Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 2 September 2012

^_^လမ်းခွဲ^_^


ကာရံ ညီတဲ့ အချစ်တွေနဲ့
ချစ်ခဲ့ ဖူး သူ လေး ရေ.....
အခုတော့ ငါ နှုတ်ဆက်လိုက်ပါပြီ....

အေးစက် တဲ့ အသုံးတွေနဲ့
ချစ်တယ် ဆိုတဲ့ စကားလုံးတွေ ကြားမှာ
လက်ဝှေ့ ပြီး မငြင်းဆန်ခဲ့ ပေမယ့်
ငေါင်းငုံ့ ပြီး လိမ်ညာနေခဲ့တယ်ဆိုတာ
ငါ သိပါတယ် ....

မမုန်းသေးပါဘူး ဟာ
လမ်းခွဲ မယ်လို့ ပြောတိုင်းလည်း
ရှိခဲ့ဖူးတဲ့ အချစ်တွေကတော့ ရပ်စဲ မသွားနိုင်ဘူးလေ
တပါးသူ ရင်ခွင်မှာ
နင်ပျော်နေမယ် ထင်လို့
တမင် တကာ နှုတ်ဆက်ခဲ့တာပါ
ရင်ခုန်သံတွေ မအေးစက်သေးပါဘူး

ကဲ ............
ချစ်ခဲ့ ဖူးတဲ့ ကောင်ကလေးရေ
အရှုံးသမားရဲ့ နှလုံးသားဇာတ်ပွဲသဘင်မှာ
အချစ်တွေ မြေခသွားပြီမို့
ဒီကဗျာလေးနဲ့ ပဲ ငါနှုတ်ဆက်လိုက်ပါတယ်
နင်ပျော်ပါစေတော့
မျက်ရည် လည်နေပေမယ့် လည်း
နောက်ဆုံး အပြုံးကလေးနဲ့
ငါ နေခဲ့လိုက်ပါတော့ မယ်......။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့