Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday, 10 August 2012
အစက ကြိုသိခဲ့ရင်
တင်း တောင် တင်း တောင်
အိမ်ရှေ့မှ လူခေါ်ဘဲသံကြောင့် ဇေယျ အမေဖြစ်သူ အသံလာရာဘက်သို့ ခြေဦးတည်လိုက်သည်
'' အန်တီ နေကောင်းလား ''
'' ဟယ် အာကာလေး နေကောင်းပါတယ်ကွယ် ဘယ်ကနေဘယ်လို ပေါက်ချလာတာလဲကွဲ့ '' ဇေယျ အမေဖြစ်သူ မေးလိုက်သော မေးခွန်းကြောင့်
'' ဟုတ် အာကာ ဒီနေ့ အပြင်သွားမလို့လေ အဲ့တာ ကားစက်နှိုးတာ နှိုးမရဘူး အာကာ ကားကို အာကာ မသုံးတော့ပဲ ဇေယျ ကို လိုက်ပို့ခိုင်းမလို့လေ အဲ့ကြောင့် ဇေယျကို လာခေါ်တာ ''
'' အော် အော် အာကာ သူငယ်ချင်း ဇေယျ က အခုချိန်ထိ အိပ်ရာက မထသေးဘူးကွဲ့ အန်တီလဲ သွားနှိုးဖို့ လုပ်နေတာ အိမ်ရှေ့က ဘဲတီးသံကြားလို့ ထွက်လာတာလေ ''
'' ဟင်းးးးးးးးးးးးးးအိပ်ပုတ်ကြီးလိုက်တာ '' အာကာ ပြောလိုက်သော စကားအဆုံးတွင်တော့
'' ဟုတ်တယ် အာကာရေ ကဲ ဒီတော့ အန်တီသွားမနှိုးတော့ဘူး အာကာပဲ အာကာသူငယ်ချင်း ကိုယ်တိုင် သွားနှိုးလိုက်တော့ အာကာလေးကော မနက်စာ စားပြီးခဲ့ပြီလား အန်တီ စီစဉ်လိုက်ရမလား ''
'' နေ နေ နေ အန်တီ အာကာ စားပြီးခဲ့ပြီ အာကာ ဇေယျကို သွားနှိုးလိုက်အုံးမယ် ''
'' အေး အေး အေး '' ပြန်ဖြေလိုက်သော စကားအဆုံးတွင်တော့ အာကာတစ်ယောက် ဇေယျ အခန်းရှိရာ အိမ်ရဲ့ အပေါ်ထပ်သို့ တက်သွားလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟဲ့ ဇေယျ '' ပြောလိုက်သော စကားနဲ့အတူ အာကာတစ်ယောက် ဇေယျ နဖူးပြင်လေးအား လက်ကလေးဖြင့် ရိုက်ပုတ်လိုက်လေသည်
ရုတ်တရက်လို့ လန့်သွားသော ဇေယျမှာတော့
'' ဟာ အာကာ နင်ဘာလာလုပ်ပြန်တာလဲ ဒီနေ့ကျောင်းမသွားရဘူးလေကွာ မိုးမလင်းသေးဘူးဟာ ငါအိပ်နေတာကို '' အိပ်ချင်မူးတူးအသံဖြင့် ဇေယျ တစ်ယောက် အာကာ အား ပြန်၍ပြောဆိုလိုက်သည်
'' ဘာ မိုးမလင်းသေးဘူးလဲ နာရီကိုလဲ ကြည့်အုံး ၁၀နာရီထိုးနေပြီ ထတော့ ထတော့ မြန်မြန်ထ '' ပြောဆိုလိုက်သော စကားနဲ့အတူ အာကာ တစ်ယောက် ဇေယျ ကို ဆွဲ၍ ထူနေလေသည်
'' ဟာ အာကာ ရာ နင်ကတော့ ငါ့ကို ဒုက္ခ ပေးပြန်ပြီ ငါအိပ်ရေးမဝသေးဘူးဟ ညက လိုင်းထိုင်ထားတာ မနက် ၆နာရီလောက်ကမှ အိပ်ဖြစ်တာ မနှောင်ယှက် စမ်းပါနဲ့ဟာ ''
'' နင်နော် နင်နော် မထသေးဘူးလား ငါစိတ်တိုလာပြီနော် ငါ အပြင်သွားမလို့ ငါ့ကားက ဘာဖြစ်မှန်းမသိဘူး နှိုးမရဘူးဖြစ်နေတယ် အဲ့တာ နင်လိုက်ပို့ပေးရမယ် ထပါတော့ ဟဲ့ ဇေယျရဲ့'' ပျော့ပျောင်းနူးညံသော လေသံနဲ့အတူ မိန်ကလေးဟန်ပန်ဖြင့် အာကာတစ်ယောက် ဇေယျအား ပြောဆိုလိုက်လေသည်
အာကာ ဆိုတဲ့ ကောင်လေးကတော့ မိန်းကလေးစိတ်ပေါက်နေတဲ့ ကောင်လေးတစ်ယောက်ပါ အာကာနဲ့ ဇေယျကတော့ ငယ်စဉ်ကလေးဘဝကနေ အခုချိန်ထိ ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ် အာကာကတော့ ဇေယျမပေါ် ဆိုးချင်တိုင်း ဆိုး နွဲ့ချင်တိုင်း နွဲ့ တဲ့ ကောင်လေးတစ်ယောက်ပေါ့ ဇေယျ ကတော့ အာကာအား ငယ်စဉ်ကလေးဘဝကနေ အခုချိန်ထိ သူ့အပေါ် မိန်းကလေးတစ်ယောက်လို နွဲ့စိုး ဆိုးတဲ့ အရာအားလုံးကိုလဲ မညည်းမညူပဲ အမြဲခွင့်လွတ်ပေးလေ့ရှိတယ် ဘာဖြစ်လို့လဲ ဆိုတော့ အာကာနဲ့ ဇေယျက ငယ်ငယ်ကလေးဘဝကနေ အခုချိန်ထိ ပေါင်းသင်းလာတဲ့ သံယောဇဉ် ကြောင့်ပါပဲ ဇေယျ ကတော့ အာကာအတွက် အမြဲတမ်းခွင့်လွတ်တက်တဲ့ သူတစ်ဦးပါ
