~~မြန်မာပြည်သားဟေ့ ... မြန်မာပြည်သား~~
မိန်းမ။ ။ လက်စသတ်တော့ ကျန်းမာရေးအကြောင်းပြပြီး
ငမ်းကြောထနေတာပေါ့လေ...
မိန်းမ။ ။ လက်စသတ်တော့ ကျန်းမာရေးအကြောင်းပြပြီး
ငမ်းကြောထနေတာပေါ့လေ...
ခင်ပွန်း။ ။ တို့နိုင်ငံမှာ နှောက်နှစ်ကျရင် ဆီးဂိမ်းပြိုင်ပွဲတွေ
ကျင်းပတော့မှာလည်း သိရဲ့သားနဲ့ကွာ...
မိန်းမ။ ။ အဲ့ဒါဘာဖြစ်လဲ။ ရှင့် အရွယ်နဲ့ ၀င်ပြိုင်ချင်သေးလို့လား...
ခင်ပွန်း။ ။ ဟုတ်ပါဘူး မိန်းမရာ၊ အဲဒီကျရင် ကျန်းမာဖြတ်လတ်
စွာနဲ့ အားပေးနိုင်ဖို့ စိတ်ကျန်းမာရေး လုပ်နေတာကွ...
မိန်းမ။ ။ ဟွန့်.....အိမ်ကျမှ သိကြသေးတာပေါ့...
~~၀င်ငွေမဖြောင့်တော့ဘူးလို့ ဆိုချင်တာလာကွယ်~~
ကားစပယ်ယာ ဇနီးမောင်နှံ အဖြစ်ကား....
မိန်းမ။ ။ i pay ကတ်ကို ၀န်ထမ်းမလိုပဲ ခရီးသည်ကိုယ်တိုင်
ငွေဖြတ်နိုင်ဖို့ စီစဉ်မယ်တဲ့ရှင်...
ခင်ပွန်း။ ။ အဲဒါ ဘာဖြစ်လဲ..
မိန်းမ။ ။ ဘာဖြစ်ရမှာလဲ ၊ တခြားအလုပ်တစ်ခု ရှာပေတော့..
ခင်ပွန်း။ ။ မင်းကလည်း နုံရန်ကော ၊ ၀န်ထမ်းမလိုဘဲဆိုတာ
စပယ်ယာ ဒါမှမဟုတ် ၀န်ထမ်းရှေ့မှာ ကတ်ကို
ခရီးသည်ကိုယ်တိုင် ရိုက်ဖို့ပါကွ..
မိန်းမ။ ။ ရှင်ကမှ နုံတာအစစ်၊ ကားခကို ရှင်ကိုယ်တိုင်
မကောက်ရတော့လို့ ပြောတာရှင့်..
ခင်ပွန်း။ ။ အန်..
~~အလှုကြီး~~
သူငယ်ချင်းနှစ်ယောက်လမ်းတွင် တွေ့ဆုံရာ....
``ခုလိုမျိုးပြေလည်ရင် အလှုကြီးပေးမယ်ဆို..သူငယ်ချင်း``
``အခုထက် ပိုပြီးတော့ ပြေလည်လာခဲ့ရင် တစ်ကယ့်ကို
အလှုကြီး လုပ်မှာပါဗျာ...``
~~ဘယ်တော့လောက်~~
``မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်တယ်ဗျ..``
`` ဘယ်တော့လောက် ပြန်ဟပ်မှာလဲဟင်...``
No comments:
Post a Comment