Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 2 September 2012
ငါးပါးသီလ
ငါးပါးသီလနှင့်ငြိမ်းချမ်းရေး(အပိုင်း ၁ )
အချို့သောနိုင်ငံများဧ။် သတင်းစာရောင်းသောနေရာတွင် လူစောင့်မရှိသော်လည်း ၀ယ်သူကကျ သင့်ငွေထားခဲ့၍သတင်းစာကို ရောင်းသူမရှိဘဲဝယ်ရသည်ဟု သိရပါသည်။ အချို့နိုင်ငံများတွင်ကားခ ငွေ ကောက်ခံသူမပါဘဲ စီးသူကကိုယ့်အသိစိတ်ဖြင့် ကားခငွေထည့်ထားခဲ့ကြောင်း သိရပါသည်။
သူတို့နိုင်ငံတွေတောင် သည်မျှစိတ်ဓါတ်ပြုပြင်နိုင်လျှင် ကျွန်ုပ်တို့ဗုဒ္ဓဘာသာနိုင်ငံအနေဖြင့် ခြံစည်းရိုးဖွင့်ပြစ်နိုင်ရမည်။ အိမ်တံခါး ဖွင့်အိပ်လို့ရနိုင်ရမည်။
ရအောင်ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုနည်းနဲ့ကျင့်ကြံရမလဲ စသည်တို့ကို အဖြေရှာရပါတော့ မည်။
- နိုင်ငံအချို့၏ ဥပဒေအချို့တွင် ဘာသာရေးနဲ့နိုင်ငံရေး မရောရဟူ၍လည်းကောင်း၊
- ဘာသာရေးနဲ့ စီးပွားရေးမရောရဟူ၍လည်းကောင်း၊
- လူမှုရေးနဲ့ဘာသာရေး မရောရဟူ၍လည်းကောင်း၊
အချို့ပညာရှင်တို့ပြဋ္ဌာန်းတားမြစ်နေသည်ကို တွေ့ရသည်။
ကျွန်ုပ်အမြင်ပြောလျှင် ဘာသာရေးနှင့်နိုင်ငံရေး၊ လူမှုရေးတို့ ရောယှက်နေမှ မှန်မည်။ တကယ်မရောက်ယှက်သင့်သည်မှာ လောဘ၊ ဒေါသ၊ မောဟ သာဖြစ်၏။
ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စရပ်တွင်လောဘ၊ ဒေါသ၊ မောဟပူးဝင်ပြီဆိုပါက လောကီ၊ လောကုတ္တရာဘာ အကျိုးမျှမရှိအကျိုး ယုတ်ခြင်းကိုသာ ခံစားရတော့၏။
လောဘ၊ ဒေါသ၊ မောဟတရားသည် သံသရာတလျှောက်၊ ဘာသာရေးကိုလည်း ဖျက်စီးတတ်သည်။ နိုင်ငံရေးကိုလည်း ဖျက်စီးတတ်သည်။ လူမှုရေးကိုလည်းဖျက်စီးတတ်သည်။
သို့သော်ထိုလောဘ၊ ဒေါသ၊ မောဟအကုသိုလ် တရားသုံးပါးသည် ငါးပါးသီလတစ်ပါးပါး ကို ခုတုံးလုပ်ပြီးမှ အစွမ်းပြတတ်သည်။ ငါးပါးသီလကို ချိုးဖောက်ခွင့်မရပါက ငုတ်လျှိုးပုန်းကွယ်၍ ချောင်းမြောင်းနေတတ်သော သဘောရှိ၏။
လောဘ၊ ဒေါသ၊ မောဟတရားပူးကပ်ဖျက်ဆီးခြင်းကြောင့် သာသနာယိုင်နဲ့သွားလျှင် ဖြစ်စေ၊
နိုင်ငံတော်ယိမ်းယိုင်ပြိုနဲ့သွားလျှင်ဖြစ်စေ၊
