မောင်........
မနက်ခင်းလေး နိုးလာတဲ့နဲ့ ရင်ထဲမှာ သတိတရနဲ့ ရေရွက်မိတယ်.......
မောင်......
ဒီလိုမနက်ခင်းမျိုးတွေ ခံနိုင်ရေမရှိအောင်လွမ်းနေရပါတယ်.... သတိရလို့ ဖုန်းလေးဆက်တော့ အလုပ်တွေကြားက မအားတဲ့ မောင် က ဖုန်းပိတ်ထားတယ်တဲ့လေ..... ရင်ထဲမှာ နင့်သွားခဲ့တယ်..... မနက်ခင်းလေး အိပ်ယာကနိုးထလာတာနဲ့ နှလုံးသားထဲက တမ်းတနေမိတဲ့ မောင့်ကို သဲ အရမ်းတွေ့ချင်နေခဲ့တယ်.... သတိရလို့ တွေ့ခွင့်မရှိတဲ့ သဲရဲ့ဘ၀ကို စိတ်နာတယ်.... ဘာလို့များ ကံတရားက ရက်စက်စွာနဲ့ တစ်ယောက်တစ်နယ်စီ မောင်နဲ့ သဲ ကို ခွဲထားရတာလဲ...... တစ်ဘ၀တူတူနေရဖို့ ခဏခွဲရတာတဲ့လေ မောင် ပြောဖူးတယ်.. ဒါပေမယ့် ခဏလေးတောင် မဝေးနိုင်ဘူးမောင်ရေ........
မောင်.....
တမ်းတနေမိတယ်... မောင်နဲ့အတူနိုးထခဲ့တဲ့မနက်ခင်းလေးတွေ... အတူတူစားခဲ့တဲ့ မနက်စာတွေ.... အရမ်းလွမ်းတယ်.... အခုတော့... ဘယ်အရာကမှ သဲရဲ့အလွမ်းတွေကို မနှစ်သိမ့်နိုင်ခဲ့လို့ပါ....... မောင်ရေ..... မောင်ရေ........တမ်းတမိနေတယ်.....

No comments:
Post a Comment