'' ထပါတော့ ဟဲ့ ငါကျောင်းက ကောင်မတွေနဲ့ ချိန်းထားတာဟ မြန်မြန်ထတော့ စိတ်တိုလာပြီနော် '' ပြောဆိုလိုက်ပြီး ဇေယျ လက်ကလေးအား အာကာ အနည်းငယ် နာကျင်သွားအောင် ကိုက်ဆွဲလိုက်လေသည်
အားးးးးးအားးးးးးးးးးးးးးအားးးးးးးးးးးးသေပါပြီဗျ
'' နာလိုက်တာ အာကာရာ မင်းကတော့လေ ငါ့ကို ဘယ်အချိန်ထိ ဒုက္ခ ပေးနေအုံးမလဲတော့ မသိဘူး ကဲကဲကဲ ထပြီ ''
'' အစကတည်းက အဲ့လို ဖြစ်ရမှာ နင်က ထမှမထတာ အဲ့တော့ ငါက ကိုက်ဆွဲရတာပေါ့ စိတ်မဆိုးရဘူးနော် ငါသိပါတယ်ဟယ် နင်ကလိမ္မာပါတယ် ခိခိ''
'' အေးပါ ပေးထားအုံးပေါ့ ဒုက္ခ ကဲကဲ အပြင်က သွားစောင့်နေ ငါရေမိုးချိုး အဝတ်အစား လည်းပြီး ထွက်လာခဲ့မယ် ''
'' ဟုတ် ဟဲ့ သွားလေးဘာလေးလဲ တိုက်အုံးနော် ငါက ရွံ့ တက်တယ် '' ပြောဆိုလိုက်ပြီး ဇေယျအား မထိတထိ စနောက်၍ ခန္ဓာကိုယ်လေးအား နွဲ့နှောင်းစွာ လျှေက်လှမ်း၍ အခန်းအပြင်ဘက်သို့ အာကာ ထွက်ခွာသွားလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တီ တီ တီတီ တီတီ တီတီ
လက်ကိုက်ဖုန်းလေး မြည်လာသော အသံကြောင့် ဇေယျတစ်ယောက် ဖုန်းလေးအား ကိုင်လိုက်လေသည်
'' ဟယ်လို ''
'' မောင် မောင်အခုဘယ်မှာလဲဟင် ''
'' အော် မောင်လား မောင် အခု အာကာနဲ့ အပြင်မှာ သူ့ကားက ပျက်နေလို့ မောင်ကားနဲ့ သူစားချင်တဲ့ ဆိုင် သူသွားချင်တဲ့ နေရာ တွေ လိုက်ပို့ပေးနေရတာ ''
'' အော် ''
'' ဘာကိစ္စ ရှိလို့လဲဟင် ချစ် ''
'' ဘာမှတော့ မဟုတ်ပါဘူး ချစ်................ဆိုင်မှာ ကြေးအိုးသွားစားချင်လို့ အဲ့တာမောင်နဲ့လဲ ဆိုင်မထိုင်ဖြစ်တာ ကြာနေပြီ ဆိုတော့ ဆိုင်လေးဘာလေးထိုင် စကားလေးလဲ ပြောရင်းဆိုပြီး စားကြမယ်ဆိုပြီ စိတ်ကူးရလာလို့ ဖုန်းဆတ်လိုက်တာပါ ''
'' အော် အဲ့တာဆို မောင်လာခဲ့မယ်လေ ချစ် ခဏလေး စောင့်နေပေးပါလား ''
'' နေပါစေတော့ မောင် မောင် မှမအားတာ အာကာကိုလဲ ပြောလိုက်အုံး ကဲမနေနဲ့လို့ တွယ်တာ တို့ ကဲဖို့လဲ ချန်ထားအုံးလို့ပြောလိုက်အုံး ဒါပဲနော် မောင် '' ပြောဆိုလိုက်ပြီ ဇေယျချစ်သူ ဖြစ်တဲ့ တွယ်တာ ကတော့ ဖုန်းလေးအား ပိတ်လိုက်လေသည်
ဇေယျ တစ်ယောက်မှာတော့
ဟယ်လို ဟယ်လို ဟယ်လို
'' ဟဲ့ ဇေယျ ဘယ်သူ့ဆီက ဖုန်းလဲဟင် ''
'' ဘယ်သူ့ဆီကပဲ ဖြစ်ဖြစ်ပေါ့ ကွ '' ဇေယျပြောလိုက်သော စကားကြောင့်
'' တွယ်တာ ဆိုတဲ့ ကောင်မဆီကမလား သိပါတယ်နော် ဟင်း ကြည့်လို့ကိုမရဘူး အဲ့တွယ်တာမကို ဆတ်စလူးကိုထနေတာပဲ ''
အာကာကတော့ တွယ်တာ ဆိုတဲ့ မိန်းကလေးအား အမြင်မကြည်လင်ပါ အဘယ်ကြောင့်ဆိုသော တွယ်တာ ဆိုတဲ့ မိန်းကလေးက ဇေယျ ချစ်သူ ဖြစ်နေခြင်းကြောင့်ပါ ဇေယျအား ဘယ်မိန်းကလေး ဘယ်ကောင်မလေးနဲ့မှ စကားပြောဆိုခြင်းကို မကြိုက်နှစ်သတ်တာကတော့ အာကာတစ်ယောက်ပါပဲ တွယ်တာကို ချစ်သူအဖြစ် ထားရှိခြင်းကလဲ ဇေယျ နှုတ်ဖျားမှ အပျော်သဘောမျိုးနဲ့ ချစ်သူအဖြစ် ထားရှိခြင်းလို့ လိမ်လည်ပြောဆိုထားခြင်းကြောင့် အာကာက ဇေယျ အား ခွင့်လွတ်ပေးထားခြင်း ဖြစ်ပါသည်