လူမှုရေးအဆောက်အအုံယိုင်နဲ့လျှင်ဖြစ်စေ၊
ငါးပါးသီလဖြင့်ပြန်ထိန်းပါက ကောင်းမွန်နိုင်၏။
ငါးပါးသီလသည် သာသနာကိုဖြစ်စေ၊ နိုင်ငံကိုဖြစ်စေ၊ လူကိုဖြစ်စေ၊ (ချောက်)ဂျောက်ကမ်းပါးထဲ မကျအောင်အထက်သို့ဆွဲတင်ထိန်းသိမ်းစောင့်ရှောက်သော သဘောရှိ၏။ (ငါးပါးသီလမှာ ချောက်မရှိ ဟုပုံသေမှတ်သားထားရမည်။)
အကြောင်းအမျိုးမျိုးကြောင့် ဖွဲ့စည်းပုံပျက်စီးသွားသောအခါ တရားဥပဒေပျက်စီးသွား သောအခါ ယာယီဖွဲ့စည်းပုံဖွဲ့စည်းရန်အချိန် မရတော့သောအခါ အုပ်ချုပ်သူများအနေဖြင့် ဗုဒ္ဓ၏ ငါးပါး သီလအဆုံးအမတရားကို ပေတံသဘောထား၍ တိတိကျကျအုပ်ချုပ်ပါကထိုတရားမှ ဥပဒေအလိုလို ဖြစ်လာပြီး ပြည်သူအပေါင်းကို ကယ်တင်နိုင်သောတရား ဥပဒေဖြစ်လာပေမည်။ ဆိုလိုသည်မှာ ဥပဒေ မရှိလျှင် နေပါစေ၊ တရားရှိရန်နှင့်တရားကို ထိန်းသိမ်းပေးမည့်သူရှိရန် လိုအပ်သည်။
ဘာသာရေးနှင့်လူမှုရေး၊ နိုင်ငံရေးပေါင်းစပ်ယှက်နွယ်နေပုံကိုတင်ပြရလျှင် ကျွန်ုပ်သည် ဘာသာရေးကိုလေ့လာကြည့်ရာတွင်လူမှုရေး လူ့ကိစ္စနှင့် ကင်းကွာသောတရားဟူ၍ ဗုဒ္ဓ၏တရား တော် တွင်မရှိပေ။ ဥပမာ-လူမှုဆက်ဆံရေး၊ လူ့ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ သားသမီးဆွေမျိုးကျင့်ဝတ်ဟူ၍သာ လေ့လာတွေ့ရှိခဲ့ပေသည်။ ထို့ကြောင့် ဘာသာရေးသည် လူမှုရေးဖြစ်ပြီးဘာသာရေးနှင့်ပြည့်စုံသူသည်လူမှုရေးနှင့်ပြည့်စုံသူဖြစ်ပေသည်။ လူမှုရေး သမားကောင်းတစ်ယောက်သည် လည်း ဘာသာရေးသမားကောင်းတစ်ယောက်ဟု ဆိုထိုက်ပေသည်။
တဖန် ကျွန်ုပ်သည်နိုင်ငံရေးကိုလေ့လာကြည့်ရာတွင် လူမှုရေး၊ လူ့ကိစ္စနှင့် ကင်းကွာ သော နိုင်ငံရေးလုပ်ငန်းဟူ၍ မရှိပေ။ ဥပမာ-လူမှုဆက်ဆံရေး လူမှုအုပ်ချုပ်ရေး၊ ပြည်သူလူထုတစ်ရပ် လုံးနှင့် ကိုက်ညီသောအခြေခံဥပဒေရေးဆွဲ အုပ်ချုပ်ခြင်း စသည်ဖြင့်သာ တွေ့ရပေမည်။ ထို့ကြောင့် နိုင်ငံရေးသမားကောင်းတစ်ယောက်သည် လူမှုရေးသမားကောင်းတစ်ယောက်ဖြစ်သလို၊ လူမှုရေး သမားကောင်းတစ်ယောက်သည် နိုင်ငံရေးသမားကောင်းတစ်ယောက်ဟု ဆိုထိုက်ပေသည်။
ဗုဒ္ဓဟောကြားတော်မူခဲ့သော ငါးပါးသီလကိုပြန်ကြည့်ကြပါစို့ …..
