တူးဖော်ရေး လုပ်ငန်းများသည် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး
ဆောင်ရွက်ထားရှိမှု အလွန်နဲပါးသည့်အတွက် လုပ်ငန်းခွင်အတွင်း မကြာခဏ
လူသေဆုံးရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံ နာမှုကူညီရေးအသင်း
ကွန်ရက်ထံမှ စုံစမ်းသိရှိရသည်။
ယခင်က ရွှေသတ္တုတူးဖော်ရာတွင် မြေပြိုကျမှုဘေးအန္တရာယ်များကြောင့်
ရွှေသတ္တုတူးဖော်ရေး လုပ်သားကြီးများ မြေပိ၍ သေဆုံးခဲ့ရသော
ဖြစ်စဉ်များစွာရှိခဲ့သော်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး
ဆောင်ရွက်ထားရှိမှု အလွန်နဲ့ပါး သည့်အတွက် ယခုလ ၉ ရက်နေ့ မနက် ၁၀
နာရီအချိန်ခန့်က ရွှေတွင်းကျေးရွာအုပ်စု နံဝလောင်းရွှေမှော်လုပ်ကွက်ရှိ
စိန်ရတနာ ကုမ္မဏီပိုင် ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်အမှတ် FSMN – 66 ၌
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု နဲပါး သည့်အတွက် ရွှေတူးဖော်ရေး
လုပ်သားကြီးတစ်ဦး မြေပြိုကျသဖြင့် တွင်းပိ၍ သေဆုံခဲ့ရကြောင်း ၎င်းကုမ္မဏီ
ဝန်ထမ်းများထံ မှသိရှိရသည်။
အဆိုပါ လူသေဆုံးရခြင်းနှင့်ပတ်သက်၍ ရွှေပြည်မြင့်ရဲစခန်းသို့ စိန်ရတနာ
ရွှေသတ္တုထူးဖော်ရေး ကုမ္မဏီဝန်ထမ်း ဦးထွန်း ၀င်း ဆိုသူရောက်ရှိလာပြီး
၎င်းတို့၏ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်း၌ တစ်လုံးထိုး အင်ဂျင်စက်ဖြင့်
ရေပန်း(နော်ဇယ်ခေါင်း )ထိုး လုပ်သား ကိုကျော် အသက်(၄၇) နှစ်၊
ညောင်ပင်သာရပ်ကွက်၊ ကလေးမြို့ ဆိုသူမှာ ရုတ်တရက် မြေပြိုကျဆင်းမှုများ
ကြောင့် မြေပိ၍ သေဆုံးခဲ့ရကြောင်း တိုင်တန်းခဲ့သည်ဟု ရဲစခန်းနှင့်
နီးစပ်သူတစ်ဦးမှ ဆိုသည်။
ရွှေသတ္တုတူးဖော်ရေး ကုမ္မဏီဝန်ထမ်း ဦးထွန်းဝင်း၏
သတင်းပေးတိုင်တန်းချက်များအရ ရွှေပြည်မြင့် ရဲစခန်းမှူး ဒုရဲအုပ်
ဇော်ဝင်းနှင့်အဖွဲ့သည် ၎င်းအရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ရွှေလုပ်ကွက်အတွင်း
လူတစ်ဦး မြေပြို၍တွင်းပိသေဆုံးနေ သည်ကို စီစစ်တွေရှိခဲ့ရသဖြင့်
မိုင်းကိုင်းနယ်မြေရဲစခန်းသို့ သွားရောက်၍ သေမှုသေခင်းအမှတ်စဉ် ၃၂ /၂၀၁၃
အရ အမှုရေး ဖွင့်ခဲ့ရာ ရဲစခန်းမှူး ရဲအုပ် စိုးသင်းမှ ထိုလူသေဆုံးမှုအား
ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံး
ဝန်ထမ်းတစ်ဦးထံမှ သီးခြားသတင်းအတည်ပြုံချက်များအရ သိရှိရသည်။
ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းများ စုဝေးတည်ရှိရာ ဟုမ္မလင်းမြို့နယ်တွင်
မိုးရွာသွန်းမှု အလွန်များပြားခဲ့သော်လည်း ရွှေသတ္တု တူးဖော်ရေး
လုပ်ငန်းခွင်များသည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး
ဆောင်ရွက်ထားရှိမှု အလွန်နဲပါးလွန်း သည့်အတွက် မကြာခဏ
လူသေဆုံးရမှုများဖြစ်ပေါ်လျက်ရှိနေခဲ့ရသည်။ သို့သော် ထိုဒေသ၌ လုပ်ငန်းခွင်
ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ပညာပေးဟောပြာပွဲများ
ဆက်တိုက်ပြုလုပ်ပေးရန် လိုအပ်နေသော်လည်း ယနေ့အထိတိုင်အောင်
ပြုလုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ထိုဒေသရှိ ရွှေလုပ်သားတချို့မှပြောပြသည်။
No comments:
Post a Comment