'' အာကာ မင်းဒီနေ့ကော လည်ပတ်လို့ ပြီးအုံးမှာလား ဟင် '' ဇေယျမေးလိုက်သော မေးခွန်းကြောင့်
'' ဟယ် နင်ကလဲ အဲ့လို မမေးပါနဲ့ဟယ် ငါက နင်နဲ့ တူတူအပြင်တွေဘာတွေ ၂ယောက်ထဲ ထွက်ရတာ အရမ်းပျော်တာဟ '' မိန်းကလေး ဟန်ပန်ဖြင့် အာကာတစ်ယောက် ဇေယျအား ပြန်၍ ပြောဆိုလိုက်လေသည်
'' တော်ပါ အာကာရာ မင်းငါ့ကို အဲ့လိုပြောပြောပြီး ဟိုနေရာ လိုက်ပို့ပါအုံး ဒီနေရာလိုက်ပို့ပါအုံး ဟိုဟိုဒီဒီ တွေ လိုက်ပို့ခိုင်းတာလဲ ရေတွက်မနိုင်တော့ဘူး မင်းကသာ ပျော်နေတာ ငါ့မှာတော့ မင်းသွားချင်တဲ့ နေရာတွေ လိုက်ပို့ရလို့ ဒီမှာ ငါအသက်ထွက်တော့မယ်''
'' ဖက်ဖက်ဖက် လွဲပါစေ ပယ်ပါစေ ဘာတွေပြောနေတာလဲ ဟာ နင်ကလဲ နင်သေရင် ငါလဲ လိုက်သေမှာ ဒါပဲ ''
'' ဟုတ်ပါပြီ သွားစရာမကျန်တော့ဘူးမလား အဲ့တာဆို ပြန်ကျမယ် '' ဇေယျပြောလိုက်သော စကားကြောင့်
'' ဟယ် နေပါအုံးဟယ် နင်ကလဲ ဒီမှာကြည့် လေ လေးတွေကလဲ တိုက်ခတ် ကန်ရေပြင်ကြီးကလဲ ကြည့်ရတာ ကြည်နူးစရာ ဒီလို သဘာဝ အလှတရားကို ရောက်တုန်းရောက်ခိုက်လေးတော့ ခံစားလိုက်ပါရစေ ဇေယျရယ် ''
'' တော်ပြီ တော်ပြီ မင်းပဲ ခံစားတော့ ငါကတော့ ပြန်တော့မယ် '' ပြောဆိုလိုက်ပြီး ဇေယျတစ်ယောက် နေရာမှ ထွက်ခွာ သွားလေသည်
'' ဟဲ့ ဟဲ့ ဟဲ့ နေအုံးလေဟယ် ငါစောင့်အုံးလေ ဇေယျ ငါစောင့်အုံးလေဟာ '' အနောက်မှ ပြောဆိုနေပေမဲ့လဲ ဇေယျတစ်ယောက် အနောက်ဘက်သို့ လှည့်မကြည့် အရှေ့ကိုသာ ဆတ်၍ လျှောက်လှမ်းနေသည်
အလှမ်းမမှီသော အကွာအဝေးတစ်ခု သို့ ရောက်ရှိသွားသောကြောင့် အာကာတစ်ယောက် ဇေယျ ကို အမှီလိုက်ရန် သူ၏ပျော့ပျောင်းနေသော ခန္တာကိုယ် လေးအား လျှင်မြန်စေရန် ပြေးခိုင်းလိုက်လေသည်
အရင်လိုသော စိတ်ကြောင့် မြေပြင်ပေါ်မှ တည်ရှိနေသော ခဲလုံးလေးအား မမြင် အာကာတစ်ယောက် ထိုခဲလုံးလေးအား ခလုတ်တိုက်မိပြီး
အားးးးးးးးးးးးးးးးးးးးးးးးး
အနောက်မှ နာကျင်သော အသံမျိုးအား ဇေယျကြားမိလိုက်၍ အနောက်ဘက်သို့ ဇေယျလှမ်းကြည့်လိုက်သည် မြင်တွေ့လိုက်ရတာကတော့ အာကာတစ်ယောက် ခွေပြီးမြေပြင်ပေါ်မှာ ထိုင်လျှက် နှုတ်ဖျားမှလဲ
အအအအအအအ ဆိုသောစကားနဲ့အတူ အာကာလက်ကလေးကတော့ အာကာခြေထောက်လေးအား ကိုင်လျှက် တားဆီးလို့ မရသော အရာဖြစ်တဲ့ သွေးစက်ကလေးတွေကတော့ ထိခိုက်မှူဖြစ်ခဲ့သော နေရာလေးကနေ တိုးထွက်လျှက် ဇေယျ ရတ်တရက်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အာကာ အနားသို့ လျှင်မြန်စွာ အပြေးလေးသွားလိုက်သည်
'' ဟင့် ဟင့် ဟင့် ဟင့် '' အာကာ ငိုကြွေးနေမိသည်
'' တော်တော် လေးနာနေလားဟင် အာကာ ''
'' သွားးးးးးးးးးးးးလာမမေးနဲ့ အဲ့တာ နင့်ကြောင့် ဖြစ်တာ နင့်ကြောင့် အင်းဟာ အင်းဟာ '' အာကား လက်ကလေးကတော့ ဇေယျ ရင်ဘက်လေးသို့ ထုပုတ်လိုက်သည်
'' အေးပါဟာ ငါတောင်းပန်ပါတယ် ခြေသည်း လှန်သွားတာပဲဟ ငါဆေးထည့်ပေးမယ်နော် မငိုနဲ့တော့နော် ''
'' ငိုမှာပဲ ငိုမှာပဲ လာမပြောနဲ့ သွား ''
'' ဟားဟား ဟားဟား '' ဇေယျ ရယ်မော မိလိုက်သည် ရယ်မောရင်နှုတ်ဖျားမှ စကားတစ်ခွန်းအားပြောဆိုလိုက်လေသည်
'' ငို တာကလဲ လှလဲ မလှဘူး ဟားဟား '' အာကာအား စသလိုနောက်သလို ပြောဆိုလိုက်လေသည်
