မအူပင်မြို့နယ် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေ ဖက်က ကိုင်တွယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆို လိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
မအူပင် မလက်တို ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေအကြား ပဋိပက္ခ ဓါတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုမှတ်တမ်းတွေ အတော်များများ ထွက်လာပါတယ်။ များသောအားဖြင့် အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့တာပါ။ ရဲလုံခြုံရေးအုပ်စုလိုက် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုမှတ်တမ်းကို ကြည့်ရပြီး သူ့အနေနဲ့ အလွန်အမင်းတုန်လှုပ်မိတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ အရင်တုန်းက အခြေအနေမျိုးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။
“တုန်လှုပ်ဖွယ်ရာအချက်ကတော့ ဒီဗွီဒီယိုမှာ ကျနော်မြင်တွေ့ရတာက - ဘေးမှာရပ်ကြည့်နေကြတဲ့ အမျိုးသမီးတွေအပေါ် လုံခြုံရေးရဲတွေရဲ့ တုံ့ပြန်ပြုမူပုံပါပဲ။ ရုတ်တရက် ဒီအမျိုးသမီးတွေကို ရဲဝန်ထမ်းတွေက အကြမ်းဖက်တာ တိုက်ခိုက်တာတွေ့ရပါတယ်။ ကျနော် ထပ်ပြီး ပြောပါရစေ။ ဒါဟာ တကယ်ကို့ တုန်လှုပ်စရာ ကောင်းလှပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်၊ ရဲဝန်ထမ်းတွေရဲ့ ပြုမူပုံတွေဟာ အရင်စစ်အစိုးရ လက်ထက်က အတိုင်း မပြောင်းသေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒါဟာ ကျနော်အတွက်စိုးရိမ်မကင်းဖြစ်မှုပါ။ ဒါကို ပြည်ထဲရေးဝန်ကြီးနဲ့ ကျနော်နေပြည်တော်မှာ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ပါတယ်။ ရဲတွေရဲ့ အပြုအမူတွေကို လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ဖို့လိုပါတယ်။ ဒီဗီဒီယိုကိုကြည့်ခြင်းအားဖြင့် ဒီချိုးဖောက်မှုဟာ မြန်မာနိုင်ငံမှာ စိုးရိမ်စရာအခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။”
ပဋိပက္ခကြောင့် ရဲတဦး ဆေးရုံမှာ သေဆုံးပြီး၊ ရဲရော အရပ်သားအတော်များများပါ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ လယ်သမားတွေဖက်ကတော့ ရဲလုံခြုံရေးဖက်က စတင်ရိုက်နှက်လို့ သူတို့ ပြန်ပြီး ခုခံတာပါလို့ ပြောပါတယ်။ ရဲဖက်ကတော့ သူတို့ဟာ ဥပဒေအတိုင်း ကိုင်တွယ်တာပါလို့ ချေပပါတယ်။ ဒါပေမယ့် အခုအချိန်အထိ မလက်တိုကျေးရွာဖက်မှာ အခြေအနေတွေက တင်းမာနေတုန်းပါ။ မစ္စတာကင်တာနားကတော့ အခု အဖြစ်အပျက်နဲ့ပတ်သက်လို့ အခုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြသွားမယ်လို့ ပြောပါတယ်။
“ကျနော်အနေနဲ့ သေချာပေါက်ပါပဲ ဂျနီဗာမှာ မြန်မာသံအမတ်ကြီးနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒီအကြောင်း ကျနော် အသိပေးတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနေအခါမှာ မြန်မာအစိုးရအနေနဲ့ ကမ္ဘာတ၀ှမ်းပြန့်နှံနေတဲ့ ဒီတုန်လှုပ်ဖွယ်ရာကောင်းတဲ့ ဗီဒီယိုရုပ်ပုံတွေကို အရေးယူဖြေရှင်းဖို့ ကြိုးစားနေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီဗီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့ အလေ့အကျင့်တွေပြုပြင်ရမယ်ဆိုတာ သက်သေပြရာ ရောက်ပါတယ်။”
မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာမှာ မြန်မာအစိုးရကို လိုလားလက်ခံမှုတွေ တိုးလာပေမယ့်လည်း တချိန်တည်းမှာ အခုလို ပဋိပက္ခတွေ မကြာမကြာ တွေ့လာရပါတယ်။ အထူးသဖြင့်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ အထူးသဖြင့် အရပ်သားတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အရင်အမူအကျင့်တွေကို ပြောင်းလဲဖို့ သမတဦးသိန်းစိန်အနေနဲ့ အလေးထားကိုင်တွယ်သင့်တယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။
“လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်စေဖို့၊ တချို့နေရာတွေမှာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ တွေ့ရတဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဆောင်ရွက်တာမျိုး ကျနော် မတွေ့ရသေးပါဘူး။ ဒီကိစ္စသာမဟုတ်ပါဘူး။ ကြေးနီစီမံကိန်းပဋိပက္ခဖြိုခွင်းတုန်းကလည်း ရဲက မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ တောက်လျှောက်ဖြစ်နေတာတွေ့ရပါတယ်။”
လက်ပန်းတောင်ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးကော်မတီကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပါတယ်။ ဒီ ကော်မတီအနေနဲ့ မကြာခင်မှာ အစီရင်ခံစာထွက်လာမယ်လို့ မျှော်လင့်ထားကြတာပါ။ အခုလို အရပ်ဖက်လူထုနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိပ်တိုက်ဖြစ်ကြတဲ့ ကိစ္စရပ်မျိုးတွေကို အစိုးရတင်မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီကလည်း လေ့လာ အဖြေထုတ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။
“ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ရမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍကို လေ့လာစုံစမ်းဖို့ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုပါတယ်။ ဒီကော်မတီအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အလေ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲ၇မယ်၊ ဘယ်လိုသင်တန်းတွေ ပေးရမယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရှိကြတဲ့ လုံခြုံရေးရဲတွေရဲ့ တာဝန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အစီရင်ခံစာထုတ်ပြန်သင့်ပါတယ်။”
မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ အတွင်းက လယ်မြေဧက ၅၀၀ ကျော်ကို ပုဂ္ဂလိက ကုမ္ပဏီတခုက ၁၉၉၆ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့နောက်၊ အခု အသုံးမပြုပဲထားတယ်ဆိုပြီး လယ်သမားတွေဖက်က သူတို့ မူလ လယ်မြေကို ပြန်ယူဖို့ ခုတ်ထွင်ရှင်းလင်းရာကနေ ပြဿနာတွေ စခဲ့တာပါ။ အင်္ဂါနေ့မှာ အာဏာပိုင်တွေက အဲဒီနေရာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက်၊ အဲဒီလယ်မြေတွေမှာ နေရာယူထားတဲ့ လယ်သမားတွေကို အကြမ်းဖက် ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရုန့်ရင်းဆံခတ်ဖြစ်ချိန်မှာ လယ်သမားတွေဖက်ကလည်း ပြန်လည် တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖက်က သေနက်ပစ်ဖောက် လူစုခွဲတာတွေ လုပ်ခဲ့ရပါတယ်။
ကိုသားညွန့်ဦး (ဗွီအိုအေ)
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 2 March 2013
မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
March
(147)
- လူတစ်ယာက်၏ အော်ဟစ်သံကြောင့် ကလေးမြို့တွင် လုံခြုံေ...
- ပဋိပက္ခများ ကြိုတင်တားဆီးရေး အစ္စလာမ်ဘာသာရေး ခေါင်းေ...
- ပြည်ခရိုင်က မြို့နယ် ၆ခုမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်
- မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး
- ပဲခူးတိုင်း မင်းလှ၊ စစ်ကွင်းမြို့တွေမှာ ဗလီတွေ အဖျ...
- အကြမ်းဖက်မှု ပဋိပက္ခများနှင့်ပတ်သက်၍ ရမည်းသင်း ကျောင...
- မတ်လ (၂၆) ရက်နေ့ ထုတ် Digital Life Journal အတွဲ-၁၊...
- မတ်လ (၂၁) ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမ...
- မတ်လ (၂၁) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာ...
- ဆူပူအကြမ်းဖက်မှု့ များတွင် ပါဝင်ခဲ့သူများ ဟု သံသယရှ...
- မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ဆူပူအကြမ်းဖ...
- မိတ္ထီလာ အကြမ်းဖက်တိုက်ခိုက်မှု ၃၂ဦးသေဟု အစိုးရပြော၊...
- ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ
- လျော်ကြေးမယူထားသည့် လယ်မြေပေါ် လုပ်ငန်းလာလုပ်လို့ အ...
- ပဲခူးတွင်ကျူးကျော်နေထိုင်သူများကို မြေနေရာချထားပေးပြီ
- မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ...
