Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 2 September 2012

လောဘ၊ဒေါသ၊မောဟ


လောဘ၊ဒေါသ၊မောဟ
လောဘနှင့် သံသရာလည်ပုံ
သံသရာချဲ.တတ်သော တရား(၆)ပါးမှ မျက်စိဒွါရမှ သံသရာချဲ.ပုံ မှာ- အဆင်းအာရုံနှင့် မျက်စိအကြည်ကို ဖဿက တိုက်ဆိုင်မှုကြောင့် ပေါ်လာသော မြင်စိတ်နှင့် မြင်လို.ကောင်းတယ် ဆိုသော သုခဝေဒနာတို.သည် ပစ္စုပ္ပန်အကျိုးတရားများ အဖြစ် ပေါ်လာသည်။ ပစ္စုပ္ပန်အကျိုးကာလထဲတွင် မျက်စိဒွါရမှ သံသရာချဲ.လာခြင်းသည် ဝေဒနာထိရောက်ရှိလာပေသည်။ “စက္ခုံစ ပဋိစ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿ ပစ္စယာ သုခဝေဒနာ” ပင်ဖြစ်သည်။ မြင်လို.ကောင်းတယ်ဆိုသော သုခဝေဒနာကို သာယာသောအခါ တဏှာပေါ်ပေါက်လာသည်။ တဏှာသည် အကြောင်းတရားအဖြစ် ပစ္စုပ္ပန်ကာလာထဲတွင် ပေါ်ပေါက်လာသည်။ ထို.ကြောင့် ပစ္စုပ္ပန်အကျိုးတရားထဲက ပစ္စုပ္ပန်အကြောင်းတရား ခေါင်းဆောင် တဏှာပေါ်လာ၍ အကျိုးထဲက အကြောင်းပေါ်ပြီဟု ဆိုနိုင်ပါသည်။ တနည်းအားဖြင့် အကွက်(၂)မှ အကွက်(၃)သို. ကူးသွားပြီဟု ဆိုနိုင်ပါသည်။ ထို.ကြောင့် “သုခဝေဒနာ ပစ္စယာ တဏှာ” သည် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော် စက်ဝိုင်းကြီးတွင် အလယ်မှဖောက်၍စသော ပဋိစ္စသမုပ္ပာဒ်ဟု ခေါ်သည်။
မြင်လို.ကောင်းတယ်ဆိုသော သုခဝေဒနာကို သာယာသော တဏှာအားကြီးလာသောအခါ(သို.) အားကောင်းလာသောအခါ စွဲလမ်းခြင်း ဥပါဒါန် “တဏှာ ပစ္စယာ ဥပါဒါနံ” ကို ကျေးဇူးပြုသည်။ ဥပါဒါန်နှင့် စွဲလမ်းပြီဆိုလျင် ကမ္မဘဝ“ဥပါဒါန ပစ္စယာ ကမ္မဘဝ” ဆိုသော ကံ(၃)ပါး ကို အားထုတ်မည်ဖြစ်သည်။ သို.ဖြစ်၍ ပစ္စုပ္ပန်ကာလ မျက်စိပေါက်မှနေ၍ နောင်ဖြစ်လတ္တံ. အနာဂတ်ကာလတွင် အကျိုးပေးစရာ ကံတစ်ကံ အထမြောက်သွားပြီဟု ဆိုနိုင်ပါသည်။ သို.သော် အနာဂတ်ကာလတွင် အကျိုးပေးမည့် ထိုကံကို တဏှာနှင့် ဥပါဒါန်တို.က အုပ်ချုပ်ထားပါသည်။ တဏှာနှင့် ဥပါဒါန်သည် တရားကိုယ်အားဖြင့် လောဘအသေးနှင့် လောဘအကြီးသာ ဖြစ်သည်။ ထို.ကြောင့် ထိုလောဘ၏ အလိုကျသာ ကံကအကျိုးပေးမည်ဖြစ်သည်။ လောဘ၏အလိုကျ ကံက အကျိုးပေးပါက “ကမ္မဘဝ ပစ္စယာ ပြိတ္တာဇာတိ” ဖြစ်ရပေသည်။ သို.ဖြစ်၍ မျက်စိဖွင့်တိုင်း မြင်စိတ်ဖြစ်ပြီး သုခဝေဒနာကို ကျေးဇူးပြုသောကြောင့် တဏှာနှင့် ဥပါဒါန် အုပ်ချုပ်သည့် ကံများသာ အထမြောက်နေမည်ဆိုပါက ပြိတ္တာဘုံမှ တက်နိုင်စရာ အကြောင်းမရှိတော့ပါ။
