နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို နိုင်ငံတော် ပဋိပက္ခ လေ့လာရေး အဖွဲ့က ငြိမ်းချမ်းရေး ဆုပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ငြိမ်းချမ်းရေး ဆုချီးမြှင့်ပွဲကို
ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ ကျင်းပရာ နိုင်ငံတော် သမ္မတကြီး ကိုယ်စား သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ဆုကို လက်ခံရယူ ခဲ့ပါတယ်။
အဆိုပါ ငြိမ်းချမ်းရေး ဆုချီးမြှင့်ပွဲမှာ Soros Fund Management LC ဥက္ကဋ္ဌမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဆုပေးအပ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ နိုင်ငံတော် အတွက် ကြိုးပမ်း ဆောင်ရွက်မှု များကို ဗီဒီယို Clip ပြသခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ နှုတ်ခွန်းဆက် ကျေးဇူး တင်ရှိကြောင်း မိန့်ခွန်း ဗီဒီယိုကို ပြန်လည် ပြသခဲ့တာ ဖြစ်ပါတယ်။ International Crisis Group (ICG) က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဆုချီးမြှင့် ရခြင်းနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ် မတ်လက သမ္မတ ရာထူးကို လက်ခံ ရရှိပြီးနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောင်မြောက်တဲ့ ပြုပြင် ပြောင်းလဲရေး အစီအမံများကို ချမှတ်ကာ နိုင်ငံ အတွက် သမိုင်းဝင်စေမယ့် အသွင် ကူးပြောင်းရေး လုပ်ငန်းများကို ဦးစီး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော် သမ္မတကြီးရဲ့ ဦးဆောင်မှု အောက်မှာ အတိုက်အခံ နိုင်ငံရေး အင်အားစုများနဲ့ ဆက်ဆံရေး တိုးတက် လာတာကို တွေ့ရှိရကြောင်းနဲ့ အတိတ်က ဖိနှိပ်တဲ့ ဥပဒေများကို ဖျက်သိမ်း ပေးခဲ့ပြီး ဆယ်စုနှစ်ပေါင်း များစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း ပဋိပက္ခချုပ်ငြိမ်းရေး ဆောင်ရွက်ရာမှာ အောင်မြင်မှု အများအပြား ရရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှလွဲပြီး ကျန်အဖွဲ့များနဲ့ အပစ်အခတ် ရပ်စဲမှုများ ဆောင်ရွက် နိုင်တယ်လို့ ICG မှ ဆုချီးမြှင့် ရခြင်းနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

No comments:
Post a Comment