- လက်ဖက်များတွင် ဆိုးဆေးများသုံးကာ ရောင်းချလာသည်ကိုေ...
- မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း (ရုပ်/သံ)
- ရမည်းသင်းမီးလောင်မှု အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီး
- တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ ကြိုးပမ်းရမည်
- နိုင်ငံကူးလက်မှတ် ၁၀ ရက်အတွင်း အပြီးထုတ်ပေးမည်
- လက်ပံတောင်းတောင်မှာ လျော်ကြေးငွေတွေ ပေးနေပြီ (ရုပ်...
- မွန်ပြည်နယ်အစိုးအဖွဲ့တွင် ၀န်ကြီးချုပ်၏လုပ်ငန်းမျ...
- မော်လမြိုင်သတင်းတစ်ခု
- မြန်မာသို့ ကူညီထောက်ပံ့မှုများ အလုံးအရင်းဖြင့် စီးဝ...
- မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလ...
- မြန်မာ Mobile application များကို စုစည်းမှု့ (Andro...
- Android ဖုန်းများအတွက် English Myanmar Dictionary ...
- New Nokia Zawgyi Keyboard
- ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)၏ ရခိုင်ပြည်နယ် လေးမြ...
- နွေရာသီ အပူချိန် နဲ့ အန္တရယ် (ရုပ်/သံ)
- ရခိုင် အမျိုးသားတွေ NLD မှာ ရွေးကောက်ခံရ
- စိတ်မနှံ့သည့် သမီးက ဖခင်အား ဓါးဖြင့်ခုတ်သတ်
- နိုင်ငံတော်သမ္မတ ကို တရားစွဲဆိုမှု ဆားလင်းကြီးတရားရု...
- မအူပင် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူအား အဓမ္မ မု...
- မန်းတွင် လူတစ်ရာကျော် အစာအဆိပ်သင့်မှု အထူးရောဂါနှိမ...
- မတ်လ(၁၃)ရက်နေ့ ထုတ် Smart Pro Journal, Issue 7
- ရခိုင်က ဆန္ဒပြခေါင်းဆောင်များ ခေါ်ယူ စစ်မေးခံရ
- မတ်လ(၁၂)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၁၊ အ...
- မတ်လ(၁၃)ရက်နေ့ ထုတ် Mobile Guide Issue 95
- ဘင်္ဂါလီ အရေး ပွင့်လင်း မြင်သာမှုရှိဖို့  ရသေ့တောင်တွ...
- အိန္ဒိယ ဆေးကျောင်းသူကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ရာ...
- အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု
- KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်...
- ပုသိမ်ကြီး အစာအဆိပ်သင့်မှုကြောင့် သတင်းနှင့် ပတ်သက်...
- မတ်လ(၁၃)ရက်နေ့ ထုတ် Weekly Eleven News Journal အတွ...
- ပြုပြင်ပြောင်းလဲရေးအခွင့်အလမ်း ဆုပ်ကိုင်ဖို့ ဒေါ်စု...
- ဗဟို အလုပ်အမှုဆောင် သစ်တွေ အလုပ်နဲ့ သက်သေပြရမယ်
- အိန္ဒိယ မြန်မာနယ်စပ်မှာ လက်နက်များဖမ်းမိ
- မတ်လ ၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်း...
- မတ်လ (၄) ရက်နေ့ထုတ် အိုင်စီတီ ဂျာနယ်, Vol. 2, Issue 9
- ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လက်ဂျားယန်မှ ရှေ့...
- ပုဂံရှေးဟောင်း စေတီဘုရား ရှေ့တွင် ညစာစားပွဲသောက်ပွ...
- တရုတ်အစိုးရပိုင်း အပြောင်းအလဲလုပ်မည်
- NLD ဥက္ကဋ္ဌအဖြစ် ဒေါ်စုကိုရွေးချယ်
- စစ်အရာရှိတစ်ဦးက အရပ်သားဝန်ထမ်းအား ဓါးဖြင့်ခုတ်ခြင်း
- မြေယာဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ
- ရွေးချယ်ခံရသော ဗဟိုကော်မတီဝင်(၁၀၀) ဦးစာရင်းကို
- နေပြည်တော်မှာ ဘယ်သူ့ မှ ဂရုမစိုက်တဲ့ ဒုညွန်မှူး ကု...
