
ဝန်ကြီးဒေါက်တာမြအေးသည် နေပြည်တော်ရှိ ခုတင် ၁၀၀၀ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပြီး ထိုင်းနိုင်ငံတွင် သွားရောက်ဆေးကုသခံယူဖွယ်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးရုံးက အတည်ပြုပြောကြားသည်။
““အစာအိမ် သွေးကြောပေါက်လို့ ဆေးရုံရောက်နေတာ တစ်ပတ်လောက်ရှိနေပြီ။ ရာထူးနေရာ အစားလဲဖို့ ပြင်နေတယ်လို့ သတင်းတွေထွက်နေတယ်။ စစ်ဆေးခံနေရတယ်ဆိုတဲ့သတင်းတော့ အတည်မပြုနိုင်သေးပါဘူး”” ဟု ပညာရေးဝန်ကြီးဌာနမှ လုပ်သက်ရင့် အရာထမ်းတစ်ဦးက ပြောသည်။
ဦးသိန်းစိန်အစိုးရသည် လွန်ခဲ့သည့်ဇူလိုင်လတွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအေးကြူအား ရာထူးမှ အနားယူခွင့်ပြုခဲ့ပြီး ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေကို အခြားဝန်ကြီးဌာနသို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခဲ့သည်။
““၀န်ကြီးအသစ်ခန့်မယ်ဆိုရင် ဘယ်သူ့ကို ရွေးမလဲဆိုတာ တော်တော် စဉ်းစားရခက်မယ်။ လက်ရှိစနစ်အရတော့ တခြားဝန်ကြီးဌာနက ရောက်လာမယ်ထင်တယ်”” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အစိုးရက ကြေညာထားသော်လည်း ပညာရေးဝန်ကြီးဌာန၏ အကြီးအကဲရာထူးနေရာများတွင် အခြားဝန်ကြီးဌာနမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သူ များပြားနေခြင်း၊ ပညာရေးမူဝါဒအသစ်များ ရေးဆွဲရာတွင် အကျုံးဝင်သူအားလုံး၏ အသံကို နားထောင်မှုအားနည်းခြင်းတို့အတွက် ဝေဖန်ခံနေရသည်။
No comments:
Post a Comment