ပါဏာတိပါတာ - သူတစ်ပါးအသက်ကို သတ်ပုတ်ခြင်း မပြုရန်ဘာသာရေးကတားခဲ့ပေ သည်။ သတ်ခြင်းကိုဘုရားမကြိုက်ပေ။ ဘာသာရေးကမကြိုက်သောလူသတ်သမားများကို မဆိုထားနှင့် ရန်ဖြစ်တတ်သော စိတ်တိုသောသူကိုပင်လူမှုရေးကလက်မခံပေ။ လူအများက ၀ိုင်းပယ်ကြသည်။ ရှောင်ကြဉ်ကြသည်။ ထို့အတူ နိုင်ငံရေးဘက်ကပုဒ်မ (၃၀၂)လူသတ်မှုဟူ၍ သတ်မှတ်ပြီး၊ သေဒဏ် (သို့မဟုတ်) ထောင်ဒဏ်တစ်သက်တစ်ကျွန်း စသည်ဖြင့် အရေးယူလေသည်။ ဤသည်မှာလူသတ်ခြင်း ကို ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးသုံးခုစလုံးက လက်မခံပုံဖြစ်၏။
အဒိန္နာဒါနာ - သူတစ်ပါးဥစ္စာခိုးယူခြင်းကို ဗုဒ္ဓကတားမြစ်ခဲ့ပေသည်။ ဘာသာရေးက လုံးဝလက်မခံပေ။ လူမှုရေးကလည်းခိုးဝှက်တတ်သူကို သာမန်လူမဆိုထားနှင့် ဆွေမျိုးသားချင်းကိုပင် ရှောင်ကြဉ်ကြသည်။ သတိထား ပေါင်းသင်းကြသည်။ ၀ိုင်းပယ်ကြသည်။ ထို့အတူ နိုင်ငံရေးဘက်က ပုဒ်မ (၆-၁) (၃၈၀/၅၄) (၃၇၉) (၃၈၁) ခိုးမှုဟူ၍ သတ်မှတ်ပြီး ထောင်ဒဏ် (၆)လ (သို့မဟုတ်) (၆)နှစ် စသည်ဖြင့် အရေးယူလေသည်။ ဤသည်မှာ ခိုးသူကိုဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးသုံးခုစလုံးက လက်မခံပုံကို တင်ပြခြင်းဖြစ်၏။
ကာမေသုမိစ္ဆာစာရာ - သူတစ်ပါးသားမယား ပြစ်မှားကျူးလွန်သူကို ဘာသာရေးက လက်မခံပေ။ လူမှုရေးကလည်း လက်မခံပေ။ ရွံရှာဆက်ဆုပ်သောအလုပ်ဟူ၍ ကျူးလွန်သူကို ၀ိုင်းပယ် ကြလေသည်။ ထို့အတူ နိုင်ငံရေးဥပဒေက ပုဒ်မ(၃၇၆) ပုဒ်မ(၃၀၇) မုဒိမ်းမှုဟူ၍ ထောင်ဒဏ်များ သတ်မှတ်အရေးယူလေသည်။ အချို့နိုင်ငံများတွင် သေဒဏ်ဟူ၍ အရေးယူလေသည်။ သူတစ်ပါး သားမယားဖျက်ဆီးသူကို ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးများကလက်မခံပေ။
မုသာဝါဒါ - မမှန်မကန်ပြောဆိုခြင်းကို ဘာသာရေးက တားမြစ်ထားသည်။ လူမှုရေး အသိုင်းအ၀ိုင်းကလည်း လူလိမ်လူညာကို ၀ိုင်းပယ်ရှောင်ကြဉ်ကြလေသည်။ ထို့အတူ နိုင်ငံရေး၊ ဥပဒေ ကပုဒ်မ (၄၂၀) လိမ်လည်မှုဟူ၍ ထောင်ဒဏ် (၃)လ၊ (၆)လစသည်ဖြင့် အရေးယူခံရတတ်ပေသည်။ လူလိမ်ကိုဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးသုံးခုစလုံးက လက်မခံပေ။