မြတ်စွာဘုရားကလည်း “လောဘအုပ်ချုပ်သော ကံနှင့် သေလျင် ပြိတ္တာဘုံကိုချည်း ရောက်သည်” ဟုဟောထားပါသည်။ ထို.ကြောင့် ပြိတ္တာဘုံသည် မျက်လုံးပေါက်ကချသော ပြိတ္တာဘုံသာဖြစ်ပေသည်။ တစ်နေ. တစ်ရက်တွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ တစ်လတစ်လ တွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ တစ်ဘဝ တစ်ဘဝတွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ သံသရာနှင့်အမျှ မျက်လုံးဖွင့်သော အကြိမ်ပေါင်းများနှင့် ချိန်ထိုးကြည့်ပါက ပြိတ္တာဘုံကို ရောက်စရာ ကံပေါင်း အသင်္ချေ အနန္တတို.သည် အပရာအပရိယဝေဒနိယ ကံအဖြစ် နိဗ္ဗာန်မရမချင်း(သို.) နိဗ္ဗာန်မရမီစပ်ကြား၌ အကျိုးပေးစရာကံများကို စုဆောင်းထားပြီးသားများချည်း ဖြစ်ပေသည်။ မျက်လုံးပေါက်မှ ပြိတ္တာဘုံသို.အရောက် လည်သော ပဋိစ္စသမုပ္ပါဒ် သံသရာတစ်မျိုးဟု မှတ်ယူရမည်ဖြစ်သည်။
ကျန်သော ဒွါရ(၅)ပေါက်မှလည်း နားမှာကြားတိုင်း၊ နှာခေါင်းမှာ နံတိုင်း မွေးတိုင်း၊ လျှာမှာစားတိုင်း သောက်တိုင်း၊ ကိုယ်မှာ ထိတိုင်း တွေ.တိုင်း၊ စိတ်မှာကြံတိုင်း တွေးတိုင်း၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ.ထိစိတ်၊ ကြံတွေးစိတ်များ ဖြစ်ပေါ်ပြီး သုခဝေဒနာကို ကျေးဇူးပြု၍ တဏှာ ဥပါဒါန် အုပ်ချုပ်သော ကံများချည်းသာ အထမြောက်နေကြပါက မျက်လုံးပေါက်မှလည်သော ပဋိစ္စသမုပ္ပါဒ် သံသရာအတိုင်း ပြိတ္တာဘုံထဲကိုချည်း တွန်းချနေတတ်သည်ကို သဘောပေါက်နိုင်မည်ဖြစ်သည်။
ဤသည်မှာ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော်ကြီး၌ “ သုခဝေဒနာ ပစ္စယာ တဏှာ” ဆိုသော အလယ်မှဖောက်၍ စသည့် ပဋိစ္စသမုပ္ပါဒ် လည်ပုံလည်နည်းကို(သို.) သံသရာချဲ.ပုံချဲ.နည်းကို သဘောပေါက်နားလည်နိုင်ရန် ရှင်းလင်းခြင်းပင်ဖြစ်ပါသည်။
(ဆရာတော်ဦးသုမန ရေးသားပြုစုသော မိုးကုတ်ဝိပဿနာ ဥာတပရိညာစခန်း အခြေခံ ပဋိစ္စသမုပ္ပါဒ်သင်တန်းမှ ကောက်နုတ်ဖော်ပြ ပါသည်။)
ဒေါသနှင့် သံသရာလည်ပုံ
မျက်စိအကြည်နှင့် အဆင်းအာရုံကို ဖဿ (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် သဠာယတန(၆)ပါးကြောင့် ဖဿ(၆)ပါးဖြစ်ပေါ်လာရပါသည်။ ဖဿဆိုသည်မှာ တွေ.ထိသော သဘောဖြစ်သည်။ ဥပမာ- မျက်စိနှင့် အဆင်း တွေ.ထိသောကြောင့် ဖြစ်ပေါ်လာသော တွေ.ထိမှု သဘောမျှသာဖြစ်သည်။) က တိုက်ဆိုင်သောအခါ မြင်စိတ်ဖြစ်ပေါ်လာသည်။ ထိုမြင်စိတ်ကို မကောင်းလိုက်တာဟု ဆိုသောအခါ ဒုက္ခဝေဒနာ ပေါ်လာပါသည်။ မြင်စိတ်နှင့် ဒုက္ခဝေဒနာတို.