တနင်္လာနေ့မနက်မှာ ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်ရေတပ် အခြေစိုက်စခန်းအတွင်း သေနတ်နဲ့ ၀င်ရောက် ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ
သေနတ်သမားတစ်ဦး အပါအ၀င်လူ ၁၃ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမား ၂ဦးအနက် တစ်ဦးမှာ လွတ်မြောက်ဆဲဖြစ်ပြီး ပစ်ခတ်မှုမှာ ၀ါရှင်တန် ရေတပ်အခြေစိုက်စခန်း အတွင်းရှိ ရေကြောင်း ထိန်းချုပ် ရေးဗဟိုဋ္ဌာနချုပ်မှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အသေဖမ်းမိခဲ့တဲ့ သေနတ်သမားဟာ အသက် ၃၄နှစ်အရှယ်ရှိ အာရွန်အဲလက်စ်ဖြစ်ပြီး သူဟာ ၂၀၀၇ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ တက္ကဆက် အခြေစိုက် ရေတပ်စခန်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း FBI အတည်ပြုပြော ကြားခဲ့ပါ တယ်။ လွတ်မြောက်ဆဲ သေနတ်သမားတစ်ဦးကိုလည်း လိုက်လံဖမ်းဆီးဆဲဖြစ်ပြီး လူ ၁၃ဦး သေဆုံးခဲ့တဲ့ အဆိုပါဝမ်းနည်းဖွယ် ဖြစ်ရပ်အတွက် အာဏာပိုင်တွေက အမေရိကန်လွှတ်တော် အစည်းအဝေးတစ်ရပ် နဲ့ မေဂျာလိဂ် ဘေ့စ်ဘော ပွဲစဉ်တွေကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

No comments:
Post a Comment