သူငယ်ချင်းတို့ရေ ...
Android Phone တွေမှာ မှတ်စုတိုလေးတွေ ကဗျာတွေ ခံစားချက်တွေကို မိမိ ကိုယ်ပိုင် လက်ရေးနဲ့ရေးပြီး သိမ်းထားချင်ကြပါသလား ? ဒါဆိုရင်တော့ Handrite Note Pro v1.73 လေး ရှိထားမှ ဖြစ်မှာနော ...
ဒီ Software လေးကို မိမိဖုန်းမှာ သွင်းထားခြင်းအားဖြင့် ရေးသားလိုတဲ့ အကြောင်းအရာတွေကို လက်ရေး (သို့) keyboard နဲ့ ရေးသားနိုင်သလို စိတ်ကြိုက်နာမည်ပေးပြီး note တစ်ခု အနေနဲ့ သိမ်းထားလို့ ရပါတယ်။ ရေးသားထားတဲ့ notes ကိုလဲ စာအုပ်စင်အသွင်အပြင် ပုံစံနဲ့ ရက်စွဲ တွေနဲ့ တကွ ပြန်ဖော်ပြပေးပါတယ်။ ရေးသားထားတဲ့ မှတ်စုတွေကိုလဲ home screen မှာ widget အနေနဲ့ တင်ထားနိုင်ပါသေးတယ်။
ဒီ Handrite Note Pro v1.73 ကို ဖုန်းမှာ သွင်းဖို့ လိုအပ်ချက်တော့ ရှိတယ်ဗျ။ အဲဒါက Android Version ဟာ 1.6 နှင့်အထက်ရှိဖို့တော့ လိုမယ်နော။ ဖိုင်ဆိုဒ်ကတော့ 932 KB ပဲရှိပါတယ်။ ဒီလောက်ဆို စိတ်ဝင်စားသွားကြပြီလား။ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ ကျွန်ပေးထားတဲ့ လင့်တွေဆီကနေ ယူလိုက်ကြပေတော့ဗျို့။
ထုံးစံအတိုင်းနော် ... မမေ့ကြေး ... ကွန်မင့်ပေးဖို့ပြောတာ .. ဟားဟားဟားဟား .....
No comments:
Post a Comment