'' နင်နော် ငါဒီထက် အသံကျယ်ကျယ် အော်ငို လိုက်မှာနော် ဟင့်ဟင့်ဟင့် နာပါတယ်ဆိုမှ ''
'' ကဲပါ လာလာလာ '' ပြောဆိုလိုက်သော စကားနဲ့အတူ အာကာ အားဇေယျ တွဲပြီး ကားရှိရာ အရပ်ဘက်သို့ ခေါ်ဆောင်သွားလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပန်းပေါင်းစုံ ဖူးပွင့်နေတဲ့ ပန်းခြံကြီးကတော့ ပန်းအလှတွေနဲ့ တင့်တယ်ပြီး စိမ်းလန်စိုပြေနေသည် ပန်းခြံထဲရှိ ၂ယောက်ထိုင် ခုံတန်းလေးတစ်ခုမှာတော့ တစ်ယောက်သော သူက နေရာယူလျှက် သူကတော့ တွယ်တာ ဆိုတဲ့ မိန်းကလေးပင် ဖြစ်လေသည်
ပန်းရဲ့ အလှတရားတွေကို ခံစားပြီး ပန်းရနံ့လေးတွေကို ရှူရှိုက်ရင်း ချစ်သူ ဇေယျ အလာအား စောင့်မျှော နေလျှက် အချိန်အနည်းငယ် လေးအတွင်းမှာတော့ တွယ်တာချစ်သူ ဖြစ်တဲ့ ဇေယျ ရောက်ရှိလို့ လာခဲ့လေသည်
'' မောင် နည်းနည်း နောက်ကျသွားတယ် တွယ်တာ မောင် တောင်းပန်ပါတယ် '' ဇေယျ တစ်ယောက် ချစ်သူဖြစ်တဲ့ တွယ်တာဆိုတဲ့မိန်းကလေးအား တောင်းပန်စကားပြောဆိုလို့အပြီးတွင်တော့
'' ရပါတယ် မောင် တွယ်တာ က မောင် မလာတော့ဘူးထင်နေတာ ''
'' ကိုယ် ချစ်သူ က ချိန်းထားတာပဲ မလာလို့ ရမလား တွယ်တာရ '' ပြောဆိုလိုက်သော စကားနဲ့အတူ သေးသွယ်ပြီး လှပတဲ့ တွယ်တာ ခန္တာကိုယ်လေးအား ဇေယျ ပွေ့ပိုက်လိုက်လေသည်
'' ဟာ မောင် နော် လူတွေ နဲ့ ရှက်စရာကြီး လွတ် ''
'' မလွတ်ပါဘူး မောင်ကို ဘယ်လောက်ထိချစ်တာလဲပြော ''
'' ဟာ မောင်နော် မေးတိုင်းလဲ ဖြေနေတာကို ဂယ်ပဲ မောင့်ထက် ပိုချစ်တယ် လွတ်တော့နော် လူတွေနဲ့ '' တွယ်တာပြောလိုက်သော စကားကြောင့် ဇေယျ တွယ်တာအား ပွေ့ပိုက်ထားသော လက်များအား ရုတ်သိမ်းပေးလိုက်လေသည်
'' မောင်နော် ကိုယ်ချစ်သူ ကိုလဲ သတိလေးဘာလေးလဲ ရရဲ့လား နည်းနည်းဖြင့် အာကာသွားချင်တဲ့ နေရာတွေကိုပဲ လိုက်လိုက်ပို့ပို့ပေးနေတာ တွယ်တာက မောင် ချစ်သူဆိုတာလဲ အမှတ်ရပါအုံး''
'' အမှတ်ရတာပေါ့ အချိန်တိုင်း သတိမရပေမဲ့ သတိရတဲ့ အချိန်တွေကတော့ တွယ်တာကိုပါပဲ ''
'' သွားပါ အပိုတွေ လာပြောမနေနဲ့ '' တွယ်တာပြောလိုက်သော စကားကြောင့်
'' တကယ်ပြောတာပါ မောင် အာကာနဲ့ တူတူသွား တူတူစား တာကလဲ အာကာက မောင်နဲ့ ငယ်စဉ်ကလေးဘဝကတည်းကပေါင်းသင်းလာတာလေ အဲ့ကြောင့်မို့ပါ မောင့်ကို စိတ်မဆိုးပါနဲ့နော် ''
'' တွယ်တာ မောင့်ကို စိတ်မဆိုးပါဘူး မောင်နဲ့ အာကာနဲ့က ငယ်ငယ်ကတည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေမလို့ ခွင့်လွတ်ပေးတာနော် ဟင်း တခြားသူဆိုရင် မောင့်ကို သေခန်းပျက်ပဲ''
'' အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ ဗျာ ကျွန်တော် မခံစားရသေးလို့ပါ ''
'' တွယ်တာ မောင့်ကို ဒီနေရာချိန်းလိုက်တာ တွယ်တာ မောင့်ကိုပြောစရာရှိလို့ '' တွယ်တာပြောလိုက်သော စကားကြောင့် ဇေယျ
'' ပြောလေ တွယ်တာ မောင်နားထောင်ပေးမှာပေါ့ ''
'' မောင် နဲ့ တွယ်တာတို့ စေ့စပ်ထားရအောင်လားဟင် '' တွယ်တာ ပြောလိုက်သော စကားကြောင့်
'' ကောင်းတာပေါ့ မောင်လဲ အဲ့စကားတွယ်တာကိုပြောမလို့ပဲ တွယ်တာလဲ တွယ်တာ အိမ်ကိုဖွင့်ပြောပြထားလေ မောင်လဲ မောင့်မိဘတွေကို ပြောပြထားမယ် ''
