Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 18 September 2013

အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် မီးတောင်ပေါက်ကွဲမှု


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ကာရိုဒေသမှာ မီးတောင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့တဲ့အတွက် လူပေါင်းခြောက်ထောင်ကျော်ကို
ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ  Sinabung မီးတောင်ဟာ ဆူမားတရား ကျွန်းဆွယ်မြောက်ပိုင်းမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပင်အထက် အမြင့်ပေ ၈၅၀၀ကျော်မှာ တည်ရှိပါတယ်။

အခုလို မီးတောင် ပေါက်ကွဲမှုကြောင့် နေအိမ်များ၊ ကားများမှာ ပြာများဖုံးလွှမ်းခဲ့သလို ပြာများကို ရှုရှိုက်မိတဲ့အတွက် လူငါးဦးမှာ အသက်ရှုလမ်းကြောင်းခက်ခဲမှုကို ခံစားနေရပြီး ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာ အင်ဒိုနီးရှား အစိုးရအနေနဲ့ ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးထားတဲ့ ပြည်သူ ၆၂၀၀ကျော်ကို (၈နေရာခွဲပြီး စားနပ်ရိက်္ခာတွေ ထောက်ပံ့ ပေးလျက်ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် အတွင်းကလည်း မီးတောင် ပေါက်ကွဲမှုအချို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့