Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 July 2012

ရေအောက် ဖိုင်ဘာဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဘင်္ဂလားဒေ့ရှ် ကုမ္ပဏီနှင့် ဆွေးနွေးမှု မအောင်မြင်

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်
အခုတစ်ခါ ကျနော်တို့ အွန်လိုင်း အသုံးပြုနေတဲ့ ဆက်သွယ်ရေးစံနစ်နဲ့ ပါတ်သက်ပြီး
လူတိုင်း လူတိုင်းဟာ လိုင်းကောင်းဖို့ မျှော်လင့်နေကြပါတယ်
ဒါနဲ့ ပါတ်သက်ပြီး
လတ်တလော ရရှိတဲ့ သတင်းလေးကို ပြောပြမယ်နော်
ရေအောက် ဖိုင်ဘာဆက်ကြောင်းသစ် ချိတ်ဆက်ရေး
ဘင်္ဂလားဒေ့ရှ် ကုမ္ပဏီနှင့် ဆွေးနွေးမှု
မအောင်မြင်

မြန်မာနိုင်ငံမှ အသစ်ထပ်မံချိတ်ဆက်မည့် ရေအောက်ဖိုင်ဘာ ဆက်ကြောင်း SE-ME-WE-4 အတွက်
ဆွေးနွေးမှု မအောင်မြင် ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်
ယင်း ဆက်ကြောင်းသစ် အတွက်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နည်းပညာ ကုမ္ပဏီတို့ ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး
ယင်းကုမ္ပဏီမှ တောင်းဆိုမှု များစွာ ပြုလုပ်လာခြင်းကြောင့်
ညှိနှိုင်းဆွေး နွေးမှု အဆင်မပြေခြင်းဖြစ်ကြောင်း သိရသည်

''ပထမအကြိမ် နှစ်နိုင်ငံ ဆွေး နွေးတုန်းကတော့
ဆက်ကြောင်း ချိတ်ဆက်ပြီး နှစ်ဦးနှစ်ဖက် လွတ်လပ်စွာ လာရောက်သုံးစွဲမယ်
သူ့ နိုင်ငံမှာ သွားသုံး လည်းပေးသုံးမယ်၊ ကိုယ့်နိုင်ငံ လာသုံးရင်လည်း ပေးသုံးမယ် ဆိုပြီး
သဘောတူ ထားခဲ့တာ ပါ
အခုကျမှ လာတဲ့ကုမ္ပဏီက အခြား ကဏ္ဍတွေကိုပါ လုပ်ပိုင်ခွင့် တွေ တောင်းဆိုလာတဲ့ အတွက်
အဆင်မပြေဖြစ်ခဲ့တာပါ'' ဟု
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်
လက်ရှိတွင် မြန်မာနိုင်ငံ အနေ ဖြင့်
အင်တာနက် သုံးစွဲနိုင်မှုတွင် ရေအောက် ဖိုင်ဘာဆက်ကြောင်း SE-ME-WE-3 တစ်ခုနှင့်
အခြား ကုန်းတွင်း ဆက်ကြောင်း များမှ အဓိကထား သုံးစွဲနေခြင်းဖြစ်ပြီး
ယင်း ဆက်ကြောင်း များပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်း
မြန်နှုန်းများ မြှင့်တင် ခြင်းနှင့်
အင်တာနက် သုံးစွဲနိုင်မှု ပမာဏ တိုးမြှင့်ခြင်းအတွက်
အရန် ဆက်ကြောင်း များဖြစ်သည့် SE-ME-WE-4 နှင့် 5 ချိတ်ဆက်ရန် ကြိုးပမ်းခြင်း ဖြစ်သည်
ယင်းသို့ ချိတ်ဆက်ရာတွင်
ရေ အောက် ဖိုင်ဘာဆက်ကြောင်း SE-ME-WE-5 မှာ
လက်ရှိ အချိန်အထိ သွယ်တန်းထားခြင်း မရှိသည့် ဆက် ကြောင်းသစ် တစ်ခုဖြစ်ပြီး
ယင်းဆက် ကြောင်းအား တရုတ်နိုင်ငံမှ တစ်ဆင့် သွယ်တန်း မည်ဖြစ်ကာ
အချိန် ၂ နှစ် မျှ ကြာမြင့်မည် ဖြစ်ကြောင်း
SE-ME-WE-4 ဆက်ကြောင်းမှာ
လက်ရှိ သွယ်တန်းထားသည့် ဆက်ကြောင်း တစ်ခုဖြစ်၍
ချိတ်ဆက်ပါက အချိန် တိုအတွင်း သုံးစွဲနိုင်မည်ဖြစ်သလို
ဖိုင်ဘာ သွယ်တန်းမှု စရိတ် သက်သာ ရေးအတွက် မြန်မာနိုင်ငံနှင့် အနီးဆုံး ဖြစ်သည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ချိတ်ဆက်ရန် ဆွေးနွေးခြင်း ဖြစ်ကြောင်း
အထက်ပါ ပုဂ္ဂိုလ်ကပြောသည်

''ဘင်္ဂလားဒေ့ရှ် အစိုးရဘက် ကတော့ ဘာမှအကြောင်းကြားမှု မရှိသေးဘူး
ဒီဆက်ကြောင်း မလုပ်ဖြစ်ရင်တော့ မလေးရှားနိုင်ငံ ဘက်ကနေ ချိတ်ဆက်ဖို့ ဆွေးနွေး သွားမှာပါ'' ဟု
၎င်းက ဆက်လက် ပြောသည်
လက်ရှိတွင် မြန်မာနိုင်ငံ၌ အင် တာနက် ပေးနိုင်သည့် မြန်နှုန်း ပမာဏမှာ ၁ဝွဘ သာရှိပြီး
အင်တာနက် သုံးစွဲနိုင်မှုမှာ အခြားနိုင်ငံများ ထက် နည်း ပါးနေသေးကြောင်း
ယင်းသို့ ဖြစ်နေရခြင်းမှာလည်း
ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက် အဦနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မရှိသေး၍ ဖြစ်ကြောင်း
မကြာမီ ကာလတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း
မြန်မာ့ ဆက်သွယ်ရေးမှ အကြီးတန်း အရာရှိ တစ်ဦး ထံမှ သိရသည်။
xxxxxxxxxxxxxxx
မှကူးယူတင်ပြသည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့