ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း အတည်ပြုထားတဲ့
အစီရင်ခံစာတစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ စုံစမ်းရေးမှူးတွေ တင်ပြခဲ့တဲ့ အဆိုပါအစီရင်ခံစာကို ဘန်ကီမွန်း ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က လက်ခံရရှိခဲ့ပြီး အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ တာ ဖြစ်ပါတယ်။
အဆိုပါ အစီရင်ခံစာအတွက် စုံစမ်းစစ်ဆေးရေးအတွက်ဟာ သြဂုတ်လ ၂၁ရက်နေ့က အခင်းဖြစ်ပွားခဲ့ရာ ဒမတ်စကပ်မြို့မှာ သွေးနဲ့ပတ်ဝန်းကျင်က နမူနာအပိုင်းအစများကို စုဆောင်းစစ်ဆေးခဲ့ပြီး တိုက်ခိုက်ခံရမှုမှာ အသက်ရှင်ကျန်ရစ် သူများ၊ မျက်မြင်သက်သေများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ စုံစမ်းရေးမှူးတွေဟာ စုဆောင်းရရှိတဲ့ သွေးနဲ့နမူနာ ပစ္စည်းတွေမှာ ဆာရင်ဓာတ်ငွေ့ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တိုက်ခိုက်မှုအတွက် အသုံးပြုခဲ့တဲ့ ဒုံးလက်နက်တွေဟာလည်း ဓာတုပစ္စည်းတွေကို သယ်ဆောင်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့ပေမယ့် အစီရင်ခံစာမှာ ဓာတုလက်နက်ကို မည်သည့်ဖက်က အသုံးပြုခဲ့တယ်ဆို တာကို တင်ပြထားခြင်းမပြုခဲ့ပေမယ့် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပမှ တာဝန်ရှိသူတွေကတော့ အစီရင်ခံစာနဲ့အတူ တွဲတင်လာတဲ့ ဓာတ်ပုံတွေအရ အသုံးပြုခဲ့တဲ့ ဒုံးကျည်တွေဟာ သမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ အစိုးရဖက်ကဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဓာတုလက်နက် အသုံးပြုခြင်းဟာ ရာဇ၀တ်မှုတစ်ခု ဖြစ်ေ ကြာင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

No comments:
Post a Comment