင်ဆုံးမထားတော့ အရမ်းလိမ္မာကြသတဲ့..။ ဘာသားရေးကို
ကိုင်းရှိုင်းပြီး..ကံငါးပါးကို ခါးဝတ်ပုဆိုးလို မြဲ ကြပါတယ်...။သားကြီးက အရွယ်တောင်
အတော်ရောက်ပေမယ့် ချစ်ခင်စုံမက်ရတဲ့သူ မတွေ့သေးဘူး ... ဒါကြောင့် မိဘတွေချင်း
သဘောတူ မိန်းကလေးကိုယ်တိုင်က လည်း တကယ်ချစ်ခင်ကြည်ဖြူတဲ့ သူတစ်ယောက်နဲ့
အိမ်ထောင် ချပေးလိုက်တာပေါ့...။ သားငယ်ကြတော့
သူတဖက်သတ်ချစ်ရတဲ့ကောင်မလေး ရှိတယ်လေ..ကောင်မလေးမှာကလည်း
သူမဟုတ်တဲ့ အခြားရည်းစားတော့ ရှိနေတော့
သူအချစ်ကိုလက်မခံနိုင်ဖူးဖြစ်နေတယ်...ဒါပေမယ့် ကောင်မလေးက မိဘတွေကို
မလွန်ဆန်နိုင်ဖူး...ဒီအားနည်းချက်ကို သိတဲ့ သားအငယ်က သူ့မိဘတွေနဲ့
ကောင်မလေးရဲ့မိဘတွေကို သွားပြီးတောင်းရမ်းပေးခိုင်းတာပေါ့..ကောင်မလေးရဲ့
မိဘတွေကလည်း မိဘချင်း အရမ်းရင်းနှီးပြီး ငြင်းလို့မရတဲ့ မျက်နှာသိတွေဖြစ်နေတော့
သဘောတူလိုက်ကြပါတယ်တဲ့...ကောင်မလေးကလည်း သူ့ကြောင့် မိဘတွေကို
စိတ်ဒုက္ခမရောက်စေချင်တာကြောင့် မိဘတွေ သဘောအတိုင်းပဲ ဆိုပြီး
လက်ခံလိုက်ကြပါသတဲ့...။
သားအကြီးကတော့ သူမချစ်ပေမယ့် ကောင်မလေးဘက်က ကြည်ဖြူစွာနဲ့ လက်ထပ်
ခဲ့တဲ့အတွက် အိမ်ထောင်ရေး က သာယာခဲ့တယ်လေ...။
သားအငယ်ကြတော့ အိမ်ထောင်ရေးကံဆိုးတယ်လို့ပြောရမလား...သူမိုက်မဲတယ်လို့ပဲ
ဆိုရမလား မသိဘူး ...ကောင်မလေးက သူမချစ်တဲ့သူနဲ့လက်ထပ်ရတဲ့အတွက်
ကောင်းလေအပေါ် အငြိုးမကျေ ဖြစ်ပြီး ကောင်လေး ရှာထားသမျှ ငွေကြေးတွေကို
သုံးစွဲတာထက် ဖြုန်းတီးတာတွေ လုပ်နေတော့ ငွေရေးကြေးရေး
အဆင်မပြေဖြစ်ခဲ့တယ်...အဲဒီလို ငွေရေးကြေးရေး အဆင်မပြေမှု့တွေ ပေါ်တိုင်း
ကောင်မလေးက ပြတ်စဲမယ် ကွာရှင်းမယ်ဆိုပြီး အမြဲပြောပေမယ့် ကောင်လေးက
ကောင်းမလေးကို အရမ်းမြတ်နိုးမိနေတော့ ကောင်မလေးပြောတဲ့ စကားတွေကို
မကြားချင်ယောင်ဆောင်ပြီး အလုပ်ကို အရင်ကထက်
နှစ်ဆပိုကြိုးစားလုပ်တာပေါ့...ဒါပေမယ့်အိမ်ထောင်တခုမှာ ယောက်ျားက ပိုက်ဆံ
ဘယ်လောက်ရှာရှာ မီးဖိုချောင် ၀င်နေတဲ့ ဇနီးသည်က အသုံးထက် အဖြုန်းက
ပိုများနေတော့ ဘယ်လိုမှ ငွေရေးကြေးရေး အခက်ခဲကို မဖြေရှင်းနိုင်ဖူး
ဖြစ်နေခဲ့ပါတယ်...။
ကောင်လေးက သူကောင်မလေးကိုလဲ မခွဲနိုင်တော့ ပိုက်ဆံ ဒီထက်အများကြီးရအောင်
ဘယ်လိုလုပ်မလဲလို့ စဉ်းစားတဲ့အခါမှာ သူအကြံတခုကို ရသွားပါတယ်...။ အဲဒါကတော့
သူ့မိဘတွေ ပိုင်တဲ့ လက်ဝတ်လက်စားတွေနဲ့ အဖိုးတန်စိန်ထည်ပစ္စည်း တွေကို ပြန်ခိုးမယ်
လို့ သူအကြံထုတ်ခဲ့မိတယ်..။
နောက်ဆုံးကောင်လေး ဟာ သူ့အကြံ ထုတ်တဲ့အတိုင်းပဲ သူ့မိဘတွေ ပိုင်ဆိုင် တဲ့
ပစ္စည်းတွေကို ခိုးပြီး ကောင်မလေးကိုပေးအပ်ခဲ့ပါတယ်...
