
Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေး ထားသည့် တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေး ဖမ်းဆီးရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်များ၊ တရားမဝင် အလုပ်သမားများ နေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာ နေရာများတွင် ပြုလုပ်ရန် သြဂုတ်လ ၂၄ ရက်နေ့ က မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ကြောင်း ယင်းသတင်းဌာန တွင် ဖော်ပြသည်။
“တစ်နှစ်တစ်ခါ ရှင်းလင်းရေး လုပ်တာပါ။ အထောက်အထား မရှိတဲ့ သူတွေ ဆိုရင် အတတ်နိုင်ဆုံး အပြင် မထွက်တာ ကောင်းတယ်” ဟု ကွာလာလမ်ပူ မြို့တွင် ဈေးဆိုင် ဖွင့်ထားသူ ဦးဇော်ဇော်အောင် က ပြောကြားသည်။
မေလကုန်နှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မလေးရှားရောက် မြန်မာနိုင်ငံ သားများ အကြမ်းဖက် ခံရမှု ဖြစ်ပွားစဉ်ကလည်း အော်ပရာစီကို တစ်ကြိမ် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား တစ်ထောင်ထက် မနည်း ဖမ်းဆီးခံ ခဲ့ရသည်။
အော်ပရာစီ စစ်ဆင်ရေးတွင်း ရဲ၊ လဝက၊ ပြည်သူ့စစ်၊ စစ်တပ်နှင့် နိုင်ငံခြား လုပ်သားများ စီမံ ခန့်ခွဲရေး အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊ UN ကတ် တရားဝင် ရရှိထားသူများအတွက် UN မှ တာဝန် ရှိသူများ ပါဝင်သည်။
မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲခန့်ကို နိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
No comments:
Post a Comment