ခြေနင်းဖက်မှာလား….
စင်ပေါ်မှာလား….
ရေဗုံးထဲမှာလား…
ဖက်ရွက်ပေါ်မှာလား….
စင်ပေါ်မှာလား….
ရေဗုံးထဲမှာလား…
ဖက်ရွက်ပေါ်မှာလား….
ဘယ်မှာပဲဖြစ်ဖြစ်…
ဘုရားတင်တော့ ဘုရားပန်း
ဧည့်ခန်းထားတော့ အလှပန်း
သေသူအတွက်တော့ လွမ်းသူ့ပန်း
ဘုရားတင်တော့ ဘုရားပန်း
ဧည့်ခန်းထားတော့ အလှပန်း
သေသူအတွက်တော့ လွမ်းသူ့ပန်း
အရောင် နဲ့ ရနံ့ တူနေပေမဲ့
ကံမတူလို့ များကွဲလေသလား….
ကံမတူလို့ များကွဲလေသလား….
ရင်မှာမှတ်လို့ ပြုံးမိရင်း…
မေမေစကား သတိရတယ်
မိန်းမသားဆိုသည်မှာ...
မေမေစကား သတိရတယ်
မိန်းမသားဆိုသည်မှာ...
ဘုရင်နဲ့ ညားတော့ မိဖုရား….
ကယ်ပါနဲ့ ညားတော့ သူတောင်းစား….တဲ့
ကယ်ပါနဲ့ ညားတော့ သူတောင်းစား….တဲ့
ဒါပေမဲ့ သေချာတာက
ဘုရားပန်းလည်း ညှိုးမှာပဲ ဘုရင်မလည်း သေမှာဘဲ
ဘုရားပန်းလည်း ညှိုးမှာပဲ ဘုရင်မလည်း သေမှာဘဲ
*ရင်ထဲက မှန်ကလေး*
No comments:
Post a Comment