အင်ဒိုနီးရှားနိုင်ငံ ဆူမား တြားကျွန်း၌ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ရာ ရွာသူရွာသား ထောင်ပေါင်းများစွာ တနင်္ဂနွေ နေ့က ထွက်ပြေးခဲ့ကြရကြောင်း၊ ကျောက်တုံးများ၊ ချော်ရည်ပူ များ၊ ပြာများသည် အနီးအနား ရွာများသို့ ကျရောက်ခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။မြောက်ဆူမားတြားပြည် နယ်ကာရိုခရိုင်ရှိ ဆီနာဘန်မီး တောင်မှာ အရုဏ်မတက်မီအ ချိန်က ပြင်းထန်စွာပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။မီးတောင်၏ပတ်ပတ်လည် သုံးမိုင်ခန့်နေရာရှိ လူပေါင်း ၃၀၀၀ ကျော်အား ကယ်ဆယ်ခဲ့ ရပြီး ၎င်းတို့အားလုံးဘေးကင်း ကြသည်ဟု မြောက်ဆူမားတြား ဘေးဒုက္ခအေဂျင်စီခေါင်းဆောင် အက်စ်ရင်နာဆူရှင်းက AFP သို့ ပြောခဲ့သည်။လူများအား ရိုးရာပွဲများ ကျင်းပသည့်ခန်းမကြီးငါးခု၌ စု ဝေးထိန်းသိမ်းထားသည်ဟု ဆို သည်။ ကယ်ဆယ်ထားသူ ၃၇၁၀ ရှိသည်ဟု အမျိုးသားဘေးဒုက္ခ အေဂျင်စီမှ ဆူတိုပိုပါရိုနူဂရိုဟို က ပြောခဲ့သည်။
ယခုအကြိမ်သည် ဆီနာ ဘန်မီးတောင်ဒုတိယအကြိမ် ပေါက်ကွဲခြင်းဖြစ်ပြီး မကြာမီက လည်း ပေါက်ကွဲခဲ့သည်ဟုသိရ သည်။ မီးတောင်မှာ နှစ် ၁၀ဝမှ တစ်ကြိမ်ပေါက်ကွဲတတ်သော် လည်း ၂၀၁ဝပြည့်နှစ်က ဩဂုတ် နှင့်စက်တင်ဘာလများ၌ ပေါက် ကွဲခဲ့ဖူးရာ လူပေါင်း ၁၂၀၀၀ ထွက် ပြေးခဲ့ကြရသည်။အင်ဒိုနီးရှားမှာ မီးတောင် အရှင်ဒါဇင်ပေါင်းများစွာရှိပြီး ပစိဖိတ်နှင့် အင်ဒိုနီးရှားပင်လယ် ပြင်အကြား မီးကွင်း "Ring of Fire " ဒေသထဲ၌ ကျရောက်နေ သည့်ဒေသဖြစ်သည်။ဂျာဗားကျွန်းအလယ်ပိုင်း ကြီး မီရာပီမီးတောင်မှာ အများ ဆုံးပေါက်ကွဲသည့် မီးတောင် ဖြစ်ပြီး ၂၀၁ဝပြည့်နှစ်က ပေါက် ကွဲမှုကြောင့် လူ ၃၅ဝသေဆုံး ခဲ့ဖူးသည်။
No comments:
Post a Comment