အားနည်းချက်တွေ..၊ လိုလားမှုတွေ..
စည်းကျော်လာတော့လည်း
သဘာဝ..လွန်နေတဲ့..
မနုသမုဆိုးများရဲ့...ညွှတ်ကွင်းမှာ
မတွေး ၊မမြင်တော့ပဲ
ကိုယ့်ဂုဏ်ဒြပ်ကို...ကိုယ်ပြန်ဆေးဆိုးရင်း
လိုလားချက်က...ဖေါင်းပွ
ဘ၀အနားက...မပြည့်စုံ
တောင့်တဆန္ဒက..တောင်ပုံယာပုံနဲ့
တပ်မက်မှုတွေ...ရင်နဲ့မဆန့်တဲ့..အဆုံး
ကိုယ်ကျင့်တရားတွေ..နေ၀င်ခံပစ်လိုက်ကြတာ
အဲ့ဒီလိုဂုဏ်တု၊ဂုဏ်ပြိုင်တွေ...ဈေးဆိုင်ကြ
တကယ်တော့..............
လူတစ်ယောက်ရဲ့...ကံကြမ္မာဆိုတာ
ကိုယ်တိုင်ရေး...ပုံတူပါ...
ကိုယ်မလှော်ပဲ...မရွေ့ နိုင်သလို
ကိုယ်မလျှောက်ပဲ...မရောက်ပါဘူး
အဲ့တော့...ထူးချင်ရင်..သူများထက်ဦးပြီး
စည်းကျော်လာတော့လည်း
သဘာဝ..လွန်နေတဲ့..
မနုသမုဆိုးများရဲ့...ညွှတ်ကွင်းမှာ
မတွေး ၊မမြင်တော့ပဲ
ဆင်ကန်းတောတိုး...နယ်ကျော်တတ်ကြတယ်....
ကိုယ့်ဂုဏ်ဒြပ်ကို...ကိုယ်ပြန်ဆေးဆိုးရင်း
သိက္ခာတရားတွေ..ထိုးကျွေးကုန်ကြတယ်..
ဘ၀အနားက...မပြည့်စုံ
တောင့်တဆန္ဒက..တောင်ပုံယာပုံနဲ့
တပ်မက်မှုတွေ...ရင်နဲ့မဆန့်တဲ့..အဆုံး
ကိုယ်ကျင့်တရားတွေ..နေ၀င်ခံပစ်လိုက်ကြတာ
ရင်နာဖို့ကောင်းလိုက်တာ....
အဲ့ဒီလိုဂုဏ်တု၊ဂုဏ်ပြိုင်တွေ...ဈေးဆိုင်ကြ
ရွဲ့ တွဲရင်း..အတွဲလွန်လို့ရွဲ့ သွားတဲ့...ဘ၀သာဓကတွေ
ပြန်လည်အရောင်တင်လို့...မရနိုင်တဲ့
စာရိတ္တနဲ့....သီလတွေ
အိနြေ္ဒနဲ့...ကျင့်ဝတ်တွေ
သစ္စာတရားနဲ့..ယဉ်ကျေးမှုတွေ
ကိုယ်တိုင်ကိုယ်ကျ...ချရောင်းရင်း
သားကောင်ဇာတ်ကို..ခင်းကျင်းနေကြတယ်.....
ပြန်လည်အရောင်တင်လို့...မရနိုင်တဲ့
စာရိတ္တနဲ့....သီလတွေ
အိနြေ္ဒနဲ့...ကျင့်ဝတ်တွေ
သစ္စာတရားနဲ့..ယဉ်ကျေးမှုတွေ
ကိုယ်တိုင်ကိုယ်ကျ...ချရောင်းရင်း
သားကောင်ဇာတ်ကို..ခင်းကျင်းနေကြတယ်.....
တကယ်တော့..............
လူတစ်ယောက်ရဲ့...ကံကြမ္မာဆိုတာ
ကိုယ်တိုင်ရေး...ပုံတူပါ...
ကိုယ်မလှော်ပဲ...မရွေ့ နိုင်သလို
ကိုယ်မလျှောက်ပဲ...မရောက်ပါဘူး
အဲ့တော့...ထူးချင်ရင်..သူများထက်ဦးပြီး
ကြိုးစားလိုက်စမ်းပါ...
အဲ့ဒါမှ..တကယ့်...ရယူမှုပဲ...
မလုပ်ပဲနဲ့...ရချင်ရင်တော့....
ပေးဆပ်မှုပိုကြီး...သွားလိမ့်မယ်...။
မလုပ်ပဲနဲ့...ရချင်ရင်တော့....
ပေးဆပ်မှုပိုကြီး...သွားလိမ့်မယ်...။
No comments:
Post a Comment