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ-အရက်သေစာကိုလောဘ၊ ဒေါသ၊ မောဟဖြစ်စေ ကြောင်းအတွက် သောက်သုံးခြင်းမှ ရှောင်ကြဉ်ရန်တားမြစ်ထားပါသည်။ လူမှုရေးကလည်း အရက် သမားကိုလူရာမသွင်းပေ။ ဥပဒေအရကြည့်ပါက မူးယစ်ထုံထိုင်းဆေးဝါးမှစ၍ မူးယစ်ဆေးဝါးဥပဒေတို့ ကို ထုတ်ပြန်ပြီး၊ ပုဒ်မ ၁၆(ဂ) ၁၅-၁၆/၁၆ (ဂ) ဖြင့် အရေးယူလေသည်။ မူးယစ်ဆေးဝါး ဘိန်းဖြူထိုး လျှင်အခြား နိုင်ငံများတွင်လည်း အရေးယူကြပေသည်။ ဤသည်မှာ ဘာသာရေးကလက်မခံသောလုပ် ရပ်ကိုလူမှုရေးကလည်း လက်မခံတတ်ပုံနှင့် နိုင်ငံရေးဘက်ကပါဥပဒေဖြင့် ထိန်းချုပ်အရေးယူပုံဖြစ်ပေ သည်။
(ဥပမာ) ထောင်တွင်းမှ ထောင်သားအားလုံးကို စိစစ်ကြည့်ပါက၊ ငါးပါးသီလတစ်ပါးပါး မကျူးလွန်ဘဲထောင်မကျနိုင်ပေ။ ထို့ကြောင့် -
ဘာသာရေးသည် နိုင်ငံရေးလည်းဖြစ်သည်။ လူမှုရေးလည်းဖြစ်သည်။ နိုင်ငံရေးသည် လူမှုရေးလည်းဖြစ်သည်။ ဘာသာရေးလည်းဖြစ်သည်။
လူမှုရေးကိစ္စအ၀၀ပြေလည်စေရန် ဘာသာရေးနှင့် နိုင်ငံရေး၊ ညှပ်ပူးညှပ်ပိတ် ထိန်းချုပ် ထားသည်ဟု ကျွန်ုပ်ထင်မြင်သည်။
ဥပဒေဆိုင်ရာစကားအသုံးအနှုန်းများကို သုံးသပ်ကြည့်ပါက ဥပဒေကို ဥပဒေဟုခေါ်ပါ က ပြည့်စုံသည်မထင်ပေ။ တရားဥပဒေဟု ခေါ်တတ်ကြပေသည်။ တဖန် အမှုစီရင်ဆုံးဖြတ်ရာ ရုံး အဆောက်အအုံကို ရုံးဟူ၍ ခေါ်ပါက ပြည့်စုံသည်မထင်ပေ။ တရားရုံးဟုခေါ်တတ်ကြသလို အမှုစီရင် သည်ကို တရားစီရင်သည်၊ အမှုစီရင်သောလူကြီးကိုတရားသူကြီး၊ တရားလို- တရားခံ - တရားရှုံးသည် တရားနိုင်သည်၊ တရားမအမှု-တရားရုံးချုပ်-တရားဟောသည် စသည်ဖြင့် ဘာသာရေးအနှစ်ဖြစ်သော ``တရား`` ဆိုသော စကားရပ်ကို နိုင်ငံရေးဆိုင်ရာဥပဒေ ဝေါဟာရများတွင် ပူးတွဲသုံးနှုန်းသည်ကို တွေ့ကြရပေမည်။
ထို့ကြောင့် ဘာသာရေးသမားကောင်းတစ်ယောက်ဖြစ်ပါက၊ လူမှုရေးနှင့် နိုင်ငံရေး သမားကောင်းတစ်ယောက်ဖြစ်ပေသည်။
နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်ပါက ဘာသာရေးနှင့် လူမှုရေးသမားကောင်း တစ်ယောက်ဖြစ်သွားပေသည်။
အကယ်၍ ဘာသာရေးနှင့် ဆန့်ကျင်နေထိုင်သူဖြစ်ပါက နိုင်ငံရေးဆန့်ကျင်သူ၊ လူမှုရေး ဆန့်ကျင်သူဖြစ်သွားပေသည်။ အကယ်၍ နိုင်ငံရေးဥပဒေကို ထိုးဖောက်ပါက ဘာသာရေးနှင့်လူမှုရေး ချိုးဖောက်သူဖြစ်ပွားပေသည်။ လူမှုရေးဖောက်ပြန်သူဖြစ်ပါကလည်း ဥပဒေနှင့်ဘာသာရေးကိုပါ ဖောက် ပြန်မိသူဖြစ်သွားပေ၏။
ကျွန်ုပ်အထင်ပြောရလျှင် ငါးပါးသီလဓမ္မစက်ကိုဥပဒေဟူသော အာဏာစက်ဖြင့် ပေါင်း ပြီးတရားဥပဒေတစ်ရပ်ပြဋ္ဌာန်း၍လူမှုကိစ္စအ၀၀ကို ဖြေရှင်းရန်ရှေးပညာရှိများ စီစဉ်သွားသည်ဟု ယူဆ ဖွယ်ဖြစ်ပေသည်။
ဘာသာရေးသမားကောင်းရှာလိုပါက ငါးပါးသီလအတွင်းလူ နှင့်အပြင်လူ ခွဲထုတ်နိုင် ရန်အလွန်အရေးကြီးသည်။
