Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 1 September 2012

*** .. နေပါစေ...ငါ ကျေနပ်တယ် ~..***


အရမ်းချစ်တယ် …….နင်ရှိတဲ့ အချိန်တိုင်း
နင့်ရယ်သံတိုးတိုးလေး
နင့်အကြည့် စူးစူးလေး
နင့်ပုံစံ အေးစက်စက်လေး...ကိုပေါ့
မနေချင်ဘူး …. နင်မရှိတဲ့ နေရာတိုင်း
နင့်ရယ်သံလေးတွေ ဆိတ်သုန်းသွားမှာစိုးတယ်
နင့်အကြည့်လေး ပျောက်ဆုံးသွားမှာစိုးတယ်
နင့်ပုံစံလေး ငါမြင်ခွင့်ပျောက်သွားမှာစိုးတယ်...
ချစ်သူရေ… နင်မသိရင်နေပါစေ…
နင်နဲ့ ဝေးဝေးက ရှိတဲ့ အချိန်
လွမ်းရတာ က ငါတက်တက်မက်မက်လုပ်တဲ့ အလုပ်
ချစ်သူရေ… နင်မသိရင်နေပါစေ…
နင်နဲ့ နီးနီးရောက်နေတဲ့ နေရာ
ငါနင့်ကို လိုက်ကြည့်နေမိတာက ငါ့ဆန္ဒတစ်ချို့
တစ်ဖက်သတ်လို့ ခေါ်မှာလား
နေပါစေ…. ငါကျေနပ်တယ်….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့