သည် (၂)အကွက်ထဲတွင် ပေါ်ကြသော ပစ္စုပ္ပန်အကျိုးတရားများဖြစ်ကြသည်။ မြင်ရတာ မကောင်းလိုက်တာဆိုသော ဒုက္ခဝေဒနာပေါ်လာလျင် နောက်ထပ် မမြင်ချင်သော ဒေါသကို ကျေးဇူးပြုပေသည်။ “ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ” ဟုဆိုထားပါသည်။ ဒေါသသည် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းထဲတွင် (၄)နံပါတ် အကွက်ထဲတွင် ပါဝင်သော တရားတစ်ခု ဖြစ်ပါသည်။ ဒေါသတရားခေါင်းဆောင်၍ ပေါ်လာပါက ယှဉ်ဖော်ယှဉ်ဖက်(သို.) နောက်လိုက်ဖြစ်သော သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တရားများ ခွဲ၍မရ တွဲလျက်ပါလာပါသည်။ ထိုတရားများ ရောက်လာပါက ဘုံဘဝထဲတွင် မြုပ်ခြင်း၊ မျောခြင်းကို လည်စေတော့မည်မှာ အမှန်ပင်ဖြစ်သည်။ ဘုံဘဝထဲမှာ မြုပ်အောင် မျောအောင် လည်စေတတ်သောတရားကို “အာသဝ” ဟု မှတ်ထားရမည်ဖြစ်သည်။ “အာသဝတရား” ဟုဆိုလျင် “အာသဝ သမုဒယာ အဝိဇ္ဇာ သမုဒယော” ဖြစ်ပြီး အဝိဇ္ဇာကို ကျေးဇူးပြုမည်မှာ ဓမ္မနိယာမပင် ဖြစ်သည်။ ဤသည်မှာ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော်ကြီးထဲမှာ (၄)နံပါတ်ဆိုသော ပဋိစ္စသမုပ္ပါဒ် အဆုံးကွက်မှ (၁)နံပါတ်ဆိုသော အစကွက်သို. ပြန်ပြီးလည်သော ပဋိစ္စသမုပ္ပါဒ် တစ်မျိုး ဖြစ်ပါသည်။
အဝိဇ္ဇာ ပေါ်လာပြန်လျင် “ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဆိုသောကြောင့် ကံသင်္ခါရကို ဆက်လက်ကျေးဇူးပြုမည် ဖြစ်သည်။ သင်္ခါရတိုင်အောင် ရောက်လာလျင် ကံမြောက်သွားပြီဟု ဆိုနိုင်ပါသည်။ ဤအထိ ကြောင်းကျိုးဆက်ကြည့်လျင်- “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿ ပစ္စယာ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အာသဝ သမုဒယာ အဝိဇ္ဇာ သမုဒယော အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဖြစ်သည်။ ဤနည်းဖြင့် သံသရာချဲ.ကား၍ ကျယ်ပွားလာသည်မှာ မြင်စိတ်မှ “ ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ” ကို ကျေးဇူးပြု ဒေါသဦးစီးသော အာသဝ တရားများသည် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ထိ ရောက်အောင် ဆက်လက်ကျေးဇူးပြုသောကြောင့် ဤကံသင်္ခါရသည် ဒေါသအုပ်ချုပ်သော ကံအင်္ခါရဟု ဆိုနိုင်ပါသည်။ ထို.ကြောင့် သံသရာထဲ၌ ခန္ဓာတစ်မျိုး၊ အကျိုးပေးစရာအဖြစ်နှင့် မျက်လုံးပေါက်ကနေပြီး ဒေါသအုပ်ချုပ်သော ကံသင်္ခါရ တစ်ခု စုမိပြီဟု ဆိုနိုင်ပါသည်။ ကံသင်္ခါရသည် ခန္ဓာအကျိုးပေးရာ၌ ကံသင်္ခါရ၏ သဘောအတိုင်း အကျိုးမပေးဘဲ ကံသင်္ခါရအပေါ်၌ အုပ်ချုပ်နေသော ဒေါသ၏ အလိုကျ အကျိုးပေးမည် ဖြစ်ပါသည်။
