Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 26 July 2012
» ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရန် မရေရာသေး
ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား အလုပ်သမား တင်သွင်းခွင့် နားလည်မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့် အလုပ်သမားများ ပွဲစား အလိမ်ခံရ၍ ရှေ့ဆက်ရေး အလားအလာမှ မရေမရာ
ဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။
“အခု အချိန်ထိ ကျနော်တို့ ၃၅ ယောက်လုံး ကယ်ဆယ်ရေး စခန်းမှာပဲ ရှိနေသေးတယ်။ ပွဲစား ဒေါ်မေကျော့ရှင်း ကတော့ ကုမ္ပဏီ ပြန်ဝင်ဖို့ ကျနော်တို့ကို တောင်းဆိုနေတယ်။ ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ KOSIT Business Group က အလုပ်သမားခေါင်း ကလည်း လာခေါ်တယ်။ ကျနော်တို့ မယုံလို့ မလိုက်ရဲသေးဘူး” ဟု အလုပ်သမား တဦး ဖြစ်သည့် ကိုညွှန့်မြိုင် က ပြောသည်။
အလုပ်သမားများ ဘက်မှ ကိုယ်စားလှယ် လေးဦးခန့်ကို Grass Roots Human Rights Education & Development (GRHRED) ၏ အစီအစဉ်ဖြင့် စာချုပ် ချုပ်ထားသည့် KOSIT Business Group ကုမ္ပဏီသို့ သွားရောက် လေ့လာရန် ရှိပြီး လုပ်နိုင်/မလုပ်နိုင် ပြန်လည် သုံးသပ်ကာ အဆင်မပြေပါက မြဝတီသို့ ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများသည် ဇူလိုင်လ ၂ဝ ရက်နေ့မှ မြဝတီမြို့မှ ထွက်ခွာခဲ့ပြီး ဖူးကက်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီသို့ အသွား၌ ပွဲစားနှင့် အချေအတင် ဖြစ်ကာ ယခုထက်ထိ ကယ်ဆယ်ရေး စခန်း၌ သောင်တင်နေဆဲ ဖြစ်သည်။
လုပ်စဉ်အရ ထိုင်းနိုင်ငံရှိ လုပ်သား လိုအပ်လျက် ရှိသည့် ကုမ္ပဏီများမှ လိုအပ်သည့် လုပ်သား ပမာဏ၊ အလုပ်ကုမ္ပဏီ တည်ရှိရာနေရာ စသည့် အထောက်အထား စာရွက်စာတမ်းများဖြင့် မြန်မာအလုပ်သမားဝန်ကြီးဌာနသို့ အေးဂျင့်များမှ တဆင့် ပေးပို့ရပြီး အစစ်အဆေးခံရကာ ဝန်ကြီးဌာနမှ အတည်ပြုပါမှ လုပ်သားခေါ်ဆိုမှု Demand အား ခွင့်ပြုပေးခြင်း
ဖြစ်သည်။
“ကျနော့် သဘောထား တခုတည်းနဲ့ လွှတ်လို့ မရဘူးခင်ဗျ။ စာအုပ်ထုတ်ပြီး ထွက်ခွာခွင့် အမိန့်ကိုလည်း နေပြည်တော် ကို တောင်းရတယ်။ နေပြည်တော်က ခွင့်ပြုမိန့် ရပြီးမှ ဒီအလုပ်သမားတွေကို ထိုင်းဘက်ခြမ်းက ကိုယ်စားလှယ်၊ မြန်မာ ဘက်ခြမ်းက ကိုယ်စားလှယ်၊ သက်ဆိုင်ရာ လူကြီးတွေ ရှေ့မှာ စည်းမျဉ်းစည်းကမ်းတွေ ပြောပြ၊ အဲလို ထွက်ခွာပွဲ အခမ်းအနားလိုမျိုး လုပ်ပေးပြီးမှ လွှတ်လို့ရတာပါ။ အဲဒီမှာ KOSIT ကုမ္ပဏီနဲ့ ဒေါ်မေကျော့ရှင်းတို့နဲ့ ဘယ်လိုဖြစ်လဲ
တော့ မသိဘူး။ နောက်ပိုင်း မပြေလည်ဘူးလို့ ကြားရတယ်” ဟု အေးဂျင့် ဦးအောင်နိုင်စိုး က ပြောသည်။