'' တွယ်တာက ဒယ်ဒီနဲ့ မာမီကို ဖွင့်ပြောပြီးပြီ ''
'' ဟုတ်လား ဒါဆိုကောင်းတာပေါ့ မောင်တို့ အခုလောလောဆယ် စေ့စပ်ထားမယ် ကျောင်းပြီးတာနဲ့ လက်ထပ်ကျမယ် အင်းးးးးးးးးးးးးးးးးးးပြီးရင် ပြီးရင် ''
'' ပြီးရင် ပြီးရင် ဘာဖြစ်တာလဲ မောင်နော် မညစ်ပတ်နဲ့''
'' မညစ်ပတ်ပါဘူး ပြီးရင် သားသားမီးမီးလေးတွေ မွေးကျမယ် ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်ကျမယ်လို့ပြောတာပါ ''
'' သွား အရမ်းဆိုးတာပဲ ''
'' အဲ့လိုလေးတွေပြောတာကိုက တွယ်တာက ချစ်ဖို့ကောင်းတာ '' ပြောလိုက်သော စကားနဲ့အတူ တွယ်တာအား ရင်ခွင်လေးထဲ ထည့်ပြီး ပွေ့ပိုက်လိုက်လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' နင် နင် နင် နင် နောက်နေတာ မလား ဇေယျ '' ဝမ်းနည်းမှူအသံအား မိန်းကလေးဟန်ပန်ဖြင့် အာကာပြောပြီးမေးလိုက်မိသည်
'' ငါ နောက်နေတာ မဟုတ်ဘူး အာကာ ငါနဲ့ တွယ်တာ စေ့စပ်တော့မှာ စေ့စပ်ပြီးသွားရင် မင်းနဲ့ငါ အရင်လို နေထိုင်လို့ မဖြစ်တော့ဘူး ''
'' ဟင့်အင် ဟင့်အင် မစေ့စပ်ရပါဘူး နင်ပြောတော့ တွယ်တာကို အပျော်ချစ်သူအဖြစ် ထားခဲ့တာဆို အခုနင်က ဘာဖြစ်လို့ သူနဲ့စေ့စပ်တာလဲ '' အာကာ ပြောဆိုလိုက်သော စကားတွေ ထဲမှာတော့ ငိုသံလေးတွေပါလျှက် မျက်လုံးထဲမှ လဲ မျက်ရည်များ စီးကျလာခဲ့သည်
'' အဲ့တုန်းက အပျော်တမ်း ချစ်သူအဖြစ်ထားခဲ့တာလို့ပြောတာက ငါ မင်းကို လိမ်ညာခဲ့တာပါ မင်းစိတ်မကောင်းဖြစ်မှာကြောင့်လို့ လိမ်ညာမိခဲ့တာပါ ငါ့ကိုစိတ်မဆိုးပါနဲ့ ''
'' ဟင့် ဟင့် ဟင့် မစေ့စပ်ရပါဘူး နင်က တွယ်တာမ နဲ့ စေ့စပ်ပြီး လက်ထပ်ပြီးရင် ငါ့ကို အရင်လို ချစ်တော့မှာ မဟုတ်ဘူး ဟင့်ဟင့်ဟင့် ''
'' အာကာ မင်းကို ငါသိအောင်ပြောလိုက်မယ် မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေပါ တွယ်တာဆိုတဲ့ ကောင်မလေးက ငါ့ချစ်သူပါ မင်းနဲက တွယ်တာက မတူဘူးလေ ငါ့ဘက်ကမင်းကို သူငယ်ချင်းအဆင့်ပဲ ထားခဲ့တာပါ မင်းဘက်ကသာ ငါ့ကို ငါ့ '' ဇေယျ ရှေ့သို့ ဆတ်ပြောမည့် စကားလုံးများအား ထစ်ငေါ့နေမိသည်
'' ဟုတ်ပါတယ် နင်ပြောချင်တာက ငါ့ဘက်က နင့်ကို သူငယ်ချင်းထက် ပိုခဲ့တယ် ဆိုတာမလား ဟင့်ဟင့်ဟင့် ''
'' မင်းကို အဲ့ကြောင့်ငါပြောတာပေါ့ မင်းကို ကျားကျားယားယား နေပါလို့ မင်းဘက်က ပြုပြင်ပြောင်းလဲမှူမှ မရှိတာ မင်းအတွက်နဲ့လဲ ငါက သူများတွေပြောဆိုမှူတွေ ကဲ့ရဲ့မှူတွေကိုလဲ ခါးသီးခံခဲ့တယ် ဒါပေမဲ့ မင်းကို ငယ်ငယ်ကတည်းက ပေါင်းသင်းလာတဲ့ သံယောဇဉ်ကြောင့် အရာအားလုံးကို ခွင့်လွတ်ပေးခဲ့တယ် အခုတော့ ငါ့မှာ ချစ်နေရတဲ့သူရှိနေပြီ လက်ထပ်ရမဲ့သူလဲရှိနေပြီ ''
'' အို...............မပြောပါနဲ့တော့ ဇေယျ ရယ် ငါမကြားချင်တော့လို့ပါ မပြောပါနဲ့တော့ ''
