ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆီးရီးယားအပေါ် ထုတ်ပြန် ကြေညာချက်တွင် စစ်အင်အား အသုံးပြု ဖြေရှင်းခြင်းကို ခွင့်မပြုရန်
ရုရှားက တောင်းဆိုခဲ့ပါသည်။ သြဂုတ်လတွင် Damascus မြို့အပြင်ဘက်တွင် ဓာတု လက်နက်များ အသုံးပြုခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာအရ အာရပ်နိုင်ငံများ၏ အဓိက အတိုက်အခံ အဖွဲ့များက နိုင်ငံတကာမှ တုံ့ပြန်မှုများကို တောင်းဆိုလျက် ရှိချိန်တွင် ရုရှားကမူ စစ်ရေးအရ အရေးမယူရန် တောင်းဆိုခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်နေချိန်တွင်ပင် မငြိမ်မသက် ဖြစ်နေသည့် ဆီးရီးယားနှင့် တူရကီ နယ်စပ်တွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လူ (၁၅) ဦးခန့် ဒဏ်ရာ ရရှိခဲ့ပါသည်။ ရုရှား နိုင်ငံခြားရေး ၀န်ကြီး Sergei Lavrov က ဆီးရီးယား၏ ဓာတု လက်နက်များ စွန့်လွှတ်ရေး အတွက် Geneva တွင် အမေရိကန်နှင့် ရုရှားသံတမန်များ ဆွေးနွေး ဆောင်ရွက်ကာ သဘောတူညီမှု ရရှိနေချိန်တွင် ထိုကဲ့သို့ စစ်ရေးဖြင့် အရေးယူ ဖြေရှင်းမည်ဟူသော ဆုံးဖြတ်ချက်ကို အတိအလင်းပင် ငြင်းဆန် ပါကြောင်း ပြောကြားခဲ့ပါသည်။ အကယ်၍ ဆီးရီးယားဘက်မှ သဘောတူညီချက်ကို မဖြည့်ဆည်း မဆောင်ရွက်ခဲ့ပါက သို့မဟုတ် အခြားသော ဓာတုလက်နက်များ ထပ်မံသုံးစွဲသည်ဟူသော လက္ခဏာများ တွေ့ရှိလာပါက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်ချက် ချနိုင်ပါကြောင်းနှင့် ထိုကိစ္စနှင့် ပတ်သက်ပြီး ထပ်မံစဉ်းစားပါရန် အကြံပေးပါကြောင်းလည်း ပြောကြားခဲ့ပါသည်။
Source: AP
http://www.chron.com/news/crime/article/Russia-against-use-of-force-in-S...

No comments:
Post a Comment