ဒေါသ၏အလိုကျ ကံသင်္ခါရက အကျိုးပေးပါက “ သင်္ခါရ ပစ္စယာ ငရဲဝိညာဏ်(သို.) ငရဲခန္ဓာ(၅)ပါး” သာဖြစ်သည်။ မြတ်စွာဘုရားသည် “ဒေါသနှင့် သေလျင် ငရဲရောက်သည်” ဟု ဟောကြားခဲ့ပါသည်။ သို.ဖြစ်၍ မျက်လုံးဖွင့်တိုင်း ဖွင့်တိုင်း မြင်စိတ်ဖြစ်ပေါ်၍ ဒုက္ခဝေဒနာကို ကျေးဇူးပြုသောကြောင့် ဒေါသအုပ်ချုပ်သော ကံသင်္ခါရများချည်း အထမြောက်နေပါက ငရဲအိုးထဲမှ တက်နိုင်စရာ အကြောင်းမရှိတော့ပါ။ ထို.ကြောင့် ထိုငရဲအိုးသည် မျက်လုံးပေါက်မှ ချသော ငရဲအိုးဟု ဆိုရမည်ဖြစ်သည်။ တစ်နေ.တစ်ရက်တွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ တစ်လ တစ်လတွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ တစ်နှစ် တစ်နှစ်တွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ တစ်ဘဝ တစ်ဘဝတွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ သံသရာနှင့်အမျှ မျက်လုံးဖွင့်သော အကြိမ်ပေါင်းများနှင့်သာ ချိန်ထိုးနှိုင်းယှဉ်ကြည့်ပါက ငရဲရောက်စရာ ကံပေါင်း အသင်္ချေ အနန္တတို.သည် အပရာ အပရိယ ဝေဒနိယကံ အဖြစ် နိဗ္ဗာန်မရမချင်း(သို.) နိဗ္ဗာန်မရမီ စပ်ကြားတွင် အကျိုးပေးစရာကံများ စုဆောင်းထားပြီးသားချည်း ဖြစ်နေမည်ဖြစ်သည်။ ဤသည်ကို မျက်လုံးမှနေ၍ ငရဲသို. အရောက်လည်သော ပဋိစ္စသမုပ္ပါဒ် သံသရာတစ်မျိုးဟု မှတ်ယူရမည် ဖြစ်ပါသည်။
ကျန်သော ဒွါရ(၅)ပေါက်မှ နေ၍လည်း နားမှာကြားတိုင်း ကြားတိုင်း၊ နှာခေါင်းမှာ နံတိုင်း မွေးတိုင်း၊ လျှာမှာစားတိုင်း သောက်တိုင်း၊ ကိုယ်မှာ ထိတိုင်း တွေ.တိုင်း၊ စိတ်မှာကြံတိုင်း တွေးတိုင်း၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ.ထိစိတ်၊ ကြံတွေးစိတ်များ ဖြစ်ပေါ်ပြီး ဒုက္ခဝေဒနာကို ကျေးဇူးပြု၍ ဒေါသ အုပ်ချုပ်သော ကံသင်္ခါရများချည်းသာ အထမြောက်နေကြပါက မျက်လုံးပေါက်မှလည်သော ပဋိစ္စသမုပ္ပါဒ် သံသရာအတိုင်း ငရဲဘုံထဲကိုချည်း တွန်းချနေတတ်သည်ကို သဘောပေါက်နိုင်မည်ဖြစ်သည်။
ဤသည်မှာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကြီးတွင် “ ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ” ဆိုပြီး အဆုံးကပတ်၍ အစကပြန်လည်သော ပဋိစ္စသမုပ္ပါဒ် လည်ပုံလည်နည်း(သို.) သံသရာချဲ.ပုံချဲ.နည်းကို သဘောပေါက်နိုင်လောက်ရုံမျှ ရှင်းလင်းခြင်းဖြစ်ပါသည်။