နိုင်ငံရေးသမားကောင်းရှာလိုပါက တရားဥပဒေအတွင်းလူနှင့် အပြင်လူခွဲထုတ်နိုင်ရန် အလွန်ရေးကြီးသည်။
ဤငါးပါးသီလပေတံဖြင့် မိမိကိုယ်ကိုသော်လည်းကောင်း၊ သူတစ်ပါးကိုသော်လည်း ကောင်း၊ အပြန်အလှန်တိုင်းတာပြီး နေ့စဉ်စောင့်ထိန်းကြမည်ဆိုပါက ပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးတိုင်း ပြည်တိုးတက်၍လောကနိဗ္ဗာန်ကို မျက်မှောက်ရောက်ရပေ မည်။ နိဗ္ဗာန်ဆိုတာငါးပါးသီလရှိသူများ၏ စံအိမ်ဖြစ်၏။
- ဗုဒ္ဓ၏ဘာသာရေးတရားတိုင်းသည်လူမှုရေးလည်း ဖြစ်သည်။ နိုင်ငံရေးလည်းဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေးနှင့်ဆန့်ကျင်သောမည်သည့်တရားမျှတရား စစ်တရားမှန်မဖြစ်နိုင်၊ အကယ်၍ဘာသာရေးနှင့် လူမှုရေးထိပ်တိုက်ယှဉ်လာပါက ပြည်သူအရေးကိုဦးစားပေးရ ပေမည်။
- ဥပဒေအတိုင်းသည် လူမှုရေး၊ ဘာသာရေးနှင့်တစ်ထပ်တည်းဖြစ်နေရမည်။ လူမှုရေး၊ ဘာသာရေးကိုဆန့်ကျင်သော ဥပဒေသည် စစ်မှန်သောတရားဥပဒေမဖြစ်နိုင်၊ အကယ်၍ နိုင်ငံရေးနှင့် (တိုင်းပြည်) ပြည်သူ့အရေးယှဉ်လာပါက ပြည်သူ့အရေးကို ဦးစားပေးရ ပေမည်။
တိုင်းပြည်ထူထောင်ရေးတွင် ငါးပါးသီလ (တရားဥပဒေ) ကိုမရှိမဖြစ် ဦးထိပ်ပန်၍ တိုင်းပြည်ထူထောင်ရပေမည်။
တိုးတက်ပြီး တိုင်းပြည်မှာပင် ငါးပါးသီလ (သို့မဟုတ်) တရားဥပဒေပျက်ကတိုင်းပြည် ပျက်ပေမည်။
- ကွန်မြူနစ်ဝါးတွင်လည်း ငါးပါးသီလနှင့် ထပ်တူညီမျှသောတရားဥပဒေထိန်းကွပ်မှုဖြင့် ထူထောင်ရမည်။
- ဆိုရှယ်လစ်ဝါဒတွင်လည်း ငါးပါးသီလတရားဥပဒေထိန်းကွပ်မှုဖြင့် တိုင်းပြည်ထူထောင် ရမည်။
- အရင်းရှင်ဝါဒတွင်လည်း ငါးပါးသီလတရားဥပဒေထိန်းကွပ်မှုဖြင့် တိုင်းပြည်ထူထောင်ရ မည်။
- ဒီမိုကရေစီဆိုရာတွင်လည်း ငါးပါးသီလရှိမှ ဒီမိုကရေစီရမည်။
ငါးပါးသီလပျက်ပါက မည်သည့်ဝါဒ၊ မည်သည့်စနစ်ဖြင့် တိုင်းပြည်ကောင်းအောင်ဆိုပြီး
သေအောင် လုပ်လည်းမအောင်မြင်နိုင်ပေ။
အာဏာပိုင်အဖွဲ့အစည်းသည်တရား ဥပဒေစောင့်ရှောက်ရေးအဖွဲ့အဖြစ် ရပ်တည်နေရမည်။
ဗုဒ္ဓဧ။်ဓမ္မစက်ဖြင့်ထိန်းကွပ်၍ မရသောအခါ တရားဥပဒေဟူသော အာဏာစက်ဖြင့် ကာကွယ်တားဆီးရပေမည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် သာသနာပြုခြင်းလည်း ဖြစ်သည်။ တရားဥပဒေစောင့်ရှောက်ခြင်းလည်း ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်း၊ စောင့် ရှောက်ခြင်းလည်းဖြစ်သည်။
