Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

သူသိပါစေ

ငါသိပါတယ် မင်း

ခံစားနေရမယ်ဆိုတာ

ငါသိပါတယ်

မင်းငါ့ကို ပျော်နေစေချင်တယ်ဆိုတာ

ငါသိပါတယ်

မင်းငါ့အပေါ်လေးနပ်တယ်ဆိုတာ

ငါတစ်ချက်မင်းမျက်ဝန်းကို

ငေးစိုက်ကြည့်ဖူးတယ်

တွေ့လိုက်ရပါတယ်

မင်းရင်ထည်းက အချစ်တွေကို

ငါနောက်တစ်ခါတော့

ဒီမျက်ဝန်းတွေနဲ့

ရင်မဆိုင်ပါရစေနဲ့ဟာ

ငါ့နှလုံးသားကို တစ်စုံတစ်ရာက

ချည်နှောင်ထားလို့ပါ

ငါလှည့်စားတဲ့သူ မဖြစ်ချင်ဘူး

ရိုးသားတဲ့မင်းရင်ထည်းမှာ

ဖြူစင်တဲ့မင်းနှလုံးသားထည်းမှာ

ငါဆိုတဲ့ အရာတစ်ခုကြောင့်

အရောင်တွေမစွန်းစေချင်ဘူး

စစ်မှန်တဲ့ အရိပ်ကိုခိုလှုံချင်တဲ့မင်း

စစ်မှန်တဲ့ နွေးထွေးမှုကို

တွေ့ခဲ့ရင် မင်းရင်ထည်းမှာ

ငါဆိုတာ အလိုလို

ပျောက်ကွယ်သွားမှာပါ

ထာဝရအတွတ်တော့

မင်းရဲ့ မိတ်ဆွေ "ငါ"

ဖြစ်ခွင့်ရချင်တယ်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့