'' အေး မင်းဘက်က ပြုပြင်ပြောင်းလဲ မှူလေးတွေ ရှိခဲ့မယ် ဆိုရင်တော့ မင်းနဲ့ငါ သူငယ်ချင်းအဖြစ် ဆတ်လတ် ခင်မင်သွားမယ် ပြောင်းလဲမှူတွေ မရှိလာဘူးဆိုရင်တော့ မင်းနဲ့ငါ သူငယ်ချင်း အဖြစ် သူငယ်ချင်း ဏ္ဍကနေ ပြီးပျက်သွားပြီလို့ သတ်မှတ်လိုက်ပါ ငါသွားတော့မယ် မင်းနဲ့ပတ်သတ်ပြီး ငါသူများအပြောအဆိုတွေကို မခံချင်တော့ဘူး မင်း နဲ့ငါ ဘီယာဆိုင်မှာ ဘီယာတူတူသောက်ချင်တယ် ကလပ်တွေကိုလဲ တူတူတက်ချင်တယ် စစ်မှန်တဲ့ယောကျာ်း တစ်ယောက်ပုံစံနဲ့ '' ပြောဆိုပြီး ဇေယျ အာကာရှိတဲ့ နေရာလေးမှ ထွက်ခွာသွားသေသည်
'' ဇေယျ ဇေယျ ဇေယျ ဟင့်ဟင့်ဟင့်ဟီးဟီးဟီး '' အာကာတစ်ယောက် နေရာလေးမှာပင် ငိုကြွေး၍သာကျန်ရှိခဲ့လေတော့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဗျာ '' ဇေယျ တစ်ယောက် အံသြမှူတစ်ခုကို ကြားမိလိုက်လေသည်
'' ဟုတ်တယ် သား အာကာ အိပ်ဆေးတွေ သောက်ပြီး သူ့ကိုသူ အဆုံးစီစဉ်သွားပြီ အာကာအမေ မေမေဆီ ဖုန်းဆတ်အကြောင်းကြားလို့ မေမေလဲ သိရတာ ''
'' မဖြစ်ဘူး မဖြစ်ဘူး အာကာသေလို့ မဖြစ်ဘူး '' ပြောဆိုလိုက်သော စကား အဆုံးတွင်တော့ ဇေယျတစ်ယောက် လျှင်မြန်စွာပင် သူ၏ကား ရှိရာသို့ ထွက်ခွာသွားလေသည်
'' ဟဲ့ သား ဘယ်သွားအုံးမလို့လဲ '' အမေဖြစ်သူ မေးသောလဲ ဇေယျတစ်ယောက် ပြန်ဖြေနိုင်စွမ်း မရှိ လျှင်မြန်စွာပင် ကားလေးအား အိမ်ခြံထဲမှ မောင်းထွက်သွားလေတော့သည်
ဇေယျ ကားဦးတည်ရာအရပ် ကတော့ အာကာ တို့အိမ်ကိုပင် ဖြစ်သည် အာကာအားတွေ့ချင်သောစိတ် ပူပင်စိုးရိမ်စိတ်ဖြင့် မောင်းနှင်လာတဲ့ ကားရဲ့အရှိန် အဟုန်ကိုတော့ နှေးကွေးနေသည်လို့ပင် ဇေယျ ထင်မိနေလေသည်
မကြာခင် အချိန်လေးမှာပဲ ဇေယျ အာကာ အိမ်သို့ ရောက်ရှိသွားလေသည် အိမ်ထဲဝင်လိုက်ပြီးဆိုတာနဲ့ပင် အာကာ အမေ၏ငိုသံအား ဇေယျ ကြားမိလိုက်လေသည်
'' ဟီးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးး ရဲ့ မာမီ ဘယ်လို ဖြေသိမ့်ရပါ့မလဲ''
ဇေယျမြင်တွေ့လိုက်တာကတော့ အာကာတစ်ယောက် သူ၏ အိပ်ခန်း ကုတင်ပေါ်တွင် မျက်လုံးအားပိတ်လျှက်
အာကာ အာကာ အာကာ နှုတ်ဖျားမှ အာကာ နာမည်လေးအား ခေါ်ဆို မိလိုက်လေသည်
သေချာတာ တစ်ခုကတော့ အာကာ ဇေယျခေါ်ဆိုခြင်းအားကြားမည်မဟုတ်
မင်း မင်း မင်း ဘာလို့ အခုလို လောကကြီးထဲကနေ ထွက်ခွာသွားရတာလဲ ကွာ မင်းထွက်သွားရင် ငါ ဘာလိုခံစားရမယ် ဆိုတာ မင်းမသိဘူးလား
အဟ အဟဟဟအဟားဟား
ဇေယျ တစ်ယောက် အသက်မဲ့နေသော အာကာ ခန္တာကိုယ်လေးအား ပွေ့ပိုက်ပြီး ငိုကြွေးမိခဲ့လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်တာနဲ့ ဖြူစင်တဲ့ တိမ်တိုက်လေးတွေနဲ့ အတူ မိုးကောင်းကင်ကြီးက လှပလျှက်
အာကာ ခန္တာကိုယ်အား မီးရှို့လိုက်သော မီးခိုးငွေ့တွေကတော့ ကောင်းကင်ပေါ်တွင် နေရာယူလျှက်
ဇေယျ မျက်လုံးထဲမှ မျက်ရည်များကတော့ တားဆီးလို့မရ ဝမ်းနည်းမှူတွေ ကြေကွဲမှူတွေနဲ့အတူ ကျဆင်းလာခဲ့သည် ဇေယျ ဘေးနားမှာတော့
'' မောင် စိတ်မကောင်းဖြစ်မိမယ်ဆိုတာ တွယ်တာ သိပါတယ် '' ပြောလိုက်သော စကားနဲ့အတူ ကျဆင်းလာသော ဇေယျ မျက်ရည်လေးများအား တွယ်တာ သုတ်ပေးလိုက်လေသည်
'' တွယ်တာလဲ မောင် လို စိတ်မကောင်းဖြစ်မိပါတယ် မျက်ရည်ကျနေမဲ့ အစား တွယ်တာ တို့ မောင်တို့က အာကာအတွက် ကုသိုလ်ကောင်းမှူလေးတွေ လုပ်ပေးတာက ပိုကောင်းမယ်ထင်ပါတယ် ''
'' မောင် နားလည်ပါတယ် အာကာရဲ့ နောက်ဆုံးအချိန်လေးမှာ မောင် ပြောချင်တဲ့ စကားလေးကို မောင်မပြောပြလိုက်ရလို့ မောင်ဝမ်းနည်းမိနေတာပါ ''
