
ငှက်ဖျားဖြစ်နေသော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကို မြို့နယ်ခွဲဆေးရုံကို ပို့ဆောင်ခ...ဲ့ပြီး ဆရာဝန်မရှိ၍ သေသေချာချာ မကုသနိုင်ဘဲ မြို့နယ်ဆေးရုံကိုပို့ရာ လမ်း၌ပင် သေဆုံးခဲ့ရကြောင်း၊ စုစုပေါင်း လူနာငါးဦးခန့် သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“တာဝန်ကျဆရာဝန် တောင်းထားပေမယ့် ခုထိရောက်မလာဘူး။ ငှက်ဖျားပေါတဲ့နေရာဖြစ်လို့ လူနာတွေ၊ ဝန်ထမ်းတွေက ဖျားနာမှာ စိုးရိမ်နေကြတယ်။ အရေးပေါ်ဖြစ်လည်း မလွယ်ဘူး” ဟု ၎င်းကဆိုသည်။
မုံးထမြို့နယ်ခွဲတွင် ၁၆ ခုတင်ဆံ့ ဆေးရုံရှိသော်လည်း ဆရာဝန်လုံးဝမရှိ၊ လူနာခုတင်မရှိ ဖြစ်နေပြီး သူနာပြုဆရာမ လေးဦးသာ ရှိသဖြင့် ဖျားနာမှုတစ်စုံတစ်ရာ ဖြစ်မည်ကို စိုးရိမ်နေကြရကြောင်း မုံးထ တာဝန်ကျဝန်ထမ်းများက ဆိုသည်။
“လစာနှစ်ထပ်ရပေမယ့် အစစအရာရာ ဝေးလံရှားပါးပြီး ဘာမှဆက်သွယ် မရတာကြောင့် ပြန်ပြောင်းရဖို့ပဲ ကြိုးစားနေရတယ်” ဟု မုံးထတာဝန်ကျ ဝန်ထမ်းတစ်ဦးက ဆိုသည်။
မုံးထမြို့နယ်ခွဲ စတင်ဖွင့်စဉ်က ဆရာဝန်ရှိသော်လည်း အစစအရာရာ ရှားပါးခက်ခဲသဖြင့် မည်သည့်ဆရာဝန်မျှ ရောက်မလာခြင်းကြောင့် ဆုံးပါးရသည့် လူနာများ တဖြည်းဖြည်း တိုးလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
“ဒေသခံတွေကတော့ ဆေးမရှိလို့၊ ရရာဆေးဝါးတွေ၊ အနည်းငယ်တတ်တဲ့ လူတွေနဲ့ပဲ ကုနေရတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်ရောက်လာဖို့ပဲ ဆုတောင်းနေရတယ်” ဟု ဒေသခံဦးကျတဲက ဆိုသည်။
မုံးထမြို့နယ်ခွဲသည် မိုင်းတုံမှ ၆၇ မိုင်ဝေးကွာသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာတွင် တည်ရှိပြီး အနီးဆုံး ကားလမ်းပေါက်သည့် နားကောင်းမူး ကျေးရွာနှင့် ၂၅ မိုင်ခန့် ကွာဝေးကြောင်း စုံစမ်းသိရှိရသည်။
မုံးထဆေးရုံအတွက် ဆေးဝါးများကို လေးလတစ်ကြိမ် ထောက်ပံ့ပို့ဆောင်ပေးလျက် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
No comments:
Post a Comment