ချစ်သူဆီသို့
လေပြေမလာ လမသာတော့
အလွမ်းညတွေတိုးလို့ပေါ့.....
ကြယ်လေးတွေလည်း တိမ်တိုက်ဖုံးတာ့
လမ်းစတွေလည်းပျောက်ရှပေါ့....
ညစဉ်ညတိုင်း အိပ်ပျက်ခဲ့လည်း
မပျက်လွမ်းစိတ် တိုးလို့ခံစား
ဝေဒနာတွေနဲ့ မျှော်ကာရည်မှန်း
တမ်းတလျှက်ပင် ညဉ်းဆိုသီကြွေး
သံစဉ်များလည်းငိုလို့ပေါ့....
ရင်မှလွမ်းဆွတ် တမ်းတသမျှကို
ချစ်သူအဝေး မင်းမသိလည်း
အိပ်ရာနံဘေး နံရံလေးဝယ်
တည်ရှိနေတဲ့ မင်းပုံလေးနဲ့
အလွမ်းတွေကို အဖေါ်ပြုပေးတဲ့
ဂစ်တာလေးသာ
အသိပါကွယ်........
No comments:
Post a Comment