အစကကြိုသိခဲ့ရင် အာကာ ဒီလိုဖြစ်သွားမယ်လို့ ကျွန်တော်သိခဲ့ရင် ကျွန်တော်လေ အာကာကို နာကျင်မဲ့စကားတွေပြောမိမှာ မဟုတ်ဘူးဆိုတာတော့ အမှန်ပါ
နားလည်သွားပါပြီ အာကာလို မိန်းကလေးစိတ် မိန်းကလေးအမူအရာ မိန်းကလေးဟန်ပန်နဲ့ ပြောဆို တက်တဲ့ ကောင်လေးတွေက သာမန် မိန်းကလေးတွေလို ချစ်တက်တဲ့နှလုံးသား ခံစားတက်တဲ့ နှလုံးသားရှိတယ် ဆိုတာ ကျွန်တော် နားလည်သွားပါပြီ
ကျွန်တော် နားလည်သဘောပေါက်တဲ့ အချိန်မှာတော့ အာကာ ကတော့ ကျွန်တော်ဘေးနားတွင် မရှိတော့ပါ တိတ်တစိတ် လောကကြီးထဲကနေ ထွက်ခွာသွားပါပြီ
အာကာ အာကာ အာကာ သူ၏နာမည်အား ဇေယျဆိုတဲ့ ကျွန်တော် လှမ်းအော်ခေါ်နေမိတော့သည်
အာကာရယ် မင်းငါ့ကို ချစ်ခဲ့သလို ငါလဲ မင်းကို ????????????????
ဇေယျ ဆတ်ပြောမည့် စကားလေးအား စာဖတ်ပရိတ်သတ်ကြီးသိရင် ပြောပြပေးပါလား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရွှင်လန်းချမ်းမြေ့ကျပါစေ
ကြိုးစားပါအုံးမည်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
August
(754)
- : လွဲနေတာတွေတည့်လိုက်ပါ
- ပစ်တိုင်းထောင်
- ဒါမျိုးတွေလည်းဖြစ်တတ်တယ်
- အာဃာတမိုးတိမ်
- နှင်းရိုင်းည
- ဆောင်းတီးတဲ့မောင်
- ခေတ်ကာလဖခင်
- ဘာမီတွန်
- အပြင်လူမဝင်ရ
- သတင်းတိုများ
- ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တ...
- အခုနှစ် အတွက် အထည်ချုပ် လုပ်ငန်း ကျဆင်း
- တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ...
- » ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခ...
- လက်ပန်းတောင်း တောင်သူများ ဆက်လက်ဆန္ဒပြ
- Android OS သုံး Applications, Themes, Games, Wallp...
- Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများ စ...
- Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ...
- မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်...
- ဟာရီကိန်း Isaac အမေရိကန်ပြည်နယ်တွေ ဝင်မွှေ
- » မြန်မာခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အေ...
- ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေ...
- » မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အနုပညာ အရည်အချင်းအရ ရေ...
- နေပြည်တော် ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး
- ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအ...
- ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
- » သုံးရက်အတွင်း ပြည်ထောင်စု အဆင့် ရာထူး (၃၀) အပြော...
- မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်
- ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင...
- လိပ်ပြာလေးအပျံသင်
- ထွေရာလေးပါး....
- ဂေါက်သီးလည်းရိုက် မိချောင်းလည်း သတိထား...
- ဟာသ
- သတင်းတိုများ
- ၁၃-၃၁ Starring : ရဲတိုက်
- နာမည်ပျက်စာရင်းက ပယ်ဖျက်လိုက်သည့် လူ ၂၀၀၀ ကျော်ကို...