ထိုသို့ မူလက သဘောတူထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီသို့ မဝင်ရောက် နိုင်ခဲ့လျှင် အလုပ်သမားများ ကိုင်ဆောင်ထားသည့် နိုင်ငံကူး လက်မှတ်များမှာ တရားမဝင် (black list) ဖြစ်သွားဖွယ် ရှိနေသည်။
အလုပ်သမားများ အလုပ်အဆင်မပြေ၍ မြဝတီသို့ ပြန်လာခဲ့လျှင်လည်း နေစရိတ် စားစရိတ်များ လျော်ပေးမည်
ဖြစ်ကြောင်း ဦးအောင်နိုင်စိုး က သဘောထား ပြုထားသည်။
ပွဲစား ဒေါ်မေကျော့ရှင်းကမူ “kosit ကုမ္ပဏီက အလုပ်သမားလေးတွေအတွက် ပိုက်ဆံ ကြိုမထုတ် ပေးနိုင်ဘူး။ သူတို့ မှာ အလုပ်သမားတွေ ပိုနေလို့ပေါ့။ အခြား လက်ခံတဲ့ ကုမ္ပဏီရှိရင် လွှဲပေးလိုက်ပါဆိုပြီး အင်္ဂလိပ်လို ရေးထားတဲ့ စာကို
ပေးလာတယ်။ အဲဒီတော့ တခြားလိုချင်တဲ့ ကုမ္ပဏ တခုကို ကျမ ချိတ်ပေးတယ်။ အလုပ်သမားတွေကိုလည်း ဒါက KOSIT နဲ့ Branch (လက်ခွဲ) တွေပဲနော်။ Head office (ရုံးချုပ်)က မအားဘူး ဘာညာ ကျမ ပြောတယ်။ KOSIT ကို သွားမှာ မဟုတ်ဘူး၊ တခြားကို သွားမယ်လို့ အဲလို ကျမ ပြောလိုက်မိတယ်။ အဲဒီမှာ ကလေးတွေက သူတို့ကို ရောင်းစား မှာ ဘာညာဆိုပြီး ထပေါက်ကွဲလာတာ” ဟု ပြန်လည် ရှင်းပြသည်။
အဆိုပါ စာအား kosit ကုမ္ပဏီမှ အတွင်းရေးမှူးနှင့် တာဝန်ခံ မစ္စတာ အာနန်၏ သမီးတို့ ကိုယ်တိုင် လက်မှတ်ထိုးပြီး
ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ကုမ္ပဏီမှ အလုပ်သမားများအား လက်မခံလိုဟု ဆိုခဲ့ပြီးနောက် အလုပ်သမားအရေး ပြေလည်စေချင်သည့် သဘောထားဖြင့် အခြား မိမိအသိ ထိုင်းထောက်လှမ်းရေး ဗိုလ်မှူးဟောင်း တဦး၏ အဆက်ဖြင့် ၎င်းဆွေမျိုးများပိုင်
ဆောက်လုပ်ရေး ကုမ္ပဏီ များသို့ လူများခွဲ၍ စေလွှတ်ရန် လုပ်ဆောင်ခဲ့သည်ဟု ဒေါ်မေကျော့ရှင်း က ပြောသည်။
အလုပ်ရှင် အလုပ်သမား နှစ်ဦး သဘောတူ ချုပ်ဆိုထားသည့် စာချုပ်အရ kosit business group ဆောက်လုပ်ရေး ကုမ္ပဏီ၌ အလုပ်သမား ၅ဝ ဦးစလုံး နှစ်နှစ် အလုပ်လုပ်ကိုင်ရန် စာချုပ် ချုပ်ဆိုထားကြသည်။
၁၅ ဦး အဖွဲ့၌ လိုက်ပါသွားသည့် အလုပ်သမားများမှာ လုပ်ငန်းခွင်၌ အဆင်မပြေမှုများ ရှိ၍ မြဝတီမြို့သို့ ပြန်လိုကြောင်း
အေးဂျင့် ဦးအောင်နိုင်စိုးအား ဖုန်းဆက်၍ တိုင်တန်း ခဲ့ကြသည်ဟု ဦးအောင်နိုင်စိုး က ပြောသည်။
ဒေါ်မေကျော့ရှင်းမှာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အလုပ်သမားများ ကူညီကယ်ဆယ်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်ဖြစ်ပြီး ထိုင်းတက္ကသိုလ်တခု၌ အင်္ဂလိပ်စာပြ ဆရာမ တဦးလည်း ဖြစ်သည်။
အလုပ်သမားများအား လာရောက် ခေါ်ဆိုစဉ် ထိုင်းဘက်ခြမ်းမှ KOSIT ကုမ္ပဏီ၏ တရားဝင် ခန့်အပ်ထားသည့် ကိုယ်စားလှယ် ဒေါ်မေကျော့ရှင်း ကိုယ်တိုင် လာရောက် ခေါ်ဆိုခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
July
(359)
- မီးလောင်မှုကို သိရှိနိုင်မည့် CCTV ကင်မရာများအား ယခ...