- မတ်လ ၇ ရက်နေ့ ထုတ် ဈေးကွက် ဂျာနယ် အမှတ် (၈၀၅)
- မတ်လ(၈)ရက်နေ့ ထုတ် Focus Online Issue 32 Vol 8
- မတ်လ (၇) ရက်နေ့ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်း ဂျာန...
- ပုဒ်မ၁၄၄ထုတ်ပြန်ထားတဲ့ တောင်နှစ်လုံးကို လက်ပံတောင်...
- အကြိုဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗဟို...
- ယေးလ်တက္ကသိုလ်ကျောင်းသားများ မကောင်းမှုဖြင့်ငွေရှြာေ...
- နစက ဌာချုပ် စီမံခန့်ခွဲရေးဌာန ဇာတ်တူသားစားနေ
- မတ်လ (၈) ရက်နေ့ထုတ် EURO SPORTS Journal (VOL.4, N...
- မတ်လ ၈ ရက်နေ့ ထုတ် Prefmier Eleven ဂျာနယ် အတွဲ ၁၀ ...
- ဘင်လာဒင် သားမက် အမေရိကန်ဖမ်းမိ
- ပုံနှိပ်ထုတ်ဝေသူများ ကြီးကြပ်မှုအဖွဲ့တွင် (စစစ)နှင့...
- သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ်
- ကုလ လူ့အခွင့်အရေး အစီရင်ခံစာ အစိုးရ ပယ်ချ
- မတ်လ (၇) ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ ၉...
- ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့ ကျောက်တော် မှာ ဆန္ဒပြ
- ထုတ်ဝေသူ ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ ဒီလှိုင်းနေ့စဉ်...
- ခရီးသည်တင် အစားထိုး ယာဉ်သစ်များ စီအင်န်ဂျီ မလောက်င...
- ၂ဝ၁၃-၂ဝ၁၄ ခုနှစ် တပ်မတော် အသုံးစားရိတ် အမေရိကန်ဒေါ်...
- အကြွေး
- လယ်လုပ်ပိုင်ခွင့်အတွက် ကုမ္ပဏီနှင့် ညှိနှိုင်းပေးမည်...
- တောမီးလောင်မှုကြောင့် ရာဘာပင် ၅၀၀၀၀ ကျော် ပျက်ဆီးဆံ...
- မတ်လ(၇)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၁
- မတ်လ(၇)ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာနယ် အတွဲ ...
- မတ်လ (၇) ရက်နေ့ထုတ် PopularNews Journal အတွဲ(၅)၊ အ...
- အင်တာနက်ဆိုင်အချို့ ညစ်ညမ်းကားများဖြင့် ဆွဲဆောင်မြ...
- ကျောင်းသူများကို အချောင်စိတ်ဝင်မည်စိုး၍ အလှူမခံခိုင်း
- ဟောင်ကောင်က အထည်ချုပ် အပါအဝင် လုပ်ငန်းရှင်တွေ လာဆေ...
- ၀ါရှင်တန် နှင်းမုန်တိုင်း နယူးယောက်ခ်ဘက်ကို ရွေ့
- လက်ပံတောင်းကြေးနီစီမံကိန်းတ၀ိုက် ပုဒ်မ ၁၄၄ သက်တမ်း...
- အမှန်တကယ် ပြင်ဆင်ထားသူများ ခွင့်ပြုချက်မရ၊ ထုတ်ဝေခ...
- အင်းလေးဒေသမှ ဘုရားရွှေဆိုင်း ဈေးသည်၏ပဋိပက္ခ
- ဒီချုပ်ပါတီမှာ ညီညွတ်ရေး ပြဿနာ ရှိနေပြီလား
- အစိုးရနဲ့ ကေအိုင်အို မတ် ၁၁ ဒုတိယအကြိမ် တွေ့မယ်
- » ပြန်ကြားရေး၏ ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းကို မီဒီယာသ...
- New York convention သို့ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ရေး...
- New York Convention အဖွဲ့ဝင်ရန် လွှတ်တော်အတည်ပြု
- ၂၀၁၃ ခုနှစ် နိုဘယ်လ်ဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တ...
- နော်ဝေးဆန္ဒပြပွဲမှာ သမ္မတရဲ့ ဝန်ကြီး ဦးစိုးသိန်းနဲ့ ...
- မတ်လ(၆)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၄)
- မတ်လ(၇)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၄၊ အမှတ် ၁၀
- မတ်လ(၇)ရက်နေ့ ထုတ် ရက်နေ့ထုတ် First Eleven Journal...
-
▼
March
(147)
No comments:
Post a Comment