မောဟနှင့် သံသရာလည်ပုံ
မျက်စိအကြည်နှင့် အဆင်းအာရုံကို ဖဿ က တိုက်ဆိုင်သောအခါ မြင်စိတ်ဖြစ်ပေါ်လာသည်။ ထိုမြင်စိတ်ကို အကောင်းအဆိုး မဝေဖန်ဘဲ မြင်ကာမျှသက်သက်ဟု ဆိုလျှင် ဥပေက္ခာဝေဒနာ ပေါ်လာပါသည်။ မြင်ကာမျှမတ္တဟုဆိုသော ဥပေက္ခဝေဒနာပေါ်ပါက “ ဥပေက္ခာ ဝေဒနာ ပစ္စယာ မောဟ” ဖြစ်သောကြောင့် အဝိဇ္ဇာ(မသိမှု)ကို ကျေးဇူးပြုပါသည်။ မောဟသည် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတွင် (၁)နံပါတ် အကွက်ထဲရှိ အဝိဇ္ဇာပင် ဖြစ်သည်။ အဝိဇ္ဇာပေါ်လာပါက “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဖြစ်၍ သင်္ခါရ ကို ဆက်လက်ကျေးဇူးပြုမည် ဖြစ်သည်။ ဤသည်မှာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတွင် (၁)နံပါတ်မှ စလည်သော (သို.) အစကစလည်သော ပဋိစ္စသမုပ္ပါဒ်ပင် ဖြစ်သည်။ သင်္ခါရထိရောက်လာပြီ ဖြစ်သောကြောင့် ကံမြောက်သွားပြီဟု ဆိုနိုင်ပါသည်။ ဤအထိ ကြောင်းကျိုးဆက်ကြည့်ပါက- “ စက္ခုံစ ပဋိစ္စရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿ ပစ္စယာ ဥပေက္ခာ ဝေဒနာ၊ ဥပေက္ခာ ဝေဒနာ ပစ္စယာ မောဟ(ဝါ) အဝိဇ္ဇာ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ” ဖြစ်သည်။ ဤကံသင်္ခါရသည် အဝိဇ္ဇာ(သို.) မောဟ အုပ်ချုပ်သော ကံသင်္ခါရပင် ဖြစ်သည်။ ထိုသို. အဝိဇ္ဇာ မောဟ၏ အလိုကျ ကံသင်္ခါရ အကျိုးပေးပါက “သင်္ခါရ ပစ္စယာ တိရစ္ဆာန် ဝိညာဏ်(ဝါ) တိရစ္ဆာန်ခန္ဓာ ၅ပါး ” ပင်ဖြစ်သည်။ မြတ်စွာဘုရားကလည်း - “မောဟနှင့်သေလျှင် တိရစ္ဆာန်ဘုံ ရောက်တယ်” ဟု ဟောကြားထားပါသည်။
ထို.ကြောင့် မျက်လုံးဖွင့်တိုင်း မြင်စိတ်ဖြစ်ပြီး ဥပေက္ခာဝေဒနာကို ကျေးဇူးပြုကာ အဝိဇ္ဇာ မောဟ အုပ်ချုပ်သော ကံသင်္ခါရများချည်း အထမြောက်နေပါက တိရစ္ဆာန်ဘုံမှ တက်နိုင်စရာ အကြောင်းမရှိတော့ပါ။ မျက်လုံးပေါက်မှ ချသော တိရစ္ဆာန်ဘုံ ဖြစ်သည်။ တစ်နေ. တစ်ရက်တွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ တစ်လတစ်လ တွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ တစ်ဘဝ တစ်ဘဝတွင် မျက်လုံးဖွင့်သော အကြိမ်ပေါင်း၊ သံသရာနှင့်အမျှ မျက်လုံးဖွင့်သော အကြိမ်ပေါင်းများနှင့် ချိန်ထိုးကြည့်ပါက တိရစ္ဆာန်ဘုံကို ရောက်စရာ ကံပေါင်း အသင်္ချေ အနန္တတို.သည် အပရာအပရိယဝေဒနိယ ကံအဖြစ် နိဗ္ဗာန်မရမချင်း(သို.) နိဗ္ဗာန်မရမီစပ်ကြား၌ အကျိုးပေးစရာကံများကို စုဆောင်းထားပြီးသားများချည်း ဖြစ်ပေသည်။ ၎င်းကို မျက်လုံးပေါက်မှ တိရစ္ဆာန်ဘုံအရောက် လည်သော ပဋိစ္စသမုပ္ပါဒ် သံသရာတစ်မျိုးဟု မှတ်ယူရမည်ဖြစ်သည်။
