အသက် ၂၀ရှိပြီ ဖြစ်တဲ့ နာမည်ကျော် အဆိုတော်မလေး Miley Cyrus ဟာ အသက် ၂၃နှစ် ရှိပြီဖြစ်တဲ့ သူမရဲ့ချစ်သူ
Hunger Games ဇာတ်ကားသရုပ်ဆောင် Liam Hemsworth နဲ့ လေးနှစ်ကြာတွဲခဲ့တဲ့ သံယောဇဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Miley Cyrus နဲ့ Liam Hemsworth တို့ဟာ သူမရဲ့ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ the last song ဇာတ်ကားမှာ အတူတူသရုပ်ဆောင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
သူမတို့ လမ်းခွဲခဲ့ရတဲ့ အကြောင်းရင်းကတော့ Liam Hemsworth ဟာ ပြီးခဲ့တဲ့ စနေနေ့က Las Vegas မှာ Maxico အဆိုတော်မင်းသမီး Eiza Gonzalez နဲ့ တွဲခုတ်ခဲ့တာကြောင့်လို့ နယူးယောက် ဒေးလီးသတင်းစာ က ဖော်ပြသွားပါ တယ်။ Miley Cyrus ဟာ သူမရဲ့ ချစ်သူကို Twitter စာမျက်နှာမှာ unfollow လုပ်ခဲ့ပြီး လက်ရှိမှာလည်း သူမဟာ မကြာခင်ထွက်ရှိတော့မယ့် သူမရဲ့ album အသစ် Bangerz မှာ ပါဝင်မယ့် Wrecking Ball ဗီဒီယိုကြောင့် ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရသူဖြစ်ကြောင်းလည်း သိရပါတယ်။

No comments:
Post a Comment