- ရွှေတိဂုံ စေတီတော်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းအား သ...
- ရန်ကုန်မြို့တွင်းရှိ စက်ရုံသုံး မီတာများကို Analog...
- ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအား အဆင့် ၄...
- အရုပ်များ ပြုပြင်ပြောင်းလဲရန် ရေခဲကမ္ဘာဥယျာဉ်အား ခေ...
- အဝေးပြေး ယာဉ်လုပ်သားများ အတွက် အခမဲ့ ကျန်းမာရေး စေ...
- » မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ေ...
- ၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမ...
- ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း ...
- မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီ...
- ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရ...
- ဓာတ်ဆီဆိုင်အား ပြောင်းရွှေ့ပေးရန် သာစည်မြို့မှ ပြည်...
- လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွ...
- ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မင်္ဂလာ ရဟန်းခံ
- ၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်မည်
- ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ...
- နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှု...
- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် လက်ထောက်ကထိကဆရာမတစ်...
- ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်း...
- Speccy
- RegCure — Registry Cleaner
- ဟင်္ဟာတမြို့မှ မြေတိုင်းစာရေးများ၏ လှည့်ဖြားသောစေတနာ...
- မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင...
- အီတာလျှံ-ထိုင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြေ...
- အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာေ...
- လျှပ်စစ်လုပ်သား ကျွမ်းကျင်မှုပြိုင်ပွဲ ဒုတိယအကြိမ် ...
- အအေးခန်း စက်ရုံများတွင် CMP စနစ်ကို သြဂုတ်လကုန်အထိ...
- မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် IMF မှ အထွေထွေအကြံပေ...
- ဆီးဂိမ်းပြိုင်ပွဲတွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေစီြး...
- စင်္ကာပူဒေါ်လာ တစ်သောင်း တန်ဘိုးရှိ ပညာသင် ထောက်ပံ့ြေ...
- မြန်မာ-ဗီယက်နမ် စီးပွားရေးတွေ့ဆုံမှုတွင် စားသောက်ကု...
- အမှိုက်စိုများမှ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရန် ကမ်းလှမ်းမ...
- ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း(...
- » ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ...
- ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား...
- ချင်းတွင်းမြစ်အတွင်း ရေယာဉ်သွားလာမှု ဇူလိုင် ၂၈ ရက်...
