ဧပြီလ ၂၄ ရက်နေ့မှာ ငွေကျပ် ၁၅၀၀ တန် Sim Card တွေကို သက်ဆိုင်ရာ မြို့နယ်ရှိ ရပ်ကွက်များ အလိုက် မဲနှိုက်ပြီး ရောင်းချ ခဲ့တာ ဖြစ်တယ်လို့ သိရှိရ
ပါတယ်။ အခုလို ကျွန်းတောတောင် ရပ်ကွက် အနေနဲ့ လာရောက် လျှောက်ထားသူ ၅၈၄ စောင် အနက်မှ အဆိုပါ ရပ်ကွက် အနေနဲ့ ရရှိထားတဲ့ ၉၆ ကဒ်ကို မဲနှိုက် ရွေးချယ် သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ စမ်းချောင်း မြို့နယ် အတွက် ကဒ်အရေအတွက် ၁၅၀၀ ထဲကမှ ရပ်ကွက် ၁၈ ရပ်ကွက်ကို အချိုးကျ ခွဲကာ အခုလို မဲစနစ်နဲ့ ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပြီး ရပ်ကွက် ၁၈ ခု အနေနဲ့ ကတော့ ကျွန်းတောတောင်၊ ကျွန်းတောမြောက်၊ မြေနီကုန်းတောင်၊ မြေနီကုန်းမြောက်နဲ့ ရှင်စောပု၊ အောင်ချမ်း သာ၊ သီရိခေမာ၊ မုန့်လက်ဆောင်းကုန်း တောင်၊ မြောက် အစရှိတဲ့ ရပ်ကွက်တွေ ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ချပေးတဲ့ CDMA 800 MHz ဖုန်းတွေကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၆ ခုမှာ ပထမဆုံး အသုတ် အနေနဲ့ အရေအတွက် ၃သိန်း ၅သောင်း ချထားပေး ခဲ့တာဖြစ်ပြီး နောက်လ တွေမှာလည်း ဆက်လက် ချထားပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ချထားပေးခဲ့တဲ့ CDMA 800 MHz ဖုန်းတွေကို MEC Tel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ် များနဲ့သာ အသုံးပြု နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်းငွေဖြည့်ကဒ် တွေကိုလည်း မိုဘိုင်းဖုန်း အရောင်းဆိုင်တွေမှာ ၀ယ်ယူနိုင် တယ်လို့ သိရှိရပါတယ်။

No comments:
Post a Comment