အရင်က ကံငါးပါးကို ခါးဝါတ်ပုဆိုးလိုမြဲပြီး ကိုယ့်ကိုချစ်တဲ့သူကိုမရှာပဲ ကိုယ်က ချစ်တဲ့သူကို
ရှာမိတဲ့ ကောင်လေးဟာ ဇတ်သိမ်း ခန်းမှာတော့ မိဘတွေဆီက ပြန်ခိုးရတဲ့အထိကို
မိုက်မဲသွားပါတော့တယ်...။အဲဒီလို မိဘတွေ ဆီက ပြန်ခိုးတဲ့ လက်ဝတ်လက်စားတွေနဲ့
စိန်ထည်ပစ္စည်းတွေတာ ကုန်သွားခဲ့ရင် နောက်ထပ် ဘာတွေ ဆက်မိုက်ဥိးမလဲ ဆိုတာ
မတွေးရဲတော့ပါဘူး ...။
ပုံပြင်လေးကတော့ ဒီမှာ အဆုံးသတ်ခဲ့ပါပြီ...။
ဒီပုံပြင်ထဲမှာ ကိုယ်က တကယ်ချစ်လို့မဟုတ်ပဲ ကိုယ့်ကို ချစ်တဲ့သူကို လက်ထပ်သွားတဲ့
သားအကြီးကရော သူ့ဇနီးပေါ်မှာ မဆိုးနိုင်ဖူးလား ၊ သူတို့ အိမ်ထောင်ရေး က ဘာ့ကြောင့်
အဆင်ပြေသွားရတာလဲ လို့ မေးခွန်းထုတ်စရာရှိပါတယ်...။
ကျနော်တို့ ကြားဖူးမှာပေါ့ ...အမေပြောတော့ တလ ၊မယားပြောတော့ တည ဆိုတဲ့
စကားပုံကိုလေ....။
ဘာပဲ ဖြစ်ဖြစ် အိမ်ထောင်တခု အဆင်ပြေဖို့ အတွက် အိမ်ရှင်မတစ်ယောက်ရဲ့
အခန်းကဏ္ဍက အများကြီး သက်ရောက်မှု့ရှိပါတယ်...။
ဒါ့ကြောင့်လဲ အရမ်းတော်လွန်းနေတဲ့ ယောကျားတွေရဲ့နောက်ကွယ်က လျို့ဝှက်ချက်က
အရမ်းထက်မြတ်လွန်းတဲ့ ဇနီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းပဲလေ...။
ကဲ ဒီလောက်ဆိုရင် သယ်ရင်းတို့
ကိုယ့်ကို ချစ်တဲ့သူ နဲ့ ကိုယ်က ချစ်တဲ့သူ ဘယ်သူ့ကို ရွေးကြမလဲဆိုတာ
အဖြေရှာကြည့်နိုင်ပြီပေါ့ ...။
ကျနော်ဆိုရင် ဘယ်အရာကိုရွေးမလဲ...?
ကျနော်ကတော့.......
ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အိပ်ငိုက်သွားပြီဗျာ....။

No comments:
Post a Comment