ကျန်သော ဒွါရ(၅)ပေါက်မှ နေ၍လည်း နားမှာကြားတိုင်း ကြားတိုင်း၊ နှာခေါင်းမှာ နံတိုင်း မွေးတိုင်း၊ လျှာမှာစားတိုင်း သောက်တိုင်း၊ ကိုယ်မှာ ထိတိုင်း တွေ.တိုင်း၊ စိတ်မှာကြံတိုင်း တွေးတိုင်း၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ.ထိစိတ်၊ ကြံတွေးစိတ်များ ဖြစ်ပေါ်ပြီး ဥပက္ခာဝေဒနာကို ကျေးဇူးပြု၍ မောဟ အုပ်ချုပ်သော ကံသင်္ခါရများချည်းသာ အထမြောက်နေကြပါက မျက်လုံးပေါက်မှလည်သော ပဋိစ္စသမုပ္ပါဒ် သံသရာအတိုင်း တိရစ္ဆာန်ဘုံထဲကိုချည်း တွန်းချနေတတ်သည်ကို သဘောပေါက်နိုင်မည်ဖြစ်သည်။
ဤသည်မှာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဒေသနာတော်ကြီးတွင် “ ဥပေက္ခာဝေဒနာ ပစ္စယာ မောဟ” ဆိုသော အစမှလည်သော ပဋိစ္စသမုပ္ပါဒ် လည်ပုံလည်နည်း(သို.) သံသရာချဲ.ပုံချဲ.နည်း ပင် ဖြစ်ပါသည်။
ဒွါရ(၆)ပေါက် (သို.) သံသရာချဲ.သောတရား၆ ပါးဖြစ်သည့် မျက်စိ၊နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို.မှနေ၍ ဝေဒနာ(၃) မျိုး ဖြစ်ပေါ်ကာ ပဋိစ္စသမုပ္ပါဒ်(၃)မျိုး (သို.) သံသရာ(၃)မျိုး လည်ပုံကို ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော်ကြီး အတိုင်း ရှင်းလင်းခြင်းပင် ဖြစ်ပါသည်။ စက်ဝိုင်းဒေသနာတော် အလိုအားဖြင့် “သုခဝေဒနာ ပစ္စယာ တဏှာ” ဆိုသော အလယ်ကဖောက်စသည့် ပဋိစ္စသမုပ္ပါဒ်၊ “ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ” ဆိုသော အဆုံးကပတ်၍ ပြန်စသော ပဋိစ္စသမုပ္ပါဒ်၊ “ဥပေက္ခဝေဒနာ ပစ္စယာ မောဟ” ဆိုသော အစက စလည်သည့် ပဋိစ္စသမုပ္ပါဒ်ဟု ရှင်းလင်းထားသော်လည်း ခန္ဓာဖြစ်စဉ် အလိုအားဖြင့် ရှင်းလျှင် (၂)နံပါတ်မှ (၃)နံပါတ်သို. ကူးသည်ချည်းသာ ဖြစ်သည်။ အကျိုးတရားထဲမှ အကြောင်းတရား ပေါ်သည်ချည်းသာ ဖြစ်သည်။ တနည်းအားဖြင့် ဒုက္ခသစ္စာမှ သမုဒယသစ္စာများ ပွားများခြင်းပင် ဖြစ်သည်။ ပယ်သတ်ရမည့် သမုဒယသစ္စာများကို ပွားများအောင်လုပ်နေပါက သံသရာလည်ပြီးရင်း လည်နေမည်ဖြစ်သည်ကို အသိတရားထည့်သွင်းပြီး စဉ်းစားဆင်ခြင် နိုင်ကြစေရန် ဖော်ပြရေးသားခြင်း ဖြစ်ပါတော့သည်။
(ဆရာတော်ဦးသုမန ရေးသားပြုစုသော မိုးကုတ်ဝိပဿနာ ဥာတပရိညာစခန်း အခြေခံ ပဋိစ္စသမုပ္ပါဒ်သင်တန်းမှ ကောက်နုတ်ဖော်ပြ ပါသည်။)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့