နိဗ္ဗာန်ဆိုတာလွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းသာဖြစ်ပေသည်။ ငါးပါးသီလပျက်စီးနေ သော တိုင်းပြည်သည် လွတ်လပ်ရေးပျက်စီးနေသော တိုင်းပြည်ဟု ကျွန်ုပ်ထင်ပေသည်။
ငါးပါးသီလကို ကိုယ်နှုတ်နှလုံးသုံးပါးဖြင့် ထိန်းသိမ်းသောသူသည် သိက္ခာရှိ၏။ အိနြေ္ဒ နှင့် ပြည့်စုံ၏။ သရဏဂုံကိုလည်း အသက်ထင်ရှားရှိလျှက်တည်ပြီး သူဖြစ်၏။ မဂ္ဂင်ရှစ်ပါးကိုလည်း ကျင့် ကြံပွားများနိုင်၏။ သစ္စာလေးပါးကိုပိုင်းခြားသိမြင်နိုင်၏။ စိတ်ဖြူစင်၏။ ပညာဉာဏ်ကြီး၏။ လျှင် မြန်၏။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလည်း ရလွယ်တတ်၏။ ငါးပါးသီလမြဲသူကိုမျက်မှောက်ဘ၀၌ပင် လူလေးစား၏။ ကြည်ညိုသည်၊ လူချစ်လူခင်ပေါသည်။ အလုပ်အကိုင်ပေါသည်။ ရာထူးမြဲသည၊် စည်းစိမ်မြဲသည်၊ စီးပွားတက်သည်၊ ရာဇ၀တ်ပြစ်ဒဏ်ကင်းသည်။
ငါးပါးသီလချိုးဖောက်သူဆိုပါက လူမုန်းများသည်၊ လူအထင်သေးသည်။ လူယုံကြည်မှု နဲသည်။ ဘေးရန်ထူပြောသည်။အလုပ်အကိုင်ရှားသည်။ အရှက်တကွဲဖြစ်တတ်သည်။ စီးပွားပျက်လွယ် သည်။ အလုပ်အကိုင်ရာထူး ပြုတ်ကျတတ်သည်။ ရာဇ၀တ်ပြစ်ဒဏ်ခံရတတ်သည်။ ထို့ကြောင့် -
ဗုဒ္ဓလမ်းညွှန်(ခြေရာ) မိဘ၏လမ်းညွှန် (ခြေရာ)-အရာများ၏ လမ်းညွှန်(ခြေရာ)နိုင်ငံ တော် အကြီးအကဲများ၏ လမ်းညွှန်(ခြေရာ) ကို လိုက်နာလျှက်ကိုယ်ကျင့်၊ နှုတ်ကျင့်၊ စိတ်ကျင့်မှန်ကန် သော မျိုးချစ်အာဇာနည်သူတော်ကောင်းများဖြစ်ကြပါစေဟု ဆန္ဒပြုရင်း ငါးပါးသီလနှင့်ငြိမ်းချမ်းရေး(အပိုင်း ၁ ) ကိုဓမ္မဒါန ပြုလိုက်ပါသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
September
(756)
- ချစ်သူ.........
- အချစ်ရှိတဲ့နေရာ
- စာစုလေးများ
- ညသူခိုး
- {{{{{{{{{ ရက်စက်သူတို့ နှလုံးသား }}}}}}}}}
- ကျိန်စာ
- မောင်စိန်ဝင်း(ပုတီးကုန်း)၇ဲ့ ကဗျာလေးတွေပါ
- ရင်ဘတ်ကြီးထဲကလာတာပါ
- ဘာကြောင့်
- လမ်းခွဲ
- ငါဟာ အမြဲပျော်ရွှင်နေသူပါ...
- ဆောရီးပါ
- နောက်ဆုံး
- # ပညာစကားလက်ဆောင် #
- အဖော်မဲ့အလွမ်း
- မင်းစိတ်နဲ့ကိုယ်
- အဝေးကချစ်သူသို့******
- သီချင်းတွေမှာ စာသားထည့်ဖို့
- » ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်း...
- ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင...
- ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
- man v's cow
- အချစ်ဆိုတာခွန်အား
- အချစ်
- iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )
- ချစ်သူရယ်....