- ဦးအောင်သိန်းလင်း ကို ကြံ့ဖွံ့ ပါတီ စစ်ဆေးနေ
- သံသယ ဖြစ်ဖွယ်ရာ လူသေ အလောင်း ဆေးမစစ်ဘဲ သဂြိုလ်
- လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ
- Game သမားများအတွက် IAPFree v2.1.0 ကို install လု...
- ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လည်ပ...
- IAPFree v2.1.0 for (iPhone/ipad/ipod touch)(Cydia ...
- WhatsApp Messenger “.ipa“ For iPhone, iPad & iPod ...
- တစ်ပတ်စာ သင်၏ကံဇာတာ (ဇူလိုင်လ၂၇ ရက်) မှ (ဩဂုတ်လ ၂ ...
- မျှော်လင့်ချက်
- ♪♥♪ မောင်♪♥♪
- GSMဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦ...
- ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအား ထိုင်း...
- ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် Theme S...
- မြန်မာ့သဘင် တိုးတက် ထွန်းကားရေး အတွက် အလုပ်ရုံ ဆွေ...
- ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပည...
- အနာဂတ် ရုပ်ရှင် ထုတ်လုပ်မှု လုပ်ငန်း အကြောင်း ဆွေးေ...
- » မြစ်ဆုံဆည် တရုတ်နဲ့ ပေါင်းပြီ ဖြစ်အောင် တည်ဆောက...
- ဂွမြို့အနီးစက်လှေပျက်မြောလာသော ဘင်္ဂါလီများကို ထောင်...
- တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စုေ...
- “ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး
- လူကြားထဲမယ်ယုံကြည်မှုရှိစွာဖြင့် စကားပြောနိုင်ရန်
- အိပ်မက်လမ်း
- ချစ်သူဘ၀နှင့် အိမ်ထောင်သည်ဘဝ
- မြန်မာစာပေမှ မင်းကျင့်တရား ၁၀ ပါး
- Browser အသစ်
- ရန်ကုန်တိုင်း ဒေသကြီး၏ မိုးပွင့်အဆင့် ၃ စီမံချက်အရ...
- ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင်မည့် သူများမှာ ...
- အနော်ရထာ စက်မှုဇုန် အပိုင်း ၂ စီမံကိန်း လုပ်ငန်း ဆေ...
- ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၃ လတာ ကာလအတွင်း ပြည်တွင်း၌ တရုတ်...
- ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင် အမည်စာရင်း...
- ထွန်တုံးတိုက်ပွဲတွင် အသေခံဆန္ဒပြနေ
- NLD အဖွဲ့ဝင်တစ်ဦးအား ပြည်ခိုင်ဖြိုး ပါတီဝင်များမှ ...
- ရခိုင်ပြည်နယ်တွင်းပဋိပက္ခများကြောင့့် လူ(၇၀)ကျော်ေ...
- အသားထွက် ကုန်များအား တရုတ်က ငြင်းဆို ပြီးနောက် မွေ...
- » မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား လုယက်ခဲ့သူဟု ယ...
- မြစ်ဆုံနှင့်ပတ်သက်၍ တရုတ် အင်ဂျင်နီယာ အဖွဲ့ ပြောဆု...
- မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အိမ်ထော...
- AIDS ရောဂါအပေါ် အမြင်မှန်ဖို့ ဒေါ်စုတိုက်တွန်း
- » ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရ...
- မြောက်ဦးမြို့တွင် စစ်တပ်မှ ညှဉ်းပမ်း နှိပ်စက်မူကြေ...
- မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ
- လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ
- မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ
- အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ
- လိင်မှူကိစ္စမပါပဲ...ချစ်ခြင်းကို ပြနိုင်သောနည်းလမ်း...
- `စေလိုရာစေ......´´တဲ့
- ~~ဘယ်လို ဆန္ဒ ဖော်ထုတ်မှာလဲ အချစ်ရယ်~~
- ဘယ်သွားမလဲ (ဟာသလေးနော်
- အချစ်ဆိုတာ
- How To Jailbreak The IPhone 4S And IPad 2 With Abs...