- » တောင်ငူမြို့ရေကြီးမှု တလကျော်ကြာသည့်တိုင် ရေမကျသေး
- သာပေါင်းမြို့ရေပြန်ကျ၊ လယ်ပြန်စိုက်ဖို့ပြင်
- သတင်းလွတ်လပ်ခွင့်အရေး မီဒီယာအဖွဲ့များနှင့် လွှတ်ေ...
- ရှားတောပြည်သူ့ဆေးရုံ ဆရာဝန်မရှိ
- နယူးအောလင်းကို မုန်တိုင်း ဦးတည်
- သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို
- » အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်း၏ ခြေလှမ်းများ
- » မြိတ်မြို့တွင် အလှဖန်တီးရှင် အခြောက်မှ ၁၉နှစ် အရ...
- တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး
- » HIV ထိန်းချုပ်ဆေးသစ်တမျိုးအား အမေရိကန် FDA မှခွင...
- ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက...
- ကလေးစစ်သား ၄၂ ယောက် မိသားစုထံ ပြန်လည်အပ်နှံမည်
- ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်...
- » ဒုသမ္မတအသစ်၏ ကိုယ်ရေးအကျဉ်း
- Flash Song တွေကိုဒေါင်းပြီး Mp3, Mp4 ပြုလုပ်လိုသူေ...
- သူသိပါစေ
- မမေ့ရက်နိုင်ပါ....
- ဂဏန်းတစ်ချို့ရဲ့...ထူးခြားမှုလေးတွေတင်ပြချက်
- ချစ်သူရဲ့...စိတ်ကုန်ခြင်း...မခံရလေအောင်
- အနီရောင်နှင်းဆီ အနီရောင်နှင်းဆီက ချစ်ခြင်းမေတ္တာတရာ...
- ..အချစ်ကြီးသူ...
- ..ထပ်မဝေးချင်ဘူး..
- ဒီမနက်တိုင်း လွမ်းတက်နေခဲ့ပြီ မောင်ရေ.....
- သင်စိတ်မ၀င်စားသော - သင့်ဘ၀ရဲ့အချိန်
- လောကဓံ တရား ရှစ်ပြား ရှိလေသည်.. သို့သော်..လူဆိုသည်မှာ
- ဆရာကြီး စံဇာဏီဘို၏ ၂၃-၈-၂၀၁၂ မှ ၂၉-၈-၂၀၁၂ အတွင်း အ...
- အဆုံးမသတ်အလွမ်း
- ♥♥ချစ်စကားပါးပေးပါ♥♥
- **မချစ်တတ်သော"လူ"နဲ့  အချစ်ငတ်သော"သူ"**
- ရီစရာ ဟာသလေးများ
- ရယ်ပေးကြပါဦးနော်......
- ချစ်ခရီးလမ်းသာယာဖို့ စိတ်ဆိုးစိတ်ကောက်တတ်တဲ့  ချစ်...
- “အချစ်အတွက်”
- (((((( ခိုဝဲမျက်ရည် စိုပလေ့စေ ))))))
- ..မင်းမသိပါစေနဲ့ ..
- ရီစရာ ဟာသလေးများ
- ♥♥♥သင်သာ သူ့ကိုတကယ်ချစ်တယ်ဆိုရင်♥♥♥
- ***ကျန်ရစ်ခဲ့သော အလွမ်းများ ***
- ဟုတ်တော့..ဟုတ်သား
- အနှိုင်းမဲ့မေတ္တာရှင်
- နင့်ကို ချစ်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်
- ကျိန်စာလွတ်တဲ့ နေ၀င်ချိန်
- နောက်တယောက်မရှိနိုင်ဘူး
- မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း
- သင့်ရဲ့မျက်နှာပေါ်မှ မှဲ့တွေကပြောပြမဲ့ တခုခြင်းစီရဲ...
- flash song ကိုယ်တိုင်လုပ်လိုသူများ လိုအပ်တဲ့ Softw...
- သင်ဘာသွေးအမျိုးအစားလဲ ?
- ရယ်စရာ.
- မရယ် ရရင် ငွေပြန်အမ်းမယ်.........
- ♦♦♦! ကြောက်မက်ဖွယ်ရာ ထင်ပေါ်လာသော ၀ိဥာဉ်ပုံရိပ်များ...
- (City FM 10 Anniversary - Mp3 Download)
- (ရတနာမိုင် - Mp3 Song Download)
- ရွှေဥဒေါင်းစာအုပ်လင့်များ
- iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း
- သတင်းတိုများ
- » အမျိုးသားလွှတ်တော်က ခုံရုံးအားစွပ်စွဲပြစ်တင်သောအဆ...
- » EXAM PARTY များတွင် SEXY DANCE ထည့်သွင်းလာ၍ မိဘမ...
- » အာဆီယံလမ်းမကြီးဖြတ်သန်းမည့် နောင်ချိုအိမ်ခြံမြေေ...
- ဦးခေါင်းတစ်ခုစာ အသားပိုပါလာသော ကလေးငယ်တစ်ဦး ရန်ကုန...
- » ဆိုင်ကယ် ၆ စီး … လူ တစ် ယောက်
- တောင်ကြီးမြို့ မှာ ၁၀ တန်းကျောင်းသားလေး အုပ်စုဖွဲ့...
- » ခုံရုံးကို စွပ်စွဲပြစ်တင်သည့် အဆိုဆွေးနွေးမှုအခြေအနေ
- » မိတ္ထီလာတွင် စက်သုံးဆီဆိုင် မြို့ပြင်ပြောင်းရွှေ့ေ...
- Burmese TV Update 08-28-12
-
▼
August
(754)
No comments:
Post a Comment