- ကိုးရီးယားမင်းသားမင်းသမီးfacebookအကောင့်များ
- Wondershare DVD Slideshow Builder Deluxe 6.1.11.65...
- Android Device မှာ bowling ကစားချင်သူများအတွက် 3D ...
- ကမ္ဘာမကျော်တို့ရဲ့အဆိုအမိန့်များ
- ♥...မှ...သို့...♥ချစ်တယ်♥...♥
- မြို့နယ် ၁၅ မြို့နယ်တွင် EAHMI စီမံကိန်း ပြုလုပ်သွ...
- ၂၀၁၃-၁၄ ခုနှစ်အမီ အရေးပေါ် ကုသမှုဌာန ပေါ်ပေါက်ရန် စီစ...
- ခွေးများကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးပေး
- မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ...
- မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိ...
- ခုံးကျော် တံတား ၄ စင်း တည်ဆောက်ရာတွင် ဘီလီယံ ၅၀ နီ...
- မြို့နယ် ၇ မြို့နယ်တွင် GSM စခန်းများ တိုးချဲ့ တပ်...
- နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်မှု ၁၅ ရာခိုင်နှုန်းြ...
- အနောက် ဥရောပနိုင်ငံများ အနက် ပြင်သစ်နိုင်ငံမှ မြန်...
- သြစတြေးလျသို့ ပြည်တွင်းမှ သွားရောက် ပညာသင်ကြားမှုေ...
- စက်မှုလက်မှု ကုန်ထုတ်အစု အဖွဲ့များအား ငွေကျပ် သန်းပေ...
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
- စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ...
- ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီ...
- တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ...
- အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ
- လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တာြး...
- ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ
- ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ
- မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
- တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံ...
- တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြ...
- ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင...
- ဘင်္ဂါလီ ရပ်ကွက် အတွင်း ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရ...
- » စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစ...
- ပုဂံ-ညောင်ဦးမြို့ နယ်မှာ မှု့ ခင်းကျဆင်းရေး လက်ကမ်း...
- လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်း...
- စစ်တွေမြို့ အင်္ဘာလာ ရပ်ကွက် မြင်ကွင်း ဓါတ်ပုံများ
- လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှု ခံနေရ...
- မြို့ တော် အလှကို ပျက်စီးစေသည့် ကြော်ငြာ ဆိုင်းဘုတ...
- စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂ...
- စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိ...
- ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲက ပစ်လို့ လူ ၁ ယောက်ေ...
- စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal
- » ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်...
- ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ
- သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြု...
- သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန...
- ကျောက်ဖြူမြို့တွင် အာဏာပိုင်များနဲ့  ပူးပေါင်းပြီး...
- အလုံမြို့နယ်တွင် အမျိုးသားတစ်ဦး အလောင်းတွေ့
- တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက...
- » တောင်ကြီးမြို့ မှာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲတွ...
- » စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့...
- လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ...
- ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
- သတင်းတိုများ
- ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
- » ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန်ဧည့...
- » ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်က...
- » ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင...
- ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုး မြန်မာနိုင်င...
- ရွှပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေည...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် The Hot News Weekly Vol-3...
- `မစု... ပိန်သွားတယ်`
- သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ...
- စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ ...
- လျှပ်စစ်မီး အပြည့်အ၀မရရှိမှု စီစစ်ဆောင်ရွက်ပေးရန်ေ...
- » မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတ...
- (၁၃၃) ကြိမ်မြောက် မြင်းခြံမြို့ နယ်လုံးဆိုင်ရာ သုံ...
- ဧရာဝတီတိုင်းလွှတ်တော်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မျာ...
- » ပြည်မြို့ တရုတ်တန်းလမ်း မီးလောင်မှုနှင့် ပက်သက်၍...
- စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၃
- » စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၃)၊ ...
- ဟင်္သာတမြို့က ဆိုင်ကယ်လိုင်စင်ဝင်တဲ့ ပြည်သူတွေရဲ့ ဒုက္ခ
- မအူပင်မြို့မှ သစ်တောဝန်ထမ်းများ ဥပဒေကင်းမဲ့နေခြင်း
- သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်...
- ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ရှားပါးမှု ကြုံနေရဆဲ
- အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး
-
▼
September
(756)
No comments:
Post a Comment