- ရေအောက် ဖိုင်ဘာဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဘင်္ဂလားဒေ့...
- အတွေးစာစုများ...
- ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင်ယာဉ် အစီးရေ ၄၃၀ကျော...
- အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ပြည်ပခရီးစဉ်မျ...
- ထိုင်းနိုင်ငံသို့ လုပ်သားများ တရားဝင် လမ်းကြောင်း ...
- ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆...
- အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦး...
- ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ လွှတ်တော်တွင်း ဆွေးနွေးမှု...
- အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ
- တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဒေါ်အောင်ဆန်း ...
- တရုတ်သတင်းစာ ဘာသာပြန်လွဲမှား၊ မြစ်ဆုံသဘောထား ပြည်သ...
- » မြို့ပြ၏အဆင်မပြေမှု အန်မတုနိုင်၍ ကြိုးဆွဲချအဆုံးစ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အမတ်တွေ ဆွေးနွေး
- ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများ...
- နွားမှောင်ခိုကူးတဲ့ တပ်မတော်မှ ဗိုလ်ကြီးတဦး မှော်...
- ဖမ်းဆီးခံ ထိုင်းနိုင်ငံသားတွေ စီရင်ချက် ချတော့မည်
- တိုင်းရင်းသား ညီလာခံခေါ်ဖို့ ပါတီတွေတိုက်တွန်း
- co.cc domain name လုပ်ရန်အတွက် နည်းလမ်းလေးပါ။
- ♪♪♪တွယ်ရာမဲ့လမ်း ကစောင့်နေမယ်♪♪♪
- “နင်နဲ့ ငါ”.......
- ဘဝဆိုတာ ရှင်သန်ဖို့ချည်းမဟုတ်ဘဲ ပျော် ရွှင်ချမ်းမြေ...
- မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်...
- ဦးသိန်းညွန့်၏ ရခိုင်ကိစ္စ လွှတ်တော်တွင်းဆွေးနွေးချက...
- သမိုင်းဘူတာရုံရှေ့ မြန်မာ့မီးရထားပိုင်မြေတွင် ကျူး...
- တပ်မတော်သားလေးဦးကို အဓမ္မမှုဖြင့် အမှုဖွင့်စစ်ဆေး
- ဂရိတ်ဝေါလ် သကြားစက်ရုံ ရေဆိုးကိစ္စ ကြောင့် ရဲများလံ...
- အီရတ်က အဆိုးဆုံးတိုက်ခိုက်မှုများ
- လယ်သိမ်းခံ တောင်သူများ နစ်နာကြေးပေးဖို့ လွှတ်တော်...
- ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း ဒီကနေ့ လွှတ်တေ...
- Flip3D
- ♥♥ ♥ နှလုံးသားအစစ် နဲ့  ချစ်တတ်သူတွေဖြစ်ကြပါစေ ♥ ♥♥
- ချစ်တက်ကြပါစေ
- အပျို၊အပျိုစစ်နှင့်အပျိုစင်.......အကြောင်း....
- Phone Ringtones လေးတွေဒေါင်းမယ်
- နားလည်ပေးနိုင်မှုလေးများ
- ဘယ်လိုအချစ်မျိုးလည်း
- ယခုနှစ်အတွင်း လှော်ကား ရေဝေရေလဲ ဒေသ၌ ဧက ၁၀၀ သစ်ပင်...
- စက်မှုဇုန်များနှင့် ဆက်သွယ်ကာ အခမဲ့လုပ်သား ကျွမ်းကျ...
- ငမိုးရိပ်တံတား ပါရမီကို သြဂုတ်လကုန် ပိုင်းတွင် ဖွင...
- ရန်ကုန် ဘူတာကြီးတွင် ညအိပ်နေထိုင် သူများအား ထိရောက...
- လွှတ်တော် အစည်းဝေး ၁၂ ရက်မြောက်နေ့ တွင် လူထုခေါင်းေ...
- သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး
-
▼
